အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)
Thursday, May 31, 2012
“မေ့မရတဲ့သူတို့အကြောင်း(၂)”
လဟယ်မြို့အရောက် ကြိုဆိုနေကြသော နာဂတိုင်းရင်းသူများနှင့်
လဟယ်မြို့မှ မိမိကျေးရွာသို့ အသွားလမ်းတနေရာ၌
လဟယ်မြို့သို့ ရဟတ်ယာဉ်ဖြင့်သွားခဲ့ရသည်
ဤသို့ အ၀တ်မ၀တ်ပဲ မိမိမရောက်ခင်နေထိုင်ကြသည်
တောင်ယာတောတွင် ဤသို့ ဘိန်းများ စိုက်လို့
မိမိရွာ၌ ဤသို့ စည်းရုံးရေးအဖြစ်ဝန်ထမ်းများလာ၍ ဗွီဒီယိုများပြသ ဆေးဝါးများပေးလျှက်
ဒီလို သူတို့ဝတ်ဆင်ရန် မိမွေးရာများဖုံးလွှမ်းနိုင်စေရန်
တောင်ယာတောတွင် အမှတ်တရ ရောက်ရှိခဲ့သည်
တခါတရံမထင်မှတ်ပဲ ဤသို့ မိုးသားတိမ်လိပ်များဖြင့် မိမိရွာကိုပင်မမြင်ရတော့
သူကတော့ ခန္တီးမြို့နေဘူးသည်မို့ မြန်မာစကားပေါက်တယ်
ခုလို အပူဒဏ်နဲ့ ကြုံနေရပြန်တော့လဲ မိမိသာသနာပြုခဲ့ဘူးတဲ့ နေရာလေးကို ပြန်လည်လွမ်းလျတမ်းတနေမိတယ်ပေါ့။ အမှန်စင်စစ်လူ၏အလို မလိုက်နိုင်ခြင်းသည် ဓမ္မတာပင်မဟုတ်ပါလော။ အိန္ဒိယနိုင်ငံသည် အေးရင်လည်း အရမ်းကိုအေးပါ၏။ ပူပြန်ရင်လဲနေစရာမရှိခဲ့။ အေးတုန်းကလဲ အေးလို့ ရေမချိုးနိုင်လို့ အအေးအမြန်ကုန်ပါစေလို့ ဆုတောင်းခဲ့ဘူး၏။ ယခု ပူပြန်တော့လဲ အအေးကို အလိုရှိခဲ့သည်။ ခက်သည်ကား ဘာမဆို အလိုမကျစရာချည်းမို့။ မြတ်စွာဘုရားသည်လည်း” ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ”လို့ ဟောတော်မူခဲ့ပါ၏။ မှန်၏ ဆုတောင်းတိုင်းသာပြည့်ကြမယ်ဆိုရင် အဘယ်မှာ ဒုက္ခဆိုတာရှိတော့မှာလဲ အကယ်လို့ ဆုတောင်းတိုင်းပြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံကြီးမိုဃ်းရွာပါစေလို့ ဆုတောင်းမိမှာသေချာသလောက်။ ယခုအချိန် တောင်ပေါ်ဒေသမိုဃ်းတများရွာသွန်းနေပြီပေါ့။လွမ်းနေမိ၏။ တမ်းတနေမိ၏။ မိမိသင်ခဲ့ဘူးသော စာလေးတွေ ရွတ်ဆိုပြီး တောင်ယာအသွားရွတ်ဆိုနေကြလေမလား လို့ အတွေးတို့ဖြင့် တနေ့ ထိုဒေသသို့( စစ်ကိုင်းတိုင်းအထက်ပိုင်းခန္တီးခရိုင် လဟယ်မြို့နယ် လခြမ်းကျေးရွာ)သို့ မိမိသွားခဲံစဉ်က။ ၉လ ပိုင်း မိုဃ်းတွင်းကာလမို့ မိုဃ်းက သဲသဲမဲမဲရွာချနေတော့၏။ ခန္တီးမြို့မှ ရဟတ်ယဉ်ထွက်လို့ ရာသီဥတုသည်မကောင်းခဲ့သည်မို့ ကွင်းရောက်မှ ပြန်လည်နောက်ကြောင်းလှည့်ခဲ့ရသည်။ ထေရ၀ါဒဗဟိုဋ္ဌာနချုပ် ပေါမိုင်းကျောင်းသို့ နေ့ဆွမ်းဘုဉ်းပေးနေစဉ်ပဲ ရာသီဥတု ကောင်းသည်မို့ ကြွဘို့ရန်စားလက်စကို ခဏတာရုတ်သိမ်းလို့ ပြန်လည်ချီတတ်ခဲ့ရသည်။ လဟယ်မြို့မှာလည်း ဆွမ်းများကပ်ဘို့ ၀န်ထန်းများစေခိုင်းထားကြောင်းပြောဆိုသံသဲ့သဲ့ကြားမိ၏။ ကဲ သွားတော့မယ်ဆိုတော့လဲ သွားရပေဦးတော့မည်။ ကားပေါ်တတ်ခဲ့သည်။ ရဟတ်ယာဉ်သည် (၆)ယောက်မျှသာဆန့်သည်။ မိမိတို့ အဖွဲ့ ပထမထွက်ခဲ့သည်။ မှတ်မှတ်ရရ (န.မ.ခ တိုင်းမှူးဗိုလ်ချုပ်လှမြင့်ဆွေ) (ရန်ကုန် န.ပ.သ ညွန်ချုပ်ဦးစန်းလွင်)(ခန္တီးဗျူဟာမှူး လက်သီးမင်းသား မောင်မောင်ဦး) တို့နောက်မှနေရာယူပြီး မိမိတို့သည်ရှေ့မှနေ၍ ဘုရားဆင်းတုတော်များရင်ခွင်ပိုက်လျှက် ရဟတ်ယာဉ်သည် စတင်ထွက်ခဲ့တော့၏ အသံတို့သည် ဆူညံလျှက်။ ရာသီဥတုသည် ရုတ်ချည်းပြောင်းလဲသွားတော့၏။ ပေပေါင်း ၆၀၀၀ အကျော်လောက်မှာ ရာသီဥတုကြောင့် မိုးသားများ နှင်းထုများ ပိတ်လျှက် ရှေ့မှ မောင်းနှင်သော အရာရှိသည် တော်၏ လျှင်၏။ နို့မို့ဆို အနိစ္စသဘောကိစ္စချောမည်။ နောက်ခန်းမှ (န.မ.ခ.)(န.ပ.သ.) ဗျူးဟာမှူးတို့သည်ပင်လျှင အသံကုန်အော်ဟစ်လျှက် အရှင်ဘုရားတို့ ပရိတ်ရွတ်ပါဟူ၏။ ပေါမိုင်းဆရာတော်(ယခုမရှိတော့ဟု သိရ)သည်လည်း ပရိတ်ရွတ်ခဲ့သည် မိမိတို့လည်းမနေသာအဖြေရှာလိုက်သည်။ “ယဿာ နုဘာဝတော ယက္ခာ နေ၀….လို့မှ မဆုံးသေး ရာသီဥတုသည် ပြန်လည်ကောင်းမွန်ခဲ့သည်ပေါ့။ မိနစ်၂၅ မိနစ်လောက် မောင်းပြီးသည်နှင့် တောင်ပေါ်ဒေသ လဟယ်မြို့သို့ ရောက်ရှိတော့၏။ လဟယ်မြို့ဟူ၍ ၀န်ထမ်းအချို့နှင့် နာဂတိုင်းရင်းသူ/သားတို့ အနည်းကျဉ်းနှင့် ကြိုဆိုခဲ့သည်။ မိမိတို့သည် VIP စနစ်နဲ့ သွားလာခွင့်ရရှိခဲ့သည်ဟု နောက်မှသိရ၏။ မိမိတို့အရင် သာသနာပြုများသည် ကိုယ့်အိပ်ကိုလွယ်ပြီး ဒေသအရောက် ခြေလျင်ကြွရသည်ဟုလည်းကြားရသည်။ ခန္တီးနှင့် လဟယ်သည် ရဟတ်ယာဉ် မိနစ်၂၅ သာစီးရသော်လည်း ခြေလျင်ခရီးသည် ၃ ည အိပ် ၄ ရက် ခြေလျင် လျှောက်ရ၏။( ကိုယ်တွေ့) မိမိခန္တီးမြို့ကထိန်ကြွစဉ် ၃ ည အိပ် ၄ ရက်ကြာဆင်းခဲ့ရသည်။ ဒီလိုနှင့် လဟယ်မြို့သို့ရောက်ရှိပြန်သော်လည်း အချိန်ကားနှောင်းခဲ့ပြီမို့ ဆွမ်းကိစ္စ ဥပုသ်စောင့်လိုက်ရသည်။ တောင်တန်းဒေသသာသနာပြုစတင်ခြင်းသည် နေ့ဆွမ်းတနပ်လွတ်ခြင်းနဲ့စတင် ခဲ့ရ၏။ လဟယ်မြို့မှာ ထေရ၀ါဒဗဟိုဋ္ဌာနချုပ်ဆရာတော် မှ  သာသနာပြုသည်ဆိုသည်မှာ သီးခံဘို့ အရှင်ဘုရားတို့ သွားမဲ့နေရာသည် အ၀တ်မ၀တ်သောနာဂလူမျိုးတို့ဖြစ်ကြောင်းသြ၀ါဒပေးခဲ့သည်။ ဒီတော့မှ မိမိသည် မိမိနဖူးအားလက်ဖြင့်ရိုက်လျှက် “သေဟဲ့ နန္ဒိယ”ဆိုပြီး အာမေဋိတ်သုံးမိလိုက်သည်။ လဟယ်မြို့မှာ တညတာ ကျိမ်းပြီးသည်နှင့် အိန္ဒိယနိုင်ငံနှင့် တနေကုန်လျှောက် ရောက်သည်ဟူသော မိမိသာသနာပြုဋ္ဌာန လခြမ်းရွာသို့ မနက်ချီတတ်ရမည် တဲ့။ အတွေးတို့သည် ယောက်ယက်ခတ်လျှက်နေသည်။ မနက်မိုးလင်းသည် မိုးဃ်းလဲရွာနေသည်။ မိမိရွာသွားဘို့ ပလိုင်းကိုယ်စီလွယ်လျှက် လန်ကွတ်တီများဖြင့် ခန္ဒာကိုယ်မှာပေပွနေသောလူကြီးများနှင့် မေးနှင့် နဖူးတည့်တည့်မှာ ဆေးမှင်ကြောင်များထိုးပြီး စောင့်နေရှာသော နာဂမိန်းမပျို မိန်းမအိုကြီးများတွေ့လိုက်ရသည်။ အ၀တ်မပါကြတော့ အမြင်တမျိုးဖြစ်နေမည်။ မိမိရွာ၌ ခ.မ.ရ ၅၂ တပ်ရင်းရှိသည်တဲ့။ ထို တပ်ရင်းနှင့် မိမိနှင့်အတူ လက်တွဲကာ သာသနာပြုရမည့် ခန္တီးမြို့ ခ.မ.ရ ၃၄၇ တပ်နှင့် ချိန်းမည်ဟူ၏။ မိမိတို့ပါလာသောအထုပ်များ စစ်တပ်အသုံးအဆောင် လက်နက်ခဲယမ်းများ ဂျီသရီး ဂျီဖိုးလွယ်လျှက် အသင့်ပြင်နေသော စစ်သားများလည်းတွေ့လျှက် မိမိသည် မိုဃ်းရွာနေသည်မို့ မသွားသေးဟု ထင်နေမိသည်။ မကြာခင် မိမိတို့အဖွဲ့ မိုဃ်းရွာထဲ ကြမ်းတမ်းသော ခရောင်းတောလမ်းကို လျှောက်ရတော့မည်။ မိုဃ်းသည်လည်း သဲကြီးမဲကြီးရွာလျှက်၇ှိသည်မို့ တောင်ပေါ်ဒေသမို့ ဂရုတစိုက်တတ်ရပေမည်။ မတော်လို့ချောလဲလို့ကတော့ တောင်အောက်သို့ ကျနိုင်သည်။ နာဂလူမျိုးတို့သည်။ ပါးစပ်မှ ဟာကျူလာ.ဟာကျူလာ ဟေဟိ။ စသည်တို့ ပါးစပ်မှ ဆိုလျှက် မိမိမှာတော့ ငိုချင်နေမိသည်။ မြေပြန့်သွားနေကြသူသည် တောင်ပေါ်သို့ မည်မျှကြာအောင်တတ်နိုင်ပါမည်လဲ။ တတ်ခဲ့ရပြန်သည် ဆင်းခဲ့ရပြန်သည်မို့ ခြေတောက်မှ မထောက်နိုင်တော့ မိုဃ်းသည်လည်းသဲသဲမဲမဲရွာချနေလျှက်ရှိသည်။ ပါလာသောခါးပန်းကြိုးလေးကို ဒူးအောက်မှာ စီးကာလျှောက်ခဲ့ပြန်၏။ခဏတော့ရ၏။ ၁၀ မိနစ်ခန့်လျှောက် တခါနားခဲ့သည်။ ခြေတောက်မှာလည်းသွေးတို့ဖြင့်နီမြန်းလျှက် ကိုရွှေတွတ်တို့ကလဲ မျက်နှာသာမပေးခဲ့။ တွယ်သည် ခွာလို့လဲမရ။ အနီးနေစစ်သားတယောက်မှ ဆားလေးနဲ့ ထိတွေ့ပေးလိုက်သည်။ ဒီတော့မှ ကွာကြခဲ့သည်။ မိမိနှင့် တူတူလာခဲ့သော အရှင်စန္ဒိမာ ဆိုတော့ ဦးဇင်းမှာတော့ မိမိထက်အသက်ကြီးသည်မို့ ဆက်မလျှောက်နိုင်တော့သည်မို့ နာဂလူမျိုးတို့ စောင်နဲ့ထမ်းကာ သယ်ဆောင်ခဲ့ရသည်။ မိမိမှာတော့ ဟန်မပျက် လျှောက်နေရသည်။ ရွာတရွာတော့ မြင်နေရပြီ တောင်ထိပ်တနေရာမှာ မိမိရွာထင်နေမိသည်။ လား လား.မဟုတ်သေးဘူးဟူ၏။ ဝေထိုက်ရွာတဲ့…အဲဒိမှာ ဆွမ်းဘုဉ်းပေးမယ်တဲ့ ပြီးတာနဲ့ အ၇ှင်ဘုရားရွာကို ဒီည အရောက်သွားရမှာဘုရားတဲ့…။တွေ့ပြန်တော့လဲ မိမိရွာမဟုတ်သေးဆိုတော့လဲ အားလျှော့ချင်လာ၏။ သို့သော်.”.ဗုဒ္ဒသာသန ဘာရော အ၀ဿံ ၀ဟိတဗ္ဗော”။ပြန်လည်လို့ အားတင်းခဲ့မိ၏။ မကြာခင် ဝေထိုက်ရွာသို့ရောက်ခဲ့ပြီ။ ဆွမ်းကိုကြက်သားနှင့် ဘူးသီးရောချက်ထားသည်။ ပဲဟင်းကတခွက် ချီးများမနေနိုင် ဗိုက်ဆာနေသည် ဘုဉ်းလိုက်မိသည် စပါးလုံးပေါင်းမြောက်များစွာနဲ့ ပေါ့။ ဘေးဘီကြည့်ပြန်တော့ ကိုယ်တုံးလုံးချည်းတွေနဲ့မိမိတို့အားဝိုင်းကြည့်နေကြသော နာဂလူမျိုးများ ကြက်သီိးမွှေးညင်းများတောင်ထမိတော့၏။ ပြီးတာနဲ့ ကုလားမခြင်းဆွဲနို့ဆီနှင့် ဖျော်ထားသော တပ်လဘက်ရည် အချိုခြောက်သည်နှပ်ထားတာကြာပြီမို့လားမသိ အတော်ခံတွင်းတွေ့မိ၏။ ဟန်ဆောင်မနေနိုင်ခဲ့ ခွက်အစိမ်းနဲ့ အပြည့်ဖျော်ထားသော လဘက်ရည် အကုန်သောက်မိ၏။ အင်း ခက်တာက သင်္ကန်းတွေကအစိုကြီး။ ဆက်လျှောက်ရဦးမည်တဲ့။ လျှောက်စမ်းဟ လမ်းဆုံးရင်ရွာတွေ့မှာပဲလို့ ဆိုပြီး ခဏတာ နားခွင့်ရသည် ပင်ပန်းသည်မို့ ဦးခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားတော့၏။ ထိုရွာ၌ မိမိသူငယ်ချင်း ၂ ပါးကျန်ခဲ့သည်။ မိမိတို့ဆက်လျှောက်ရဦးမည်။ လမ်းခရီးမှာကြမ်းသထက်ကြမ်းလာသလို မိုဃ်းသည်လည်း ရွာသထက် အညိုးကြီးနဲ့ရွာချနေတော့၏။ စားကောင်းကောင်းနဲ့စားလာခဲ့သမျှ ဒုက္ခတွေ့ပြီ လမ်းကိုပင် သိပ်မလျှောက်နိုင်ခဲ့။ နေသည်ဝင်စပြုနေပြီ။ တနေရာမှ ကျားဟတိန်းသံလိုလို တချက်ကြားလိုက်မိသည်။ ဆတ်အော်သံ မျောက်အော်သံ ချေ အော်သံတို့သည် တယောက်ထည်းဆိုလျှင် စိတ်ချောက်ချားစရာဖြစ်၏။ သို့သော် မိမိတို့အဖွဲ့သည် အတော်များ၏။ မကြောက်ရေးချ မကြောက် သို့သော် အနည်းကျဉ်းတော့ကျောချမ်းမိသား။ လျှောက်သည် တတ်သည် ဆင်းသည် တောင်ပေါ်ဒေသဆိုသည့်အတိုင်း အဆင်းအတတ်ပေါများလှသည် တောင်ကို ကွေ့ကာ ပတ်ကာ သွားနေရသည်။ တောင်ထိပ်တနေရာအရောက် မီးများ မထိန်ပေမဲ့ မှန်တုတ်တုတ်နှင့်တွေ့နေရသည်မို့ ငါ့ရွာတော့ ရောက်တော့မှာပဲဟု ပျော်ရွှင်နေမိ၏။ သို့သော် နေ့ခရီး ညမီးတဲ့ မနီးသေး အတော်သွားရဦးမည်တဲ့ အနားမှ စစ်သားတယောက်ရဲ့ အားပေးစကား။မိုးသည်ချုပ်စပြုနေ၏။ အောက်ကိုပင် မကြည့်အားတော့ ရှေ့သို့ရောက်ချင်ဇောနဲ့ လျှောက်နေမိသည်။စစ်သားတယောက်မှ ပါလာသောဓါတ်မီးဖြင့် မိမိခြေအား ထိုးကြည့်လိုက်စဉ် တွတ် ၃.၄ ကောင် သွေးများဝလို့ မိမိ၏ခြေမှာလည်းသွေးတို့ဖြင့်နီမြန်းလျှက်ရှိသည်။ မထူးတော့ပြီ။ သွေးလှူရသည်ပေါ့ဆိုပြီး ဆက်လျှောက်ခဲ့သည် မနေနိုင်တော့ ယားလာ၏။ သည်တော့မှ မောင်စစ်သားရေ လုပ်ပါဦးဆိုမှ ဆားလေးနဲ့တို့ချလိုက်၏။ သွေးများသည် မြင်မကောင်းနီမြန်းလျှက်ရှိ၏။ ဆက်လျှောက်သည် အရှင်စန္ဒိမာကတော့ ဝေါနဲ့ကြွနေရတော့ ပျော်နေရှာမည်။ ဝေါဆိုသည်မှာ စောင်ဖြင့်ထိပ်မှကြိုးဖြင့်ချီပြီး နာဂ၂ ယောက်ထမ်းသည်ဟူ၏။ မီးရောင်သည် နီးသထက်နီးလာပြီ လူသံအချို့ကြားလာရ၏။ ရှေ့မှ စစ်သားတယောက်၏ အော်သံကြားလိုက်ရသည် ရောက်ပြီဗျိုး…တဲ့။ ဒီတော့မှ သက်ပြင်းရှည်ကြီးတချက်ချမိတော့၏။ ဟင်းးးးးးးး။ ခ.မ.ရ ၅၂ တပ်ကြပ်ကြီး အုန်းကြိုင်သည် ကြိုဆိုလျှက် ပင်ပန်းလာလားဘုရားတဲ့ မေးရက်လေချင်း။ ကျောင်းပေါ်တတ်ခဲ့သည်။ ဂျိုးဂျောင်း ဂျိုးဂျောင်း ကျောင်းပေါ်တတ်စဉ်ကြားလိုက်ရသည့်အသံ။ သံတချောင်းမှမကုန်(မရှိလို့) တောထမ်းများဖြင့်မိုးထား၏။ ၀ါးများကိုခွဲပြီး ကာထား၏။ ခင်းထား၏။ မနေ့ကပဲ ပြီးသည်ဟူ၏။ ရောက်သည်နှင့် လာပြန်ပြီ ကုလာမခြင်းဆွဲနို့ဆီမိုက်ခွက်အကြီးသားဖြင့်ဖျော်လျှက် လာကပ်သည်။ နောက်ပြီး ပဲကို နို့ဆီဖြင့် ရောသမမွှေကာကြော်ထားသော ပုဂံတချက်။ ရေနွေးခရားတအိုး။ ပင်ပန်းသည့်ဒဏ်ကြောင့် မိမိအပါဝင် သာသနာပြု (၈)ပါး ဘုဉ်းလိုက်ကြသည်။ ခဏနေ အိပ်လိုက်ကြသည် ။ မိမိကတော့ မိမိရွာရောက်သည်မို့ နေခဲ့ရတော့မည်မို့ပျော်နေမိသည်။ ကျန်သည့် ၆ ပါးအဖွဲ့အပါဝင် ပြန်လည်ချီတတ်သွားကြတော့၏။ မိမိမှာတော့ ကျောင်းမမည်သော ကျောင်းလေးပေဓမှနေပြီး မိမိကျောင်းအောက်တွင်၇ှိသော ရွာထဲကို လှမ်းကြည့်မိသည် ထူးမခြားနား အ၀တ်မပါကိုယ်ထီးတွေပါပဲလား..ဟု တွေးရင်း ပရိတ်ရွတ်နေမိသည်။ မိမိရွာ၏ ဘယ်ဘက်တောင်ထိပ်သည် သူပုန်ရွာဖြစ်၏။ မိမိရွာသည် သူပုန်ရွာနှင့်နီးခြင်းကြောင့် ဗိုလ်ကြီးတယောက် အပါဝင် ၁၅ ယောက်ခန့်။ ဆေးတပ်သားသည် မိမိနှင့် ဗိုလ်ကြီးအတွက်ဖြစ်၏ ဟု ပြောပြမှသိရတော့၏။ ခဏနေပြီး စစ်ပုဂံ စစ်မိုက်ခွက် စစ်အသုံးဆောင်များဖြင့်ထည့်ကာ ပဲဟင်း ကြက်ဥကြော် ဆတ်သားဟင်းတဲ့…လာကပ်သည်။ ဒီတကြိမ်မှာလည်း ဘုဉ်းပေးလိုက်သည် ၃ ပုဂံ စပါးလုံးပေါင်းမြောက်များစွာနှင့်အတူပေါ့။ ကျောင်းနေရာသည် ရွာနှင့် စစ်တပ်အလည်တွင်၇ှိသည်။ အောက်မှရွာ အထက်က စစ်တပ် ရှိသည်။ ဘယ်ကြည့်ကြည့် လွမ်းစရာတောင်တန်းများဝိုင်းရံလျှက်ရှိသည်။ ဟိုဘက်သူပုန်ရွာမှာတော့ မီးခိုးတလူလူနဲ့ ဘာတွေလုပ်နေပါလိမ့်ဟု…တွေးနေမိသည်မှ တပါး  သူတို့ဘာတွေလုပ်နေကြလဲ ကိုယ်မသိ မိမိသိသည်မှာကား မနက်ဖြန်က စပြီး မလိမ်မာသေးတဲ့အသိတရားခေါင်းပါးနေကြတဲ့ နာဂလူမျိုးများကို အ၀တ်များဝေငှကာ သာသနာပြုခရီးစဉ် စရတော့မည်မို့…. မနက်ဖြန်ဆိုသည့် အချိန်ကိုကား….။
Wednesday, May 30, 2012
ကမ္ဘာမှာထူးဆန်းကြသည် ကျော်ကြားကြသည်တဲ့
အပူရှိကြောင့် အိပ်လို့မရခဲ့ မေးတွေ ဖျက်သင့်တာဖျက်နေမိသည်။ကြည့်သင့်သည်ကိုကြည့်နေမိသည်။ ထူးဆန်းနေကြသည်ကမ္ဘာမှာ မြန်မာပြည်မှာလဲ ကြားနေရသည်။ ထူးထူးဆန်းဆန်းတွေ ပေါ်ခဲ့ကြသည် မိန်းမ စင်စစ်မှယောက်ျားဖြစ်သွားခဲ့ရသည်။မြေမြိုသွားလို့တဲ့ စသည်စသည်တို့ ကြားနေရမြဲ ယခု ကမ္ဘာမှာတော့ ဂရင်းနစ်စံချိန်ရရှိခဲ့ကြသည်။ ထူးဆန်းထွေလာလေးတွေတော့ ကျောင်းသားလေးက စိတ်ဝင်စားမိသည်။ တွေ့လျှင်ပင် မိမိဘလော့သို့ ပြန်လည်မျှဝေတတ်သည့်ဝါသနာရှိသည်။ ယခုလဲ အိပ်မပျော်သည်မို့ မေးများလှန်လှောဖတ်ရင်းတွေ့ရှိသည့် သတင်းထူးမျု့မျှဝေလိုက်ပါ၏။
၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ ထူးဆန်းမှတ်တမ်းများ....
ကမ္ဘာ့ အရှည်ဆုံး သတို့ သမီးဝတ်စုံ....
လုပ်စရာမရှိကြောင်ရေချိုးဆိုသလိုပေါ့ ...
Longest wedding dress train
ကမ္ဘာ့ သက်ရှိ အရပ်အပုဆုံးလူသား....
နီပေါနိုင်ငံမှဖြစ်ပါတယ်...
 World's shortest living man, ever
ကမ္ဘာ့ အသက်အကြီးဆုံး အမွှာလူသားပါ....
 Oldest twins
မျက်လုံး ၂ လုံးစလုံးဖုံးကွယ်ထားပြီး ပစ်လွှတ်လိုက်သောမြှားများကိုဖမ်းယူနိုင်သူပါ....
Most arrows caught by hand in two minutes while blindfolded
ပြောင်းဖူးပေါက်ပေါက်တွေကို ဖောက်နေယင်း တစ်မိနစ်အတွင်း ၂၆ ခု အမိအရဖမ်းယူ
နိုင်သူပါတဲ့ .....
Most popping popcorn caught with both hands
The same man has also caught 26 pieces of popping popcorn in one minute.
ပုလင်းဖုံးကို ခေါင်းဖြင့် တိုက်ပြီးဖွင့် နိုင်သူ...
တစ်မိနစ်အတွင်း ပုလင်းအဖုံးပေါင်း ၂၄ ခုကိုခေါင်းဖြင့် တိုက်ကာဖွင့် နိုင်သူကတော့ 
 Most bottle caps removed with the head
The most bottle caps removed with the head in one minute is 24. It was achieved by Ahmed Tafzi in Hamburg, Germany.
 အသက်အကြီးဆုံး ယောဂဆရာမကြီးပေါ့ ...
ဒီမှာတော့ အသက်ကိုမဖော်ပြထားပါဘူး... ၈၀ ကျော် ၉၀ တော့ ရှိပါလိမ့် မယ်...
Oldest yoga instructor
လက်စလီတစ်ပ်တွန် အမည်ရှိအမျိုးသမီးဟာ ခရီးဆောင်အိတ်အတွင် သူမတစ်ကိုယ်လုံး
ဝင်ရောက်နိုင်ဖို့ ၅.၄၃ စက္ကန့် သာ အချိန်ကြာပါတယ်...
 Fastest time to enter a suitcase
It took 5.43 seconds for Leslie Tipton to enter a zipped suitcase.
ကမ္ဘာ့ သက်တမ်းအရှည်ဆုံး ပြဇတ်မင်းသမီး၊ သရုပ်ဆောင်....
အစ္စရေးနိုင်ငံမှ သရုပ်ဆောင်အမျိုးသမီးကြီး ဟန်နာမာရွန် ဟာပြဇတ်ကလာခဲ့ တာ နှစ်ပေါင်း
၈၃ နှစ်ရှိခဲ့ ပါတယ်တဲ့ ....
 World's longest career in theater
Israeli actress Hanna Maron has been on stage for 83 years.
ဓါတ်ပုံကြည့် တာနဲ့ တင်လုံလောက်နေပါပြီ....ဘယ်လောက်ရှည်တယ်ဆိုတာအတိုင်းအတာ
အတိအကျမပါပေမယ်...
 Longest ears on a dog
ကမ္ဘာ့ အကြီးဆုံးတယောပါ....
Largest violin
ဂျပန်နိုင်ငံက ဆပ်ကပ်ပြပွဲတစ်ခုမှာ ကြိုးတစ်ချောင်းထဲမှာကိုပဲ ခွေး ၁၃ ကောင်က တစ်ပြိုင်
နက်ထဲ ခုန်နိုင်ခဲ့ ကြတာမို့ တစ်ကြိမ်တည်းအများဆုံးကြိုးခုန်တဲ့ သည့် ခွေးအရေအတွက်အများ
ဆုံး စံချိန်တင်သွားခဲ့ ပါတယ်....
Most dogs skipping on the same rope
13 dogs has skipped the rope at the same time in a Japanese circus.
အသက် ၂၃ နှစ်အရွယ်ရှိ ဘာရင်တန်အာဗင် ဟာစက်တစ်လုံးတပ်လေယာဉ်လေးဖြင့် 
ကမ္ဘာ တစ်ပါတ်ပျံသန်းမောင်းနှင်နိုင်ခဲ့ တဲ့ အသက်အငယ်ဆုံးလူသားဖြစ်ပါတယ်...
Youngest person to fly solo around the world
Barrington Irving, a 23-year-old aerospace student, has circumnavigated the globe in his single-engine plane.
World's shortest woman
အီလီနွိုက်ပြည်နယ်၊ ဆန်ဒိုဗယ်အရပ်မှ အသက် ၂၂ နှစ်အရွယ်ရှိ ဘရစ်ဂျစ်ဂျော်ဒန်ဟာ 
အရွယ်ရှိ မောင်ဖြစ်သူ ဘရက်ကလည်း သူမလိုပဲအရပ်ပုလို့ ကမ္ဘာ့ အသက်အငယ်ဆုံး အရပ်
Multiple record holder
Bridgette Jordan, 22, from Sandoval, Illinois, is 67 cm (2 ft. 3 in.) tall and is a multiple record holder, as she is also one of the shortest living siblings with her 20-year-old brother Brad.
ဒီခွေးမကြီးကလည်း ပုံကြည့် ရုံနဲ့ ကမ္ဘာ့ အရပ်အမြင့် ဆုံးခွေးမ ဆိုတာသိသာနိုင်ပါတယ်...
World's tallest living female dog
ခေါင်းပေါ်တွင် ရေဖန်ခွက်အား ဟန်ချက်ညီအောင်ထိန်းထားယင် လှေကားထစ် ၁၀ ထစ်
ကိုဆင်းနိုင်တဲ့ အတွက် ဒီ သြစတေးလျန်းသိုးထိန်းခွေးဟာလည်း ကမ္ဘာ့ ထူးဆန်းမှတ်
တမ်းဝင်ခဲ့ ရပါတယ်...
Most steps walked down by a dog facing forwards balancing a glass of water
This Australian Shepherd has walked down 10 steps while balancing a glass of water.
စကိုင်းဘရိုဘာ့ ဂ် အမည်ရှိတဲ့ သူကလေးကတော့ တင်းနစ်ရိုက်တံတစ်ခုအတွင်း ၃ မိနစ်
အတွင်း ၇ ကြိမ်တိတိ ၀င်နိုင်ထွက်နိုင်ခဲ့ လို့ အကြိမ်အများဆုံးဝင်နိုင်ထွက်နိုင်သူအဖြစ် ထူးဆန်း
မှတ်တမ်းတင်နိုင်ခဲ့ ပါတယ်...
 Most times to pass through a tennis racket
Skye Broberg has passed her body through a tennis racket seven times in three minutes.
အိမ် အမည်ရှိရုပ်သံစီးရီးရိုက်ကူးခဲ့ တဲ့ ဟူးလော်ရီတစ်ယောက် ဇတ်လမ်းတွဲတစ်ပုဒ်ကို
ဒေါ်လာ ၄ သိန်းရခဲ့ လို့ သရုပ်ဆောင်ခအများဆုံးရတဲ့ ရုပ်သံဇတ်လမ်းတွဲ မင်းသား
အဖြစ် မှတ်တမ်းတင်ခံခဲ့ ရပါတယ်...
Highest paid actor in a TV drama
Hugh Laurie of FOX’s "House" pulls in $400,000 per episode.
ကမ္ဘာ့ လက်သည်းအရှည်ဆုံးပိုင်ရှင်အမျိုးသမီးပါ....
 Longest fingernails on a pair of female hands
သံကွင်း၊ သံချောင်းတွေ အများဆုံးထိုးစိုက်ထားတဲ့ ကမ္ဘာ့ အကြောင်ဆုံးအမျိုးသားပေါ့ ...
ကျွန်တော်ကတော့ အဲဒီလိုပဲသတ်မှတ်ပါတယ်...
Most piercings on a male
ကမ္ဘာ့ အကြီးဆုံးအာဖရိကပုံစံ ဆံပင်ပိုင်ရှင်ပါ....
 Largest afro 
ကမ္ဘာ့ လျှာအရှည်ဆုံးအမျိုးသမီးပါ...
သူ့ ဒါဏ်ကတော့ ခံနိုင်မယ်မထင်ဘူး...
 Longest tongue on a female
ကမ္ဘာ့ အရှည်ဆုံးနှုတ်ခမ်းမွှေးပိုင်ရှင်ပါ....
Longest moustache
မေးကနေတွေ့ရှိလို့ ပြန်လည်မျှဝေလိုက်ပါကြောင်း
“ မေ့လို့မရတဲ့သူတို့အကြောင်း”
အ၀တ်မ၀တ်သူနှင့် အ၀တ်ဝတ်သူဤသို့(၁၉၉၄ခု)မိမိသာသနာပြုစဉ်က
နာဂလှပျိုဖြူမလေးများ တောင်ယာသို့အသွား
ဤသို့ ရွာထဲဆင်းကာ လူကိုခင်မှမူကိုပြင်သည် ဆိုသည့်အတိုင်း အိမ်စဉ်လှည့်လည်ကာ
သူတို့ ၂ ယောက်ကိုတော့ အမျိုးသမီးခေါင်းဆောင်အဖြစ်ထားခဲ့
ပူလိုက်သာမှပြောမနေနဲ့တော့ မမြဲသောမီးသည်လည်း ပျက်လိုက်သာမှပြောမနေနဲ့တော့။ အင်ဗာတာမီးလေးကိုခြွေတာသုံးနေရသည် အလင်မှီအောင်ပေါ့ ဟဲဟဲ။ ။တခါတရံ ည မီးပျက်ရင် အိမ်ရှေ့မှ ရေကန်(ရေလှောင်ထားသည့်)ဘေးမှာ ခုံလေးကိုချပြီး ကောင်းကင်ကိုမော့ကြည့်လို့ လမင်းကြီးကတော့ ထိန်ထိန်မသာပေမဲ့ ၉ ရက်လအတိုင်း အသာကြီးမဟုတ်ပေမဲ့ လမင်းအရောင်လေးကိုအားပြုပြီးထိုင်နေမိသည်။ ပတ်ဝန်းကျဉ်မှာတော့ တိတ်ဆိတ်င်ြမ်သက်လျှက်ရှိသည်။ မိမိအိမ်ရှေ့မှ လေခြူပင်လေးသည်သစ်ရွက်လေးတွေကတော့ လှုတ်ခတ်လျှက် မိမိအိမ်ကြီးရှင်တွေအပေါ်ထပ်မှာတော့ ခလွမ်လို့ တချက်ကြားမိလိုက်သည်။ မြင့်မားလျှက် ပေါက်နေသော သင်္ဘောပင်မှလဲ အသီးများစေဆာလို့ သူတို့တွေကတော့ အဖေါ်တွေနဲ့ငါ့မှာတော့ အဖေါ်ဆိုလို့ လက်ထဲညှပ်ထားသော လကမ္ဘာဆေးလိပ်တိုနဲ့ (မကြာမှီကုန်တော့မည်)တဖက်မှကိုင်ထားသော ရေနွေးခွက်လေးနဲ့ အတွေးနယ်ချဲ့နေမိ၏။ ကောင်းကင်မှာ ကြယ်တာရာတို့သည်လည်းလင်းလတ်လို့ နေကြလေရဲ့ ငါ့မှာတော့ ဟိုတွေးဒီတွေးအတွေးတို့ဖြင့် မတည်ညိမ်သောစိတ်အစဉ်ကို မှောင်မိုက်ထဲမှာ ရန်ဖြစ်နေမိသည်။ ဘေးဘီမှာ ကိုရွှေခြင်တို့ကလည်း တ၀ီဝီနဲ့ ရထားများခုတ်မောင်းနေသည်အလား ဆူညံလို့နေသည်။ ဆေးလိပ်တို့မှမီးနဲ့ ဖွာပြီး ပျောက်စေ လို့အမိန့်ပေးသော်လည်း တန်ခိုးရှင်မဟုတ်လေတော့ ထွက်မသွားအနားမှာ ရစ်သီသီနဲ့ အော် ကောင်းကောင်းတောင်မတွေးရပါလားကွယ်..။ တချိန်က သာသနာပြုခရီးစဉ်အကြောင်းလေးကို တွေးတောနေမိသည်။ ပြန်လည်စဉ်းစားနေမိသည်။ သူတို့တတွေရော ဘယ်လိုတွေနေနေကြပါလိမ့်။ တနေ့ ဒီလိုညတညပေါ့။ ရပ်ရွာဥက္ကဋ္ဌ မှာလာခေါ်၍ ရွာထဲလိုက်သွားခဲ့မိသည်။ အကြောင်းကားသူတို့ အိမ်အသစ်ဖွင့်ပွဲတဲ့လေ.။ မင်းအကြီးဆုံး မင်းကရှေ့ကနေပြီး တူမီးသေနတ်ကို ကိုင်ပြီး ဖေါက်ပေးရမည်ဟူ၏။ ဘာရယ်တော့မသိ လိုက်သွားလိုက်၏။ အိမ်ရောက်သည်နှင့် မူးနေကြသော နာဂလူမျိုးတစု။ ကြိုင်မွန်းရေ ငါတို့တော့ ဂဏန်းလို ဖြစ်နေပြီဟူသတဲ့။ အော်. ဂဏန်းများသည် နှေးကွေးကွေးဖြင့် သွားနိုင်သည်ကိုရည်ရွယ်၍ ပြောသည်ကို သတိရမိသည်။တချို့ ခေါင်ရည်ဘူးကိုကိုင်လျှက် ကနေကြသည့် လူတစု။ မိမိရောက်လာသည်ကို သိသော အတွင်းရေးမှူးသည်လည်း ဘုန်းဘုန်းရေ ဆိုပြီး ထိုင် ကန်တော့လျှက် မူးနေပြီဘုန်းဘုန်းတဲ့။ တချို့မီိးဖိုဘေးတွင် အိပ်နေကြလျှက်မို့ မလိုက်သိမလိုက်သာ နေခဲ့သည်။ မြန်မာစကားအထိုက်အလျှေက်ပေါက်သော ပါခိုဆိုသော လူရွယ်တယောက် မိမိအနားမှာလာ၍၀ါးခွက်ဖြင့်ထည့်ထားသော ရေနွေးခွက်လာပေးသည်။ သောက်ချင်ရက်စရာတော့မရှိခဲ့ ။ပေပွနေ၏။ သို့သော် လူကိုခင်တော့ မူကိုပြင် ပုဂ္ဂိုလ်ခင်တော့တရားမင်ဆိုသလို ယူလိုက်မိသည်။ သောက်လဲသောက်မိ၏။ မိမိသည် ရွံတတ်၏။ စိတ်တိုတတ်၏။ ထိုနေရာ တောင်တန်းဒေသရောက်မှ စိတ်တိုသည့် စရိုက်လေး ဖျောက်လိုက်သည်။ အကုန်စင်တော့မဟုတ်ပါ။ ရွံတတ်သည်လေးကိုလည်း အပြီးပိုင်ဖျောက်လိုက်သည်။ အကြောင်းကား အမြဲရေမချိုးကြသော ဒီနာဂလူမျိုးတွေနှင့် မိမိသည် ရပ်ရွာမှာအကြီးဆုံးမို့ သူတို့ရေမချိုး မျက်နှာမသစ်ကြသောထုံးစံကို မိမိသည် ရေမချိုးခြင်းများခြင်းကြောင့် တခါတရံ သူတို့ကဲ့သို့နေကြည့်လိုက်၏။ ရေမချိုးခြင်းကား အေးခြင်းကြောင့် ဖြစ်၏။ သူတို့သသည် ရေမချိုးကြ။ အ၀တ်မ၀တ်ကြချေ။ ထုံးစံအရ အ၀တ်မ၀တ်လိုကြ။ မိမိအ၀တ်များဝေငှပြီး ဘာသာရေး အရ ပြောဆိုသည်။ မြန်မာစကားသူတို့နားမလည်ခဲ့။ စကားပြန်နဲ့ပြောဆိုရသည်တိုက်ရိုက်ပြောဘို့ အင်အား မိမိမီာမရှိခဲ့။ တနေ့ အ၀တ်များလာယူကြရန် မိမိကျောင်း(တောထန်း ၀ါးများဖြင့်)ပြုလုပ်ထားသည်။ သံဆိုလို့တချောင်းမှမတွေ့ရ သူတို့ဆောက်ပေးထားသည်။ မီးဖိုကို ကျောင်း၏ ဗဟိုတည့်တည့်မှာထားလို့ပေါ့။ ဒီအကြောင်းလေးတွေပြန်လည်တွေးနေမိရင်း တယောက်ထဲ ပြုံးနေမိ၏။ မိမိပြုံးနေသည်ကိုတော့ မည်သူမှမမြင်။ ဆက်ရပေဦးမည်။ ခု န အိမ်သစ်ဖွင့်လှစ်ပွဲအခမ်းနားက မေ့ထားခဲ့ချေပြီ။ မိမိသည်လည်း သူတို့နှင့် မီးဖိုဘေးမှာတူတူယှဉ်ထိုင်လို့ ရေနွေးကို သောက်ရင်း ဥက္ကဋ္ဌမှတူမီးသေနတ်ယူလာပြီး မိမိအားပေးသည်။ ရော့..မင်းကရှေ့ကနေပြီး ခလုပ် ၂ ခါနှိပ်ပါဟူသတတ်။ အားလုံးညီညာစွာ အော်ဟစ်ကြသည်။ မီးဖိုပတ်လည်ခြံရံလို့ အော်ဟစ် သီချင်းဆိုကြသည်။ အမှတ်ရနေမိသည်။ နာဂကြူးလား ကြူးလားဟယ်..။ အာနွေးနီးငွေးဟယ်။ ပြိုင်တူ သီဆိုကြသည်။ မိမိကတော့ ဘာရယ်မဟုတ် တူမီးသေနတ်ကို ကြောက်ကြောက်လန့်လန့်နှင့် လက်ညှိုးလေးကို ကွေးထည့်လိုက်စဉ်။ ဒိန်း…ဒိန်း….အသံသည် မြည်ဟည်းလျှက် ထိုနောက်မှ တလုံးတူမီးသေနတ်များ အလှည့်ကျ ပစ်ဖောက်ကြသည်။ ဒီတော့မှ နာဂလှပျိုဖြူတို့သည် ဆိုင်ရာဆိုင်ရာ ခေါင်ရည်အိုးများဖြင့် လိုက်လံပေးကြသည်။ မီးဖိုဘေးတွင် လှည့်လည်ကာ ကနေကြတော့၏။ မိမိသည် အစတော့ ကြောင်အမ်းအမ်းဖြစ်နေသည်။ အတွင်းရေးမှူးမှ ဘုန်းဘုန်းရေ ဆိုပြီး လက်ကို မလိုက်ချလိုက်လာလုပ်သည်။ သူတို့၏ ယဉ်ကျေးမှုအကသည် လက်ကို ချလိုက်မြှောက်လိုက်လုပ်ခြင်းတည်း။ မိမိလည်းကြောင်းအမ်းနေခြင်းကို ခဏမေ့ကာ သူတို့ကဲ့သို့ ညီညွတ်ရေးအဖြစ် လက်ကို မြှောက်သည် ချလိုက်သည်။ နစ္စ,ဂီတ ကျူးလွန်မိတော့၏။ ရေးခဲ့ဘူးပါသည်။ သူတို့အကြောင်း.၂၀၁၀ ခု လောက်က မိမိဘလော့စာမျက်နှာမှာတွေ့ရှိနိုင်ပါ၏။ တခါတရံ ပရဟိတ သူများအလုပ်လုပ်ရခြင်းကြောင့် အတ္တဟိတ ကိုယ်ကျိုးများ စွန့်လွှတ်ရသည်။ ဥပမာ ကခြင်းဟူသောအကြောင်းကြောင်း သိက္ခာပုဒ်အရ မပြောပလောက်သော အာပတ်သင့်ခဲ့ရသည်။ ဒေသနာကြားလို့ရနိုင်သည့်အာပတ်ပင်ဖြစ်၏။ ထိုအကြောင်းအရာလေးတွေ ကို တယောက်ထည်းအထီးကျန်နေချိန် တွေးဖြစ်သည်။ မိမိတိုတောင်တန်းဒေသမှာ အသက်ပေါင်းများစွာကယ်ခဲ့ဘူးသလို ..လူတဦးတယောက်ရဲ့သန္တာန်မှာ” ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ” လို့ တည်စေအောင် လူပေါင်းများစွာကို သင်ပေးဘူးခဲ့သည်။ ထိုအတွေ့အကြုံကို မမေ့နိုင်ရက်ပါ။ လူတဦးတယောက်သန္တာန်မှာ မြေပြန့်လို နေရာမျိုးတွေ မှာ သင်ပေးရခြင်းထက် တောင်ပေါ်ဒေသ မသိနားမလည်သေးသော အရိုင်းစိုင်းနာဂတိုင်းရင်းသားလူမျိုးများကို သင်ပေးရခြင်းသည် မိမိစိတ်အစဉ်မှာ ယနေ့ထိ တွေးမိလေတိုင်း ပီတိဖြစ်နေမိသည်။ မိမိတို့ တောင်တန်းဒေသ သာသနာပြုခရီးစဉ်သွားချိန်သည် ၁၉၉၄ ခု နှစ် မှတ်မှတ်ရရပေါ့။ လခသည် တလကို ၉၀၀ ကျပ်နှုန်းဖြင့် ရခဲ့သည်။ လစာကို မမြင်ခဲ့ တခါတရံ မိမိရသည့် လစာထဲမှ အိပ်စိုက်လို့ ထုတ်ခဲ့ရသည်။ နာဂတောင်းတန်း နာဂတောင်းတန်းတိ တံဋ္ဌာနံ။ တောင်ဖြုတ်သေး တောင်ဖြုတ်ကြီးတွေက အတိလာဘံ။ အေးခြမ်းလှသည့် တံဒေသံ။ ပိုက်ဆံရှိလို့မှ ၀ယ်စားလို့မရတဲ့ တောင်တန်းဒေသံ ဆိုပြီး မိမိ အမှတ်တရ လက်တန်းရေးခဲ့သော စာလေးကို ပြန်လည်သတိရနေမိသည်။ အမှန်စင်စစ် တောင်ဖြုတ်သေး.တောင်ဖြုတ်ကြီးတို့ပေါများသည်။ ဖြုတ်ကိုက်ခြင်းကြောင့် မတည့်သောသူများအဖို့ ဆင်ခြေတောက်ရောဂါလို ရောင်ကိုင်းလာတတ်သည်။ မြေပြန့်ရောက်ချိန် မိမိလက်ကို ပြန်ကြည့်မိသည်။ လက်မှာ ဖြုတ်များကိုက်ထားခြင်းခံရသော အဖြူကွက်အချို့ တွေ့မြင်နိုင်သည်။ ကျွတ်ဒတ်တို့လည်းပေါများလှ၏။ အေးလိုက်သည်မှာလည်း နွေမရှိပါ။ ဆောင်းနှင့်မိုဃ်း သာရှိ၏။ တခါ တရံ မှာ တချို့သာသနာပြုအချို့ ငှက်ဖြားရောဂါ ရရှိခဲ့သည်အမှတ်တရ။ တချို့အသက်ပေးခဲ့ရသည်။ မိမိရွာသား( န.ပ.သ ကျောင်း B.A ပြီးလို့)တောင်တန်းထွက်ခဲ့ရသည်။ တောင်တန်းတနေရာမှာ ငှက်ဖျားရောဂါနှင့် အသက်ပေးခဲ့ရသည်။ စားစရာမြန်မာငွေရှိလို့ စားခြင်တာမရခဲ့ မြန်မာငွေမရှိ။ ငွေဆိုတာ သူတို့မှာမရှိခဲ့။ တောင်ယာခုတ်ခြင်းဖြင့် ပရိယေသနအမှုပြုလုပ်ကာ စားသောက်နေထိုင်ခဲ့ရသည်။ ဆီလိုလို့ တောင်တန်းတဒေသလို့မသုံးကြ။ မိမိတို့မရောက်ခင်မှာ (ဦးနု) သည် ဆားများပေး၍ စည်းရုံးခဲ့ဘူးသည်။ မိမိတို့ခေတ်မှာတော့ အ၀တ်အစားပေးခြင်း ဆေးဝါးများပေးခြင်းဖြင့် ကုသိုလ်ယူကာ သူတို့၏ သန္တာန်မှာ အသိတရားလေးတွေရရှိလာအောင် သွန်သင်ပြောဆိုခဲ့ရသည်။  မိမိရောက်ရှိစဉ်မှာ သူတို့ ရွာဖြစ် ဘိန်းများကို ယူလျှက် အိန္ဒိယ နယ်စပ် ပန်ဆာ ဒေသသို့ သွားရောက်ကာ ဘိန်းနှင့် ဆားလဲလှည် အသုံးပြုကြသည်။ ယခု အိန္ဒိယနိုင်ငံ သုံးပီလီဆေးလိပ်သည် မိမိ ၁၉၉၄ ခု နှစ်လောက်က စတင်သောက်ဘူး၏။ သူက တမျိုး ဖင်မှ မီးညှိမှ တောက်သည်။ ရူပီးငွေ တွေ့ဘူးခဲ့သည် ထိုအချိန်အခါမှာ တရူပီးမြန်မာငွေ ၂ ကျပ်။ ယခု တရူပီး မြန်မာငွေ ၂၀ ကျပ်နီးပါးရှိနေပြီ။ မြန်မာငွေသည် ဘယ်အချိန်ဘယ်အခါကြမှ တန်ဖိုးကြီးမားတော့မည်လဲ။ ဆက်လက်ဖေါ်ပြတင်ပြပေးပါဦးမည်။( ကျောင်းသားလေး)
Sunday, May 27, 2012
သူနဲ့သာဆိုလျှင်.(.သို့) သူရှိနေလို့သာ
သူရှိနေလို့သာ
သူနဲ့သာဆိုရင်
အမှတ်တရအလှူရှင်ပေါ့
ဒီနေ့ မီးပျက်များလှသည် နေ့လည်လဲပျက် ညလဲပျက် တခါ လာလိုက် ပျက်လိုက်နဲ့ အစိုးမရပါလား ကိုရွှေမီးရယ်..။ ည အချိန်မှာ ပုံမှန်အပျက်နည်းခဲ့သည် ဒီနေ့တော့ မီးပျက်မြဲပျက်ဆဲမို့ အခန်းထဲမှ အပြင်ထွက်ပြီး လေညှင်းခံနေမိသည်။ ဗာရာဏသီ တ၀ိုက် မှောင်နဲ့မဲမဲ လရောင်က မရှိမို့ အပြင်လိုက်ကြည့်မိသည် မှောင်မဲမဲချည်းသာ။ တခါတရံ တိဘက်တက္ကသိုလ်ဆီမှ ထိန်ထိန်လင်းလို့နေသောမီး ယခုတော့ မှောင်မဲလို့ပါလား။ မိမိအိမ်မှာတော့ ဟဲ ဟဲ လင်းမြဲလင်းဆဲ လင်းလျှက်ပါလား မိမိအိမ်ရှင်  အပေါ်ထပ်မှာလည်း မီးများလင်းလျှက် မိမိအခန်းအနီးတ၀ိုက် လှည့်လည်ကြည့်မိသည်။ မှောင်မဲလို့နေကြသည်။ ကိုလာရဲ့မြည်ဟီးသံတို့ တိတ်ဆိတ်ငြိမ်သက်လျှက် တခန်းကျော်မှ ကုလားမိသားစု ရာသီဥတုဒဏ်ကြောင့် ကလေးသည် ပူလောင်သည့်ဒဏ်ကြောင့် ငိုသံမှတပါး ဗာရာဏသီတ၀ိုက်တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ အော..ငါ့အိမ်မီးထိန်လို့ပါလား။ ဟိုဘက်ခန်းက မီးမှိန်မှိန် ဒီအခန်းက မီးမှိန်မှိန် ဆီမီးထိန်ထိန်လင်းပါလို့ ဘိုးသီတို့အိမ်။ လို့ ဆိုရချေမည် နှစ်စဉ်တော့ မီးပျက်သည့်ဒဏ်အလူးလဲခံစားရသည် ဒီနှစ်တော့ (ဗီယက်နမ်ဆရာလေး၏ကောင်းမှုကြောင့်) အမှောင်ဆိုသည်မှာမရှိတော့။ ကျေးဇူးပဲ ဗီယက်နမ်ဆရာလေးရေ..။မနေ့က ဖုန်းလာခဲ့သည် သူမိသားစုတွေနဲ့ သူ့နိုင်ငံမှာရောက်ပေမဲ့ မပျော်ပါဘူးတဲ့..။နေခဲ့ဘူးတဲ့ အိန္ဒိယနိုင်ငံမှ သူငယ်ချင်းများကိုသတိရနေမိသည်တဲ့။ ဒီနေ့လဲ အင်တာနက်မှစာလာသေးသည်. အိန္ဒိယနိုင်ငံမှာ အရမ်းပူနေပြီလား ကိုလာနှင့် အင်ဗာတာစသည်တို့ အဆင်ပြေရဲ့လား..မြန်မာပြည်ကို ရောက်နိုင်အောင်သူကြိုးစားမည်ဖြစ်ကြောင်း မင်းလဲ ကျမ္မာရေးဂရုစိုက်ပါတဲ့..စသည်စည်ဖြင့် အင်တာနက်စာမျက်နှာ မှာတွေ့လိုက်တော့ တိုက်ဆိုင်မှုတွေရှိခဲ့သည်။ ဒီနေ့ မီးကလဲ ပျက်လိုက်သာ ယခု post ရေးနိုင်ချိန်ထိဖြစ်၏။ ယခု မီးပျက်နေချိန်မှာ ကျေးဇူးတင်ထိုက်သူအဖြစ် ဗီယက်နမ်ဆရာလေးကို ပြေးမြင်မိ၏။ ဒီနေ့ စာကလဲလာသည်။ မနေ့က ဖုန်းလာသည်။ တိုက်ဆိုက်မှုတို့သည် တခါတရံမမျှော်လင့်ပဲ ဖြစ်တတ်စမြဲဖြစ်၏။ ဒို့တတွေ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်သည့်အလျှောက် တယောက်ရဲ့လိုအပ်ချက်လေးတွေ ကူညီလို့ မောင်နှစ်မစိတ်ဓါတ်လေးတွေနဲ့ ကူညီပေးခဲ့ဘူးသည့်ကျေးဇူးတွေ တဦးမေတ္တာ တဦးစေတနာတွေကြောင့် သာသနာ့ ဆွေတော်မျိုးတော်တွေဖြစ်သည်အားလျှော်စွာ စေတနာထားလို့ ကူညီကာစောင့်ရှောက်ခဲ့ရသည်။ တခါ ဆောင်းတွင်းကာလ မိမိတို့အိမ်တွင်း မီးပြဿနာကြုံခဲ့ရသည်။ မိမိတို့ မြန်မာဘုန်းကြီး ဗီယက်နမ် သီလရှင် တိဘက်ဘုန်းကြီးတို့တဖက် ကုလားမိသားစု (အိမ်ငှား)တဖက် စကားများဖြစ်ကြသေး၏။ အမှန်စင်စစ် မီးသည် ကုလားမိသားစု အရမ်းသုံးစွဲခြင်းကြောင့် မိမိတို့အခဏ်း မီးမရဖြစ်တတ်သည်မို့ ပြဿနာဖြစ်ကြသည်။ ထိုအခါက အိမ်ရှင်သည် မိမိတို့ဘက်က ရပ်တည်ခဲ့သည်။ မိမိတို့ နေလာခဲ့သည်မှာ ၄ နှစ်တာရှိခဲ့ပြီဖြစ်ကြောင်း တခါမှမီးပြဿနာမဖြစ်ဘူးကြောင်း တိဘက် နှင့်မိမိတို့ ၀ိုင်းပြောခဲ့သည်။ လော်ကယ်မို့ သူအနိုင်ရယူလိုသည် သို့သော် သူအမှားမို့ သူမပြောပဲ ရှောင်ထွက်သွားသည်။ မီးပြဿနာ ခုတော့ မဖြစ်တော့။ အိမ်ရှင်မှ သူ့ကို ပြောထား၏။ တိဘက် မြန်မာတို့သည် နေတာကြာမြင့်ခဲ့ပြီဟူ၏။ မင်း အခြားအိမ်မှာ မီးအသုံးများချင်းကြောင့် ၃ ခါ နှင်ထုတ်ခံရသည်ကိုထောက်ပြလိုက်တော့၏။ မင်း ပြဿနာဖြစ်ရင် မင်းပဲသွားရမှာဟူ၏။ ဒီနေ့အိန္ဒိယနိုင်ငံသည် မြန်မာပြည်ကဲ့သို့ထူးမခြားနားဖြစ်၏။ နိုင်ငံခြားဆိုသည်မှာ အိန္ဒိယမှအပ မီးမပြတ်ကြချေ။ မိမိ စင်္ကာပူ မလေး ထိုင်း ရောက်စဉ် မိမိနေထိုင်ရာ အိန္ဒိယလိုအထင်နှင့် မီးပြတ်လား မကြာမကြာမေးဘူး၏။ ဟော ပြောရင်းဆိုရင်း သူလာပြီ မီး။ မီးလာသည်နှင့် အခန်းကိုယ်စီထံမှ ညာသံပေးလို့ ကိုလာတို့သည် မြည်နေတော့၏။ မိမိလည်း ကိုလာလေးနှင့်ဆိုတော့လဲ အပူဒဏ်ကိုအံတုလျှက် သို့သော် အအေးဒဏ်ကိုတော့ကာကွယ်ပေး၏။ သို့သော် မီတာခသည်ကား...။
Saturday, May 26, 2012
အိမ်ပြန်ချင်တယ်..ကွယ်..
အချိန်တို့သည် မကုန်နိုင်ခဲ့။ မျှော်လင့်နေရတဲ့အလုပ်သည် ဘာမှမကောင်းမှန်းသိလိုက်ရ၏။ ယခုလည်း ပူပြင်းလှတဲ့ အိန္ဒိယနိုင်ငံ၏ ရာသီဥတုသည် အပြင်ကိုမထွက်ရဲလောက်အောင် ပူနေမိသည်။ တခါတရံ မိမိချက်စားဘို့ ဆန် ဆီ စသည့် ၀ယ်စရာလေးများဝယ်ရန်သွားရမှာကို ကြောက်နေမိသည်။ အခန်းအောင်းနေပြန်တော့လဲ..ကိုလာနဲ့ လေပန်ကာ အလုပ်လုပ်နေရသည်။ သူအလုပ်လုပ်နေရတာကိစ္စမရှိ မီတာခတတ်နေပြီ။ တယူနစ် ၅ရူပီး..ဒီလ မီတာခ ၄၀၀ ကျော်လောက်ကျနိုင်၏။ အိမ်လခနဲ့တွက်ကြည့် ပေါင်းကြည့်မိတော့ ဒေါ်လာ ၅၀ လောက်ခန့်မှန်းမိ၏။ ခုတလော ဟင်းတောင်ချက်မစားရတာကြာခဲ့ပြီပဲ.ရှိတာလေးနဲ့ လွေးနေမိသည်။ လဘက်ကတော့ဒီရာသီမှာ အမိမြန်မာပြည်မှ ခရီးအသွားအလာ မရှိကြတော့ မှာဘို့မလွယ်။ ပဲဆံကြော်လေးနဲ့ နှစ်ပါးသွားရတဲ့ရက်တွေကများနေခဲ့သည်။ အသား ဟင်း ၀ယ်ဘို့ရန်လည်း မလွယ်လှ။ တနေ့ကြက်သားဟင်းစားချင်လို့ သွားခဲ့သည်။ အသေသားကားမရှိ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။ ကြက်သားဆိုင်မှာ ကြက်အရှင်တွေသာရှိသည်။ မိမိလိုချင်သော ကြက်အကောင်ကို လက်ညှိုးထိုးပြရသည်။ ဒီတော့မှ ဘယ်နှစ်ကီလိုရှိ ချိန်ကြည့်သည်။ သတ်သည် သွေးထွက်သံယိုပေါ့။ မိမိ စားရဘို့အရေး သူသေပေးရမည်။ တခါတရံတော့ အသေသားလေးများရှိတတ်သည်မို့ မကြာမကြာသွားကြည့်မိသည်။ သို့သော် နှမလက်လျှော့နေလေတော့ ဆိုသလို လက်လျှော့ကာပြန်ရတဲ့နေ့ရက်များ ဒုနဲ့ဒေး။ မိမိဘလော့စာမျက်နှာတနေရာမှာရေးထားမိသည်။ မည်သည့်အခါမှ အိန္ဒိယနိုင်ငံ ကြက်သားဝယ်မစားတော့ဟု ရေးခဲ့ဘူးသည်။ ရေးပြီးကထဲက ကြက်သားနဲ့လွဲခဲ့ရသည်။ဝက်သား ဆိုပြန်တော့ ကီလိုမီတာ ၈ ကီလိုမီတာဝေးလို့ မရောက်ဖြစ်ခဲ့။ ခရမ်းချဉ်သီးဟင်းနဲ့ ခရမ်းသီးဆီပြန်ဟင်းလေးသည်သာ မိမိနှင့် အနေပျော်နေသည်လားမပြောတတ်။ တခါတရံ သူငယ်ချင်းမှ ချဉ်ရေဟင်းလေး ချက်ပေးတတ်သည် ခု သူလဲမရှိတော့ မစားရတော့ ရှိတာလေးနဲ့နှစ်ပါးသွားနေရသည်။ ကြံကြံဖန်ဖန် လုပ်မစားတတ်သည်လည်း တကြောင်းမို့ မကြိုက်သော်လည်းကြိုက်ခဲ့ရသည်။ မချစ်သော်လည်းချစ်ခဲ့ရသည်။ ဒီရာသီအချိန်မှာ မြန်မာအစားအစားငတ်ခဲ့ရသည်။ ဘုရားဖူးရာသီလဲမဟုတ်တော့ ပူပြင်းသောနွေရာသီမို့ ဘုရားဖူးအေးဂျင့်တို့သည်လည်း ပိတ်ကုန်ပြီ။ ဒီတော့ အကျွန်ုပ်တို့သည်လည်း ရှိသည့်အစားလေးတွေ ခြွေတာစွာနှင့် အဖေါ်လုပ်နေခဲ့ရသည်။ ကော်ဖီစစ်လေးတောင် ခြွေတာလို့ အိပ်ရာထ အာရုဏ်အဖြစ်ဘုဉ်းနိုင်တော့၏။ ကျန်သည့်အချိန်များ မသောက်ရက် ။ ဘယ်အချိန်ထိနေရအုံးမည်ဆိုတာ မဝေခွဲတတ်သေး။ အမိတက္ကသိုလ်ကြီး၏ ကျောင်းကြီးကလဲပိတ်ထားခဲ့သည် ပြန်လည်စတင်ဖွင့်လှစ်ချိန်အထိ ဇွဲဖြင့် စောင့်နေမိသည်။ မိမိ၏ ဗီဇာသည်လည်းကုန်တော့မည်။ သူငယ်ချင်းများအရှိုရှိုပြန်ခဲ့ကြသည်။ ပြန်ချင့်သည့်စိတ်များတားမရခဲ့။ သို့သော် ပြန်ခဲ့ရင် ပြန်လာဘို့ မသေခြာတော့ ။ ရှိသည့်ဗီဇာလေးနှင့် စောင့်လိုက်ဦးမည်ဟု တွေးမိလိုက်၏။ ပူလိုက်သာမှမပြောနဲ့တော့ အမိမြန်မာပြည်ကို မေးကြည့်မိသည် မိုဃ်းတွေရွာနေသည်တဲ့ ။ အိန္ဒိယနိုင်ငံသည် မိုဃ်းနဲဒေသဖြစ်သည်မို့ မိုဃ်းနဲဒေသ ဖြစ်လင့်ကစား မျှော်နေမိသည် ကိုရွှေမိုဃ်း ရယ်။မိမိနေရာမှာ မနက်မိုးလင်းချိန်လေးပဲ နေရောင်သင်သည် ကျန်သည့်အချိန် နေရောင် နဲသည်မို့တော်သေး။ ရှေ့မှာ သူရှိနေသည် လေခြူပင်လေး သူအရိပ်ပေးသည်။ သူနဲ့အသက်ရှင်နေရသည်။ တခါတရံညညများ သူ၏ အောက်မှာ တယောက်ထဲ လမ်းလျှောက်လိုက် ထိုင်ခံလေးမှာထိုင်လိုက်နဲ့အချိန်ကုန်စေခဲ့သည်။ တနေ့ အိမ်တွင်းပုန်းပြီး ကိုလာလေးနဲ့ စာကြည့်နေမိသည်။ ကိုလာသည် ဆူညံနေ၏။ အပြင်မှတံခါးခေါက်လျှက် မိမိမသိ စာထဲစိတ်ဝင်စားနေမိသည်။ (ဒေါက်..ဒေါက်..ဒေါက်.။ ဟလို..ဟလို..ဟလို. )မိမိအမှန်ပင်မကြား ။တံခါးကို နာနာထုနှပ်သည်။ မိမိဒီတော့မှ တံခါးပေါက်ကိုအကြည့်ရောက်မိတော့၏။ TSE YANG (တိဘက်ဆရာလေး)ပေါ့။ လက်ထဲမှ ငါးသေတ္တာဘူး နှင့်သရက်သီးအမှည့် ၂လုံးကိုင်လျှက် နမာစတေးဆိုပြီး ၀င်လာခဲ့တော့၏။ မိမိအပြင်မထွက်သည်ကို သူသိသည်။ ငါးသေတ္တာဘူးများလာလှူသည်ဟူသတတ်။( ဗဟုဒန်နဲဘား =thank you)ဆိုပြီး စကားပြောဖြစ်ကြ၏။ သူလည်းအခန်းအောင်းပြီးတရားထိုင်နေကြောင်း အမှန်စင်စစ် သူသည်လည်း တရားထိုင်ရတာ စိတ်ဝင်စားကြောင်း မြန်မာပြည်ကို တရားထိုင် လာဦးမည်ဖြစ်ကြောင်း ပြောသည်။ ကော်ဖီမစ်လေးတခွက်စီဖျော်ပြီး သောက်ကြသည်။ မိမိမှလည်း နွေရာသီသောက်သုံးရန်အတွက် လိမ္မော် ဓါတ်ဆားထုတ်(၁၅ )ထုတ်လှူလိုက်သည်။ ဒီနေ့အဖို့ အမှတ်တရအဖြစ် ဤpost လေးတင်မိလိုက်ပါ၏။ နွေရာသီမှာ အပူဒါဏ်လေးများနဲ့ ဝေးကွာနိုင်ကြပါစေလို့…
ရီတူးဂျိန်း၏ မွေးနေ့ပေါ့..
သူ၏ မွေးနေ့ပေါ့
ဒီနေ့ (၂၅.၅.၂၀၁၂)ကုလားမညီမလေးတယောက်ပေါ့။ သူက ၁၂ တန်း မွေးနေ့မို့ ဘန္တေဂျီ တခုခု လာစားပါဆိုတာနဲ့ သွားခဲ့တယ်ပေါ့။ ထူးထူးခြားခြားဒီနေ့ ဂျိန်းဘုန်းကြီးတွေလဲ ကားပေါင်းများစွာနဲ့ လာတာတွေ့ရတယ်။ ဗာရာဏသီမြို့မိဂဒါဝုန်အနီးနားမှာ သူတို့ကျောင်းရှိတော့ ပူဇာကရဏလုပ်တယ်ဆိုလား မိမိလည်း စက်ဘီးလေးနဲ့ဝါသနာအရ သူတို့နားချဉ်းကပ်ခဲ့တယ်ပေါ့။ ဒါပေမဲ့လဲ သူတို့ကလဲ အချိန်ပိုင်းနဲ့တွေ့ရသည်ဆိုပဲ ဟဲဟဲ အချိန်ကုန်ခံတော့စောင့်တော့ဘူး ဆိုပြီး ဝေ့လည်လည်နဲ့ သူတို့အနီးနားတနေရာမှထွက်ခွာခဲ့ရတယ်ပေါ့။ မွေးနေ့ကတော့ထူးထူးခြားခြားတော့ဟုတ်ပါဘူး.နှစ်စဉ်ကျွေးနေကြ မိထားပေါ့။ မိထားသည် အိန္ဒိယနိုင်ငံ၏ နာမည်ကြီးမုန့်ဖြစ်၏။ မလိုင်တို့ဖြင့်ရောနှောကာ မိမိအား တဘူးစားစေ၏။ အနားမှာရေတဘူးလာပေးထား၏။ ပူတီ=ဂျပါတီက တပုဂံ ပဲဟင်းအာလူးငြုပ်သီးတို့ဖြင့် ရောနှောကာချက်ထားသည့် ပူတီဖြင့်စားရသည့် ဟင်းကတပုဂံမို့ အစားချေးများတတ်သော မိမိအဖို့ မိထားလဲ ထိုလားထိုလား= အနည်းငယ်စီ။ စားခဲ့၏။ သူသည် မြန်မာစကားအနည်းငယ်တော့ပေါက်၏။ လုံးစေ့ပတ်စေ့တော့ သူမပြောတတ်ပါ။ သို့သော် မြန်မာစကားပြောတတ်ခြင်း သူတို့၏ ပါပါ= အဖေရှိစဉ်က ဆွေမျိုးလိုနေလာသည်နှင့်အမျှ ဆွေမျိုးရင်းခြာပမာနေလာခဲ့သည် နှစ်ပေါင်းပရိစ္ဆေဒကြာမြင့်ခဲ့ပြီပဲ။ ဒီလိုမြန်မာနည်း မြန်မာ့ဟန်လေးတွေနဲ့ အမှတ်တရ ရှိလာတော့လဲ အနည်းငယ်တော့သဘောကျနေမိသည်။ တခါတရံ မိမိ မလာဖြစ် မရောက်ဖြစ်ခဲ့သော် မနေ့က ဘာလို့မလာတာလဲ စသည်ဖြင့် ပြောလာကြသည်။ အမှန်စင်စစ် မိမိထိုအိမ်ကို နေ့စဉ်သွားနေကြ။ မိသားစုတို့၏ ဖေါ်ရွှေမှုကြောင့် မကြာမကြာရောက်ရှိခဲ့သည်။ တခါတရံ ပူတီဖြင့် တခါတရံ လဘက်ရည်ဖြင့် ဧည့်ခံတတ်သည်။ မိမိလည်း ဖရဲသီး သပျစ်သီးတို့ဖြင့် အိမ်မှကလေးငယ်များအား အမှတ်တရ ကျွေးမွေးခြင်းကြောင့် မိမိရောက်သည်နှင့်  ကလေးများသည် ဘန္တေဂျီ ဆိုပြီးအနားသို့ရောက်လာတတ်စမြဲမို့..။ ခင်ခင်မင်မင်ရင်းရင်းနီးနီး ဖြစ်လာခဲ့ကြသည်။ ထိုအိမ်မှ ဒကာကြီး မိမိမြန်မာပြည်ပြန်စဉ် ပိုက်ဆံနည်းနေသော် ခဏတာ ယူပြီး အိန္ဒိယပြန်ရောက်မှ ဆက်ရသည့် အခါတို့လည်းရှိခဲ့ဘူး၏။ ကုလားဆိုသည်မှာ သူတို့ဆီမှ ပေးရမည်ဆိုလျှင် နှမြောတွန့်တို့တတ်ကြသည်။ သို့သော် မိမိအဖို့ သုံးလေးထောင် မငြင်းခဲ့။ ၂၀၀၇ ခုနှစ်က ထိုမိသားစု မှ မိမိအားမြန်မာပြည်ပြန်စဉ်အမှတ်တရ ခြုံထည်တထည်လှူခဲ့ဘူးသည်။ နှစ်စဉ်ပြန်တိုင်း ဘုရားပုံတော်များ အမှတ်တရ ပေးလိုက်သည်။ မိမိလည်းအမိမြန်မာပြည်မှပြန်ရောက်သည်နှင့် ယူထားသောငွေ ကို ပြန်ဆက်ရင်း ကော်ဖီမစ်များ မြန်မာပြည်အမှတ်တရလေးများနဲ့ လက်ဆောင်ပြန်လည်ပေးခဲ့ရသည်။ မွေးနေ့ရှင်အတွက် အမှတ်တရ အိပ်လေးတလုံးလက်ဆောင်ပေးခဲ့သည်။ မေတ္တာသည် ရောင်ပြန်ဟပ်သည်။ တဦးရဲ့မေတ္တာတဦးနားလည်သည်။ ဒီနေ့အဖို့ ကုလားနိုင်ငံ၏ မွေးနေ့ပွဲတပွဲကို ပူတီ မလှိုင်မုန့်တို့ဖြင့် မနက်စာအဖြစ် ဘုဉ်းလိုက်ရတော့၏။
Thursday, May 24, 2012
အိပ်မက်ဟူသောအကြောင်းကြောင့် ဗုဒ္ဒဘာသာဖြစ်ခဲ့ရသည်။
ဘာသာတခုပြောင်းဘို့ရန်ခက်ခဲလှ၏။ ဘာသာအယူဝါဒပြောင်းလွဲလိုက်သည်နှင့် ၄င်းတို့၏နောက်ကွယ်မှာ ၀ိုင်းပယ်ခံရမှု တို့သည် ခက်ခဲမှုတွေရှိတော့၏။ မိမိတွေ့ဘူးခဲ့သည် ၃၆ လမ်းတွင်ရှိသော ညီကိုမောင်နှစ်မတစု။ သူတို့သည် မူဆလင်ဘာသာဝင်တွေဖြစ်၏။ သို့သော် မိမိတို့ နယ်သူ(မြင်းခြံမှ)ညီမတယောက်နှင့် ထိုအိမ်မှအမျိုးသားတယောက်နှင့် အကြောင်းပါခဲ့၏။ ညီမအိမ်ရောက်ရှိလို့ မကြာခင်အချိန် အတွင်းမှာ သူတို့၏ အယူဝါဒတို့သည်ကား  ထူးဆန်းစွ။ညီမငယ်တယောက် မိမိဆီရောက်လာသည်နှင့်  အိမ်၏ အကြောင်းစုံပြောပြသည် အိမ်မှာ စကားမပြောတတ်သော ညီမ ၂ယောက်ရှိကြောင်းခရားရေလွတ်ပြောပြသည်။ အိမ်၏ ဝေယျာဝစ္စများ မနက်မိုးလင်းသည်နှင့်အားကိုးရသည်ဟူ၏။၎င်း စကားမပြောတတ်သောညီမ ၂ ယောက် လုပ်သည်ဟူ၏။ အိမ်မှာ စက်ချုပ်သူ လည်းရှိ၏။ထိုစက်ချုပ်သူစာရင်းမှာ စကားမပြောတတ်သောညီမလဲပါဝင်၏။ ဆရာမလည်းရှိ၏။ အိမ်သို့ရောက်သွားခဲ့သည် (လွန်ခဲ့သည့်နှစ်များစွာက) အိမ်ရောက်သည်နှင့် အိမ်တွင်ဘုရားခန်းများကို ကြည့်မိသည်။သန့်ရှင့်သပ်ရပ်စွာနှင့် ကျက်သရေရှိလှသည်။ မိမိထိုင်လိုက်သည်နှင့် စကားမပြောတတ်သောညီမ၂ ယောက်ထွက်လာကာ သေချာစွာ လက်အုပ်ချီလျှက်ဦးချရှိခိုးသည်။ ကြက်သီးများတောင်ထနေမိခဲ့ ပြန်လည်စဉ်းစားမိတိုင်းပေါ့။ ထိုအချိန်ကား ပက်ပ်စီ(အအေး)ခေတ်စားသည် ဦးချပြီးသည်နှင့် စကားမပြောတတ်သောတယောက်ထဲမှ လက်မကို ထောင်ပြပြီး ပါးစပ်သို့တတ်ပြသည် တိုးညှင်းသောလေသံ သဘောမျိုးဖြင့်ပြောပြသည်။ မိမိညီမမှ ဦးဇင်းကို ပက်ပ်စီအအေးကပ်မည်ဟု ပြောတာဟူ၏။ သူ၏ လုပ်အားခမှရသော ငွေဖြင့် ကုသိုလ်ယူသည်။ စက်ချုပ်လို့ရသည့်ပိုက်ဆံများစုထား၏။ဘုရားပန်းဝယ်သည်။ ကျန်တယောက်မှရယ်လျှက် မိမိအား အပြုံးနှင့်နှုတ်ဆက်သည်။ မိမိ နှစ်သက်မိသည်။ သူတို့၏ စိတ်ရင်းသဘောထားများကိုသိလိုက်ရသည်နှင့်ပေါ့။ ဥစ္စာစောင့်ဘ၀ဟုလည်းပြော၏။ သူတို့၂ ယောက်သည် တယောက်သည် ရုပ်ရှင်သရုပ်ဆောင်ခင်သန်းနုနှင့်ဆင်သည်။ ကျန်တယောက်မှာမူ မနှိုင်းတတ်တော့။ ထွေရာစကားများပြောဖြစ်ကြသည်။ အိမ်ရှိ လူများအားလုံးမိမိရှေ့မှ ရိုသေစွာထိုင်လျှက်မို့ ၀မ်းသာဂုဏ်ယူနေမိသည်။ မတွေ့တာကြာပြီမို့ နေများကောင်းကြပါလေစ ဟု တွေးနေမိရင်း မေတ္တာပို့နေမိသည်။ သူတို့နှင့် ၂ နှစ် တာခင်မင်မှုရှိလာခဲ့ကြသည်။ တနေ့ ထိုအိမ်မှ လူတယောက်အနိစ္စရောက်သည် ဗုဒ္ဒဘာသာအလိုကျ မိမိအပါဝင် ၅ ပါးဆွမ်းပင့်ကပ်သည်။ မှတ်မှတ်ရရပေါ့.။တစ်ကျပ်တန်တို့ခေတ်စားချိန် တစ်ကျပ်တန်ပါကင်တအုပ်စီနှင့် စုပေါင်းကုသိုလ်ပြုကြသည်။မမေ့နိုင်ခဲ့ချေ။ သူတို့ယခုလို ဘာသာဝင်ပြောင်းလွဲလိုက်လို့ ၀ိုင်းပယ်ခံခဲ့ရသည်ဟူ၏။ ရှိစေတော့ အမှားအမှန်ဝေဖန်ခွဲခြားတတ်ပါစေ။ မိမိဗုဒ္ဒဘာသာ ကောင်းသည်ဟု မပြောလိုပါ လာရောက်လေ့လာနိုင်ပါကြောင်း မြတ်စွာဘုရားအတိအလင်းကြော်ငြာထားခဲ့သည်။ “ဧဟိပဿိကော”လာရောက် လေ့လာပါ။ မစည်းရုံးပါ။ ကိုယ်ကြိုက်လျှင် ကိုယ်ကိုးကွယ်ပါ။ မည်သည့်ဘာသာကိုမျှလဲ မပုတ်ခတ်ခဲ့ချေ။ ကြိုက်သောသူတို့ရောက်လာကြမည်သာ။  စာပေတခုမှာတွေ့ဘူးခဲ့သည်။ ကွယ်လွန်အနိစ္စရောက်ပြီးမှ အိပ်မက်ပေး၍ ခရစ္စယာန်ဘာသာတယောက် ဗုဒ္ဒဘာသာဝင်သို့ ရောက်လာခဲ့သည်။ မိသားစုလိုက်ဖြစ်၏။ သေသူသည် အိပ်မက်ဆိုသည်မှာ ဂရောင်ချောက်ခြားမက်သည်ဟု ထင်မြင်ပြီး ဘာသိဘာသာနေလိုကရနိုင်၏။ သို့သော် ကျွတ်ထိုက်သည့် သူဖြစ်လာပါက ကျွတ်ထိုက်သည်သာ။ မြတ်စွာဘုရားရှင်သက်ရှိထင်ရှားရှိစဉ်က မနက်မိုးလင်းသည်နှင့်ကျွတ်ထိုက်သူများကို ဥာဏ်ကွန်ယက်ဖြင့်ကြည့်ရှုဆင်ခြင်သည်။ ကျွတ်ထိုက်သူဖြစ်ပါက ခရီးယူဇနာမည်မျှဝေးပါစေ မြတ်စွာဘုရားရှင်သည် အရောက်သွားကာ ကျွတ်ထိုက်ကယ်တင်တော်မူခဲ့၏။ ယခု ခရစ္စယာန်ဘာသာဝင်တယောက်သည် ငယ်ရွယ်သူဘ၀နှင့် သေမင်းရဲ့ချိန်းချက်မရှိပဲ သေသွားခဲ့ရသည်။ ကျန်ရစ်သူမိသားစုသည် ဖြေဆည်မရတသသနှင့် အချိန်ရှိသရွေ့ နှမြောတသငိုကျွေးနေတော့၏။ နှမြောတသ ငိုကျွေးမှုတို့သည်လည်း အချိန်ကြာသည်နှင့်အမျှ မေ့လျှောသွားတတ်ကြ၏။ “ပျောက်သောသူရှာရင်တွေ့ သေသောသူ ကြာရင်မေ့ဆိုသလို”။ မေ့ပျောက်သွားခဲ့ကြသည်ပေါ့။ တနေ့မေ့ပင်မေ့ငြားသော်လည်း ဖခင်တယောက်သမီးဖြစ်သူမှ အိပ်မက်တွေပေးခဲ့သည်။ တရက် အိပ်မက်ပဲလေ အစွဲလမ်းကြောင့်မက်တာပဲဖြစ်မည်ဟု မေ့မေ့လျော့လျော့နေလိုက်၏။ နောက်တရက် အိပ်မက်ပေးပြန်သည်။ သူမိသားစုကိုတော့ သူမပြောပြမိခဲ့။ အိပ်မက်ထဲမှာတော့ သမီးတယောက်၏ အစားဆင်းရဲ အ၀တ်ဆင်းရဲ ကိုယ်တုံးချည်း(မိမွေးတိုင်း)တွေခဏခဏ မြင်မက်သည်။ သမီးကို အိပ်မက်ထဲမှာတွေ့လိုက်ရတော့ စိတ်မကောင်းလိုက်သည်ဖြစ်ခြင်း။ လမ်းဘေးလူများစွန့်ပစ်ထားသော ထမင်းလုံးများကို ကောက်စားနေသည်ပုံတွေ နေစရာမရှိလို့ သူများတွေ အိပ်နေချိန်မှ တိုးဝှေ့ကာအိပ်ရသည့်ပုံတွေ အ၀တ်မပါပဲ လျှောက်သွားနေသည့် သမီး၏ အိပ်မက်ထဲမှ ပုံရိပ်တွေထင်လာခဲ့သည်။ စိတ်သောကတို့သည် တနေ့တနေ့ နေ့စဉ်မြင်မက်သော အိပ်မက်အကြောင်း သမီး၏ ပုံရိပ်တို့သည် မျက်စိမှမထွက်တော့ မိဘတိုင်းသည် သားသမီးတွေအပေါ် ချစ်တတ်ကြ၏။ သားသမီးများဆင်းရဲသည်ကို မကြည့်ရှုလိုခြင်းသည် မိဘတိုင်း၏ နှလုံးသည်းပွတ်မှာရှိတတ်စမြဲမို့။ အိပ်မက်အကြောင်း နားလည်သူကိုမေးရတော့မည်မို့ စိတ်ဖြေရာတခုအနေနဲ့ သူငယ်ချင်းဖြစ်သူအား ရင်ဖွင့်မိသည်။ သူငယ်ချင်းဖြစ်သူသည်လည်း ဘာသာရေးအနည်းကျဉ်းနားလည်သူမို့ တတ်သိနားလည်သလောက် သူရှင်းပြသည်။ သူ၏ မျက်နှာသည်အပြုံးရောင်သန်းလာသည်။ သို့သော် သူ၏ မျက်နှာသည် ပြန်လည်ညှိုးနွမ်းလျှက်နဲ့မို့ သူငယ်ချင်းဖြစ်သူကို တချက်ကြည့်ကာ သူငယ်ချင်းရာ ..ငါတို့က ခရစ္စယာန်တွေလေတဲ့..မင်းတို့ဘုန်းကြီးတွေ ခေါ်လို့လိုက်ပါ့မလားတဲ့။ ခေါ်တယ်လို့မပြောရဘူး.ပင့်ဖိတ်ပြီး သေသူကိုရည်စူးပြီး ကုသိုလ်ကောင်းမှုပြုလုပ်ပေးရတယ်လေ။ ငါတို့ဗုဒ္ဒဘာသာတွေက သေပြီးသည်နှင့် ရက်လည်ဆွမ်း လလည်ဆွမ်းတို့ ဘုန်းကြီးတွေ ပင့်ဖိတ်ပြီး ကုသိုလ်ကောင်းမှုပြုလုပ်ရသည်။ အစားဆင်းရဲခဲ့လျှင်သော်၎င်း,အ၀တ်ဆင်းရဲခဲ့သော်၎င်း, ဆွမ်းလှူဒါန်းခြင်း, အ၀တ်သင်္ကန်းလှူဒါန်းခြင်းဖြင့် သေသူကိုရည်စူးပြီး ကုသိုလ်ကောင်းမှုပြုလုပ်ကြသည်။ အကယ်မို့ သူငယ်ချင်းဆန္ဒရှိရင်တော့…….ဟု စကားပင်မပြီးဆုံးသေး..ငါသဘောပေါက်ပါပြီလေ..။ဟု ဆိုပြီး ဘုန်းကြီး(သံဃာတော်)တွေ အိမ်သို့အပင့်ခိုင်းသည်။  လက်တွေ့အကောင်ထည်ဖေါ်လိုက်မိသည်။ ရက်လည်ဆွမ်းပင့်သည်။ ငါးပါးသီလကိုပင် မဆိုတတ်ချေ။ သို့သော် သူငယ်ချင်းဖြစ်သူ၏ အကူညီဖြင့် ငါးပါးသီလခံယူစေခဲ့၏။ တရားနာယူသည်။ ထိုအချိန် ဆရာတော်များဟောသည့်တရားသည်လည်း ဒကာတော်ပြောထားသည်နှင့် ပါဠိ ပါဠ်သား တွေနဲ့မို့ အထောက်ထားတွေခိုင်လုံစေခဲ့သည်မို့ ရေစက်ချပြီး ဆွမ်းကပ်သည့်အမှုပြီးဆုံးခဲ့သည်။ ညအိပ်ချိန်ရောက်လို့ သမီး၏ အိပ်မက်တွေ မက်မှာကို သူကြောက်နေမိသည်။ အိပ်ရမှာကို သူအတွက် ကြောက်လန့်နေမိ၏။  အတွေးတို့သည်ယောက်ယက်ခပ်လျှက် အိပ်ပျော်သွားခဲ့သည်။ သူထင်ထားသလို မဟုတ်ခဲ့။ သူ၏ သမီးမှာ အဖေ ရေ ကျေးဇူးတင်လိုက်တာ အဖေတို့ရယ်တဲ့..။ သမီးမှာ ကိုယ်ရောင်ကိုယ်ဝါတွေက တောက်ပလို့ အစားလဲမဆင်းရဲတော့ပါ ။ အနေလဲမဆင်းရဲတော့ပါ သမီးဝတ်ထားသော အ၀တ်များသည်လည်း တောက်ပလျှက် တွေ့ရှိခဲ့သည်မို့..။အိပ်မက်မှလန့်နိုးသည်။ တကယ်ပဲသမီးဖြစ်လေမလားသူလိုက်ရှာကာကြည့်ရှုမိသည်။ အမှန်စင်စစ်မှာ သမီးအတွက် ကုသိုလ်ကောင်းမှုအမှတ်တရ ပြုလုပ်ပေးသည့်အတွက်ကြောင့် သမီး၏ အစားအစားတွေရရှိလာကြောင်း အ၀တ်အစားတွေလဲပြည့်စုံလာကြောင်း အိပ်မက်လာပေးခဲ့သည်။ မနက်မိုးလင်းတော့ သူ၏ မျက်နှာသည် အပြုံးပန်းများနှင့် မိသားစု များကိုပြောပြခဲ့သည်။ သူ၏ အိမ်သူမှလည်း ကျုပ်လဲ ဒီအတိုင်းပဲ မက်တာဟူ၏။ သမီးလေးများလှလိုက်တာ နတ်သမီးလေးကျနေတာပဲ.တဲ့။ သူနှင့်သူတို့မိသားစုသည်..ဒီနေ့ဒီရက်မှစတင်ပြီး..အ ဇ္ဇတဂ္ဂေ ပါဏုပေတံ ဗု ဒ္ဓံသရဏံ ဂစ္ဆာမိ..ဟု သမီးအိပ်မက်ကိုအကြောင်းပြုကာ ခရစ္စယာန်ဘာသာဝင်မှသည် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်ရှိလျှက်..
"မှန်ကန်သောလမ်းကိုဆုံးဖြတ်နိုင်သောသူ"
အောက်ပါ ဆောင်းပါးကို မေးတခုမှတွေ့၍ ဘာသာတရားအယူဝါဒတခုမှ အယူဝါဒတခုသို့ကူးပြောင်းခဲ့သည်မို့ စိတ်ဝင်စားမိ၏။ မိမိလည်း အကြောင်းအရာတခု တင်ပြလိုပါသည်။ ယခု ခရစ္စယာန်ဘာသာမှသည် ဗုဒ္ဒဘာသာအယူဝါဒသို့ ကူးပြောင်းခဲ့သည်မို့ အမှတ်တရပြန်လည်မျှဝေလိုက်ပါ၏။
ကျွန်တော်ခုတင်တဲ အကြောင်းအရာလေးကတကယ့်အဖြစ်ပါ အဲဒိမိတ်ဆွေကလည်းကျွန်တော်တိုနားမှာရှိနေပါတယ်။ အခုဒီပိုစ်ကိုလည်းသူ့ဆီမှာခွင်တောင်းပြီးမှ
တင်တာပါ မတင်ခင် စာထဲမှာပါတဲ အကြောင်းအရာတွေအားလုံးသူပြောတာနဲ့မကိုက်ညီတာ ပိုတာလိုတာရှိရင်မကြိုက်တာရှိရင်ဖယ်ရှားပေးနိုင်အောင်လို့postမတင်ခင်သူဆီကို မေလ်ပိုး
ပြီးအကြောင်းကြားခဲ့ပါတယ် ။ သူဘက်က ဒီအတိုင်းအားလုံမှန်ပါတယ်။ခွင့်ပြုပါတယ်တင်ပါဆို
မှသာဒီ Forever Friends ဆိုဒ်မှာ တင်လိုက်တာပါ အားလုံးသောသူငယ်ချင်းတွေဗဟုသုတ ရစေဖို့ရည်ရွယ်ပြီးတင်လိုက်တာပါ အထူးသဖြင့် တကယ့်အရေးရယ်လို့ကြုံလာခဲ့ရင် ကျန်းမာရေး မကောင်းသူများအတွက်
ဘာလုပ်သင့်တယ်ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတာကိုသိစေချင်တဲ့သမ္မာဆန္ဒလေးနဲ့ကြိုတင်ပြင်ဆင်မှုရရှိစေရန် ရည်ရွယ်၍၄င်း
ဘာသာခြားတယောက်ရဲ့ မှန်ကန်သောဆုံးဖြတ်မှုကို အများသူငါတို့သိစေလိုသောဆန္ဒကြောင့်မို့စေတနာနဲ့တင်လိုက်ခြင်းဖြစ်ပါကြောင်း။သူနာမည်ကိုဖျောက်လို့လူငယ်လေးလိုဘဲပေးလိုက်ပါတယ် သူငယ်စဉ်အခါကဖြစ်ခဲ့တာမို့လိုအဲဒီလူငယ်လေးဟာအသက် ၉နှစ်သားလောက်မှာ ကစားရင်း သူခေါင်းကွဲခဲရပါတယ်။သူမိဘတွေကသူကို ဆေးခန်းခေါ်သွားပြီး ဆရာဝန်နဲ့ပြတဲ့အခါမှာ ဆရာဝန်ကလိုအပ်တာတွေအားလုံးလုပ်ပေးပြီးသူ၏မိဘများအား ခင်ဗျာတို့ကလေးက သွေးကင်ဆာ
ရောဂါလက္ခဏာတွေ့နေရတယ်ဆေးရုံကိုအမြန်သွားပြီးသွေးသွားစစ်ပါဆိုပြီးခိုင်းလိုက်ပါတယ်။သူ၏
မိဘများကလည်းစိတ်ပူသွားပြီးဆေးရုံကိုချက်ချင်းပြေးကြပေါ့ ဆေးရုံကသွေးစစ်လိုက်တဲ့အခါ
အဖြေကားဆေးခန်းကဆရာဝန်ပြောတဲ့အတိုင်းဘဲသွေးကင်ဆာဖြစ်နေပြီဆိုတဲ့အဖြေကိုရရှိလိုက်ပါတော့တယ် ။အဲဒီအချိန်ကစပြီးထိုလူငယ်လေးဟာသွေးစသွင်းရပါတော့တယ်။စသွင်းတုံးကတော့ ၃ လတစ်ကြိမ်သွင်း
ရပါတယ် နောက်တော့၂ လတခါဖြစ်လာပါတယ် ။ဒီလိုနဲနောက်တော့၁ လတစ်ခါဖြစ်လာပါတော့တယ်၁ လတစ်ခါသွင်းနေတာကနေ၃ပတ်တစ်ခါနဲ့သွေးသွင်းရက်တွေဟာတဖြည်းဖြည်းနဲ့စိတ်စိတ်လာပါတော့တယ် အဲဒီနောက်မှာတော့ဆေးရုံမှဆရာဝန်ကြီးတွေက သူ၏မိဘများအားကလေးကို ဆေးရုံမှာဘဲထားမှဖြစ်
မည့်အကြောင်းမထားလိုမဖြစ်တော့ဘူးဆိုပြီးပြောကြားလာပါတယ်။မိဘတွေကလည်း ဆရာဝန်ညွန်ကြားသည့်
အတိုင်းဆေးရုံတင်လိုက်ပါတော့၏။ဒီလိုနဲ ထိုလူငယ်လေးဟာဆေးရုံမှနေ့စဉ်ဆိုသလို သွေးသွင်းခြင်း
ကိုခံရ၏။ သူ၏လက်နှစ်ဘက်စလုံးဟာလည်း နေ့စဉ်သွေးသွင်းနေရသည့်အတွက်ကြောင့်
အပ်ပေါက်ရာတွေဟာနေရာလွတ်မရှိတော့ချေ။လက်နှစ်ဘက်စလုံးမှာလည်း ရောင်ကိုင်းပြီး အထိပင်မခံနိုင်တော့ပချေ။ဒီလိုနဲ့သူခန္ဓာကိုယ်ထဲက သွေးတွေဟာနည်းသထက်နည်းနည်းလို့လာပါတော့တယ် ။သူပြောပြတာကသွေးတွေလျှော့နည်းသွားတဲ့သူရဲ့ခန္ဓာကိုယ်ကြီးဟာရေအပြည်မရှိတဲရေဘူးတစ်လုံးလိုဖြစ်
နေပါတယ်သူခန္ဓာကိုယ်ထဲကသွေးတွေဟာ ရေ၏သဘောအတိုင်းနိမ့်ရာမှ့မြင်ရာသိုစီးဆင်းလိုနေပါတယ် သူအိပ်နေရင်းသူရဲ့သွေးတွေဟာအနိမ့်ပိုင်းဖြစ်တဲ့ကျော ဘက်ကိုအကုန်လုံးစီးဆင်းသွားပြီးအပေါ်ပိုင်းခန္ဓာကိုယ်
ပေါ်မှာသွေးတွေရှိမနေတော့။ဒီလိုဘဲ ထိုင်လိုက် အိပ်လိုက်လုပ်နေမိသည်။ထိုင်လိုက်ပြန်ရင်လဲသွေးတွေဟာ အောက်ပိုင်းက
ိုစီးဆင်းကုန်ပြီး ခန္ဓာကိုယ်အထက်ပိုင်းမှာသွေးတွေမရှိတော့ပါ ။ သွေးတွေအပြည်အဝမရှိတော့တဲ့
အတွက် ထိုလူငယ်လေးဟာ တချိန်းလုံးအမောဖောက်တဲ့ဝေဒနာဆိုးကြီးကိုခံစားနေရပါတော့တယ်ပေါ့။ဆေးရုံတွင်
၆လ လောက်ကြလာတဲ့အခါမှာတော့ဆရာဝန်ကြီးများကသူ၏မိဘများအား ခင်ဗျားတို့ကလေးအတွက် ကျွန်တော်တို့စိတ်မကောင်းပါဘူး ဒီကလေးဟာဒီ ၁ လ ၂ လ အတွင်းမှာကိုသေရပါတော့မယ် အဲဒီအတွက်ကြောင့်ကလေးကိုအိမ်ပြန်ခေါ်သွားပြီး သူစိတ် ဆန္ဒရှိသည်အတိုင်း(သူ့၏ဆန္ဒအတိုင်းလိုက်လျောဘို့ )လုပ်ပေးလိုက်ကြပါ ကလေးကိုနောက်ဆုံးအချိန်စိတ်ချမ်းသာအောင်ထားပေးလိုက်ကြပါဆိုပြီးသူ၏မိဘများထံသိုပြန်လည်အပ်
နှံလိုက်ပါတော့သည်။ဒီလိုနဲ့အိမ်ရောက်တဲ့အခါမှာသူ၏မိဘများကသူအားသားဘာလုပ်ချင်လဲပြောလေ။ သားဆန္ဒကို အမေတို့ လိုက်လျောမယ်လေ လို့  မျက်ရည်ရွှဲရွှဲဖြင့် မိဘဖြစ်သူသည် သူလုပ်ချင်တာအကုန်လုပ်ပေးမယ်ဟုပြောပါတော့တယ်။အသက်ပင်ကောင်းကောင်းဝအောင်မရှုနိုင်တဲ့ ကလေးဟာ ကိုယ့်ကိုကိုယ် သေရတော့မယ်ဆိုတာသိနေတာကတစ်ကြောင်းဆေးရုံပေါ်မှာနေ့
စဉ်လိုလိုသူနဲ့သက်တူရွယ်တူ ကလေးငယ်လေးတွေသူမျက်စိရှေ့တွင်တစ်ယောက်ပြီးတစ်ယောက်သေသေ
သွားတာကိုမျက်ဝါးထင်ထင်မြင်တွေနေရခြင်းတို့ကြောင့် သူမှာ ဆော့စကားချင်စိတ်လည်းမ
ရှိ ။စားသောက်ချင်စိတ်လဲမရှိ ။ဟိုဟာလိုချင်ဒီဟာလိုချင်စိတ်လည်းမရှိတော့ချေ။သူစိတ်ထဲမှာကိုရင်လေးဝတ်ရ
ရင်ကောင်းမှာဘဲဟု ဖြစ်ပေါ်လာမိတယ်ပေါ့။အမှန်မှာ သူတို့သည် သူတို့၏ဘာသာတရားကားခရစ္စယာန်ဖြစ်နေလို့နေ၏။သူ၏မိဘများအား ကိုရင်ဝတ်ချင်ပါတယ်ဟုပြောလိုက်ပါတောတယ်။
တကယ်တော့ ထိုလူငယ်လေးဟာဗုဒ္ဓဘာသာနဲ့ရင်းနှီးပြီးကြီးလာရသူမဟုတ်ခဲ့။ ခက်သည်ကား အဖေက ဗုဒ္ဓဘာသာဝင်ဖြစ်
ပေမယ့်သူသားကိုဘာသာရေးအကြောင်းပြောပြဖို့အချိန်မရအောင်ပင်မိသားစ၏ုစားဝတ်နေရေးအတွက်လုံး
ပန်းရင်းနဲ့မအားလပ်ခဲ့ပါ။သို့သော် ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့အမေကတော့ခရစ်ယာန်ဘာသာဝင်
တို၏ထုံးစံအတိုင်းသူ၏သားကို ကျမ်းစာသင်တန်းတွေပို့ပြီး အချိန်ကုန်စေခဲ့၏။ရတဲ့အချိန်တိုင်းမှာလည်းခရစ်ဘာသာကျမ်းစာတွေကို ထိုသူငယ်လေးအားသင်ပေးနေခဲ့သည်မို့ ခရစ်ယာန်ဘာသာနဲ့သာ ကျွမ်းဝင်ခဲ့ရပါတယ်။ သူတောင်းဆိုလိုက်သည်မှာကား ဆန်ကျဉ်ဘက်ဖြစ်တဲ့  ဗုဒ္ဒဘာသာတို့၏ ထုံစံ ကိုရင်ဝတ်ချင်သည်တဲ့။ အတိတ်ဘ၀က သူသည် ဘာသာရေးလိုက်စားသူဖြစ်အံ့ဟု တွေးထင်မိ၏။သူ၏မိဘများကလည်းလိုက်လျှောခဲ့ပြီ။ ထိုသူငယ်လေးအား သူတို့အနီးနားမှာရှိတဲ့
ဘုန်းကြီးကျောင်းသို့ခေါ်သွားပြီး ဆရာတော်အား ထိုသူငယ်လေး၏အကြောင်းစုံကိုလျှောက်ထားပါတော့၏။ ဆရာတော်ကလည်း ကလေး၏
နောက်ဆုံးဆန္ဒကို လိုက်လျှောပြီးကိုရင်လေးဝတ်ပေးလိုက်ပါတောသည်။ ထိုသူငယ်လေးဟာကိုရင်လည်းဝတ်ပြီးရော ဆရာတော်အားဘုန်းဘုန်းတရားအားထုတ်တာဘယ်လိုအား
ထုတ်ရပါသလဲဘုရား။သင်ပေးပါဟူသတဲ့….။ကလေး၏တောင်းဆိုလိုက်ပုံသည်ကား ထူးဆန်းပေစွ သူသည် ဘာကိုမျှမသိနားမလည်ပဲ တရားအားထုတ်ခြင်းဆန္ဒသည် သူ၏သန္တာန်မှာဖြစ်ပေါ်၍ လာခဲ့ချေပြီ။ဆရာတော်ကလည်းအရွယ်ကငယ်သေးသည်မို့ ရောဂါဝေဒနာရှင်လေးဖြစ်နေ လွယ်ကူစွာသိနိုင်စေဖို့ အတွက် တစ်ခုခုကိုသိနေလိုက်ပြီး အတိုဆုံးလေးကိုဘဲ ပြောကြားလိုက်ပါတယ်။ထိုသူငယ်လေး
ဟာ လူရှင်းတဲ့ဆိတ်ငြိမ်တဲ့နေရာလေးမှာတစ်ယောက်တည်းသွားထိုင်ရင်းဘုန်းကြီးပြောကြားတဲ့အတိုင်းသူရဲ့အမော
ဖောက်နေတဲ့ဝေဒနာကို သွားပြီး သတိတရားလေးနှင့် နှလုံးသွင်းနေလိုက်ပါတော့တယ်။ ဒိလိုသိနေရင်းနဲ့အချိန်တွေကြာလာသည်နှင့်အမျှ အမောဖောက်နေတာတွေဟာသိသိသာသာကြီးသက်သာလာ
ပါတော့၏။အမောသက်သာလာတာသိလာရတဲ့ထိုသူငယ်လေးဟာ တရားထိုင်ရတာကိုသဘောကြပြီး သူ၏ သတိမှတ်ပြီးထိုင်နေချိန်ဟာ
၃နာရီလောက်ကြာသွားပါတော့တယ်။သို့သော် သူတရားထိုင်ပြီးခဏတာရပ်လိုက်တဲ့အချိန်မှာသူ့
ကိုယ်သူ ငါတရားထိုင်တာနာရီဝက်လောက်လေးဘဲကြာသွားတယ်လိုထင်နေမိပါတယ် သိုပေမဲ့ နာရီကြည်လိုက်တော့ ၃နာရီလောက်တောင်ကြသွားပါလားဆိုတာကို သိလိုက်ရပြီး သူကိုယ်သူအံသြနေပါတော့တယ်။ ထိုသူငယ်လေးဟာဘုန်းကြီးကျောင်းတွင်တရက်မျှသာနေထိုင်ပြီးကိုရင်ဝတ်နဲ့ဘဲသူမိဘတွေအိမ်ကိုပြန်လာ
နေထိုင်ခဲ့ပါတယ်။ (ဝေဒနာရှင်တဦးကို ပြုစုဖို့အတွက် ဘုန်းတော်ကြီးကျောင်းမှာတာဝန်တွေပိုမှာကို ကိုရင်လေးမိဘများသိလာသည့်အတွက်ကြောင့်)
ဒီလိုနဲ့ထိုသူငယ်လေးဟာသူ၏မောဟိုက်ခြင်းဝေဒနာဆိုးကြီးသက်သာစေရန်တရားထိုင်ခြင်းအ
လုပ်ကိုနှစ်ခြိုက်လာပြီးအမြဲတန်းတရားထိုင်ခြင်းအလုပ်ကိုဘဲလုပ်နေပါတော့တယ်။ဒီလိုနဲ့အမောဝေဒနာ
တွေဟာ သိသိသာကြီးသက်သာလာသည်နှင့်အမျှ သမာဓိတွေ အားကောင်းလာပါတော့တယ်။ ဒီလိုနဲ့ထိုင်ပါများလာတော့သမာဓိနိမိတ်တွေသူ့ဆီကိုဝင်လာပါတောတယ်သူတရားထိုင်လိုသမာဓိရပြီဆိုသည်
နှင့်သူရဲ့ကိုယ်ခန္ဓာကြီးဟာ လေးထဲတွင်ဝဲပျံနေတဲနိမိတ်တွေထင်လာပါတယ်။သမထနိမိတ်တွေဆိုတာကိုလဲ
ထိုသူငယ်လေးကတော့မသိရှာပါဘူး ။သူကောင်းကင်ထဲပျံနေရလိုသဘောကြနေတာလောက်ဘဲသိပါတယ် ဒီလိုနဲ့တရားထိုင်းခြင်းအလုပ်ကိုဘဲ အချိန်ရှိတိုင်းတရားထိုင်မှုအာနာပါနအမှုကို လုပ်နေတဲ့ကိုရင်လေးဟာသမာဓိတွေကောင်းသထက်
ကောင်းလာပြီး အမြင်တွေပိုပြီးထူခြားလာပါတော့တယ်။သူ၏ခန္ဓာကိုယ်ထဲက နှလုံးသားကြီးတချက်ခုန်လိုက်
ရင်နှလုံးကနေထွက်လာတဲ့သွေးတွေဟာသူရဲလက်ဖျားထိပ်လေးတွေအထိလျှပ်စီးကဲ့သို့အလွန်လျှင်မြန်တဲ့
အရှိန်တွေနဲလက်ဖျားထိပ်တွေထိအောင်စီးဆင်းသွားတာကိုတွေ့နေရပါတယ်တဲ့။ဒီလိုထူးဆန်းတာကြီးတွေ တွေ့နေရသည်ကို သဘောကြပြီး အဲဒါကြီးကိုဘဲ အရုံစိုက်ပြီးကြည်နေပါတော့တယ် တနေ ကိုရင်လေးဟာပုဇွန်တောင်မှာ ရှိတဲ့ရွှေဘုန်းပွင်ဘူရားကိုသွားဖူးရင်းတရားထိုင်နေပါတယ်။သမာဓိတွေကောင်းလာတော့သူခန္ဓာကိုယ်ကြီးဟာ
လေးထဲမှာပျံဝဲလို့နေပါတယ် ။ဒါကိုသဘောကြပြီးသိနေလိုက်တဲ့ထိုသူငယ်လေး၏ခန္ဓာကိုယ်ဟာငြိမ်သက်ပြီးလုံး
ဝလုပ်ရှားခြင်းမရှိတော့ပါ။ဒီလိုနဲ့သူစိတ်ထဲမှာ နာရီဝက်လောက်ရှိပြီလို့သိလိုက်လို့ အနာပါနအမှု ဖြုတ်လိုက်စဉ်မှာသူရဲ့သင်္ကန်းပေါ်မှာပိုက်ဆံတွေအမြောက်အများတွေ့လိုက်ရပါတော့တယ်။ရုတ်တရက်မို့ အံ့
သြသွားပြီး နောက်တော့မှဘုရားဖူးလာတဲ့သူတွေ ငါတရားထိုင်နေတုံးလှုသွားတာနေမှဆိုပြီးအဲဒီပိုက်ဆံတွေ အကုန်လုံးကိုဘုရားမှာရှိတဲ့အလှုခံပုံးထဲသို့အကုန်လုံးလှုခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ကျမ်းမာရေးတွေတစထက်တစ်စ ကောင်းလာပြီးသူကုသခဲ့သောကလေးဆေးရုံကြီးသိုသွားပြီးသွေး
ပြန်လည်စစ်ဆေးကြည်လိုက်စဉ်မှာတော့သွေးကင်ဆာရောဂါကြီးလုံးဝမရှိတော့ဟုသိလိုက်ရပါတော့
တယ်။သူကိုဆေးကုသပေးကြသော ဆရာဝန်ကြီးတွေဟာ အလွန်အံသြကုန်ကြပြီး သူ၏မိဘများအားထိုကိုရင်လေးဘာကြောင့်သွေးကင်ဆာပျောက်ကင်းရသလဲဆိုတာကိုသုတေသနပြုလုပ်ခွင့်ပြုပါဆိုပြီး
ဆရာဝန်ကြီးတွေက တောင်းဆိုလာပါတယ်။ထိုသူငယ်လေး၏မိဘတွေဟာလည်းအလုပ်တွေမအားလပ်တဲ့
အတွက်သူတေသနပြုဖို့အတွက်ထိုသူငယ်လေးအားခလေးဆေးရုံကြီးသိုမပိုပေးနိုင်ခဲ့ကြပါထိုလူငယ်လေး
သည်လည်းရောဂါသက်သာသွားပြီး ကျောင်းပြန်တက်တောတရားလည်းဆက်မထိုင်ဖြစ်တော့ချေ။သွေးကင်
ဆာလည်းလုံးဝကိုပျောက်ကင်းသွားပါတော့၏။အဲဒီအချိန်ကစပြီးထိုသူငယ်လေးဟာခရစ်ယာန်
ဘာသာကိုလုံးဝစွန်လွတ်လိုက်ပါတော့သည်သူ၏အဖိုးအဖွားတွေအဒေါ်တွေဆွေမျိုးတွေကသူအား ခရစ်ယန်စာဟောဆရာတွေလွတ်ပြီးအမျိုးမျိုးတရားဟောခိုင်းသော်လည်း။ဗုဒ္ဓမြတ်စွာဘုရား၏တရားဟာထူးမြတ်
လှပုံကို ကိုယ်တိုင်အသက်နှင့်ရင်းပြီးသိရှိခဲ့ရတဲ့အတွက် ထိုလူငယ်လေးဟာစာဟောဆရာ တွေသူကို လာဟောရင်ထိုစာဟောဆရာအားကျမ်းပြင်တွင်ထိုင်ခိုင်းပြီးသူကိုယ်တိုင်ကထိုင်ခုံတွင်ထိုင်ပြီးထိုစာဟော
ဆရာအားသူကိုယ်တိုင်သင်လာခဲ့ရသောကျမ်းစာ၏အမှားအယွင်းများကိုထောက်ပြီးမေးခွန်းပေါင်းများစွာ
ပြန်လည်မေးမြန်းလိုက်ပါတောသည်။ထိုစာဟောဆရာတွေလည်းမေးခွန်းတွေ ပြန်ပြန်မေးတာကိုမဖြေနိုင်
တောနောက်မလာရဲကြတော့ပချေ။ခုထိုကိုရင်လေးဟာကလေးတစ်ယောက်ဖခင်ဖြစ်နေပြိးကိုရီးယား
တွင်အလုပ်လုပ်ကိုင်နေပါသည်။ကာယကံရှင်၏ထပ်မံဖြည့်စွက်ချက်..ကျွန်တော်ဒီပိုစ်ကိုသူဆီမေလ်းပိုပြီး င်္ဂျီတောမှာသူနဲ့စကားပြောကြတော့ကျွန်တော်ရေးထားတာတွေဖတ်ပြီး သွေးကင်စာကြီးအခုဖြစ်နေသလို
လိုဖြစ်လာပြီး ကြောက်ရွံနေမိကြောင်းအကြောင်းကြောင်းကြောင့်ကားဖြင့်ခရီးသွားလာတဲ့အခါမှလဲသူတ
က်ခဲ့တဲ့ခလေးဆေးရှံရှေကိုဖြတ်သွားခဲ့ရင်တောင်မှ အဲဒီဆေးရုံကြီးကို ကြောက်လွန်းလိုမျက်နှာတဖက်
လွဲပြီးကားစီးရတဲ့အကြောင်း အခုအချိန်ထိ ထိတ်လန်နေတုန်းဘဲဖြစ်ကြောင်းပြောပြပါတယ်။ ပြီးတော့ သူရောဂါပျောက်ကင်းသွားပြီးတဲ့နောက်ပိုင်းမှာလည်းသူ၏အမေကခရစ်ယာန်ဘာသာဘက်ကိုသိမ်းသွင်း
တာမျိုးသိပ်မလုပ်တော့ပေမဲ့လည်းသူ၏အဖိုးနှင့်အဖွားကတော့အရမ်းကိုစည်းရုံးခဲ့ပါတယ် ။ သူ ၁၀ တန်းအောင်ပြီးတဲ့နောက်မှာတော့သူ၏အဖိုးနှင့်အဖွားကသူကိုခရစ်ယာန်ထဲဝင်ရင်အမေရီးကားကိုပိုပေး
မယ်ဆိုပြီးစည်းရုံး သိမ်းသွင်ကြပါတော့သည်။ သိုသော်တရားထူးတရားမြတ်နှင့်ကြုံခဲ့ရပြီဖြစ်
သောထိုသူငယ်ချင်းကတော့လုံးဝကိုလက်မခံတော့ပါ။သူအဖိုးနဲ့အဖွားကလည်း သူ့ကိုအမေရိကကို လုံးဝမပို့ပေးခဲ့ချေ။ အကြောင်းကားသူကိုသိမ်းသွင်းလိုမရခြင်းကြောင့်ဖြစ်၏။သူ၏ညီငယ်လေးတွေကိုစည်းရုံးပြီး ခရစ်ယာန်ဘုရားကျောင်း
ကဖွင့်ထားသော ကျောင်း ဘော်ဒါဆောင်မှာသွားထားခဲ့ပါတယ်။မသိနားမလည်သောသူ၏ညီငယ်လေးများ
ခရစ်ဘာသာဝင်ဖြစ်သွားမှာဆိုးတဲ့ထိုသူငယ်ချင်းဟာထိုခရစယာန်ဘုရား ကျောင်းဘော်ဒါဆောင်သို့သွား
သွားပြီး သူညီလေးများကိုသူကိုတိုင်းဗုဒ္ဓဘာသာတရားများကိုပြောပြဆုံးမပြီးပြန်စည်းရုံးနိုင်ခဲပါတယ်။ခုဆို
သူညီလေးတွေလည်းဘဲဗုဒ္ဓဘာသာဝင်တွေအဖြစ်ခံယူထားကြသူတွေဖြစ်ပါတယ်လိုပြောပြပါတယ် ။ ကယကံရှင်ကိုယ်တိုင်ကစာဖတ်တဲ့သူတွေကျွန်တော့အားဒီပိုစ်လေးနဲ့ပတ်သတ်ပြီးမေးမြန်းလာတာတွေ
ရှိခဲ့ရင်လည်းဘဲ သူကိုယ်တိုင်ဖြေကြားပေးမယ်လိုပြောသွားခဲ့ပါတယ်တရားထိုင်ခြင်းနှင့်ပတ်သတ်ပြီး ရရှိလာသောအကျိုးကျေးဇူးများကို ပြန်လည်ပြောနေကြသောအနောက်နိုင်ငံမှခရစ်ယာန်ဘာသာဝင်များနှင့်
မူစလင်ဘာသာဝင်တို၏သက်သေများ
http://www.youtube.com/watch?v=utmo3k-mMm8&feature=relmfu ဟောလီးဝုဒ် ဘုရင်လိုတောင်တင်စားထားကြတဲ့မင်းသားကြီးကလင့်အိစ်ဝုဒ်၏ တရားထိုင်ခြင်း၏အကျိုးရလဒ်များကို ရှင်းလင်းပြောပြထားပါသည်။
http://www.youtube.com/watch?v=abWlgBAeIbI&feature=relatedမူစလင်တွေ
လည်း သက်သေ ပြခရစ်ယာန်တွေလည်းသက်သေပြကုန်ပြီ
http://www.youtube.com/watch?v=q5bpNAAOSgk&feature=player_embed...! ဥရောပနိုင်ငံမှားမှ ဗုဒ္ဒဘာသာဝင်မဟုတ်သူများ၏ ကိုယ်တွေလေးများ
http://www.youtube.com/watch?v=8y2_hIg2lBM&feature=relmfu ဗြိတိန်နိုင်ငံက ကျောင်းသားတွေသက်သေ
ဒီအကြောင်းအရာကိုပြောပြပေးသော ကယကံရှင်သူငယ်ချင်းအား ကျေးဇူးတင်လျှက်ဒီပိုစ်ကိုမည်သူမဆိုကူးယူနိုင်ပြီးမည်သည်လင့်မှာမဆိုဖြန်ဝေ
ခွင်ပြုပါသည်။ မေးတခုမှာတွေ့ရှိ၍ မူရင်းကို တချို့အနည်းကျဉ်းပြင်ဆင်၍ ပြန်လည်တင်ပြလိုက်ပါ၏။
Sunday, May 20, 2012
“သည်နွေကိုအံတုလို့”
မနက်အာရုဏ်တတ်လာသည်နှင့် မိမိအိမ်ကို နေရောင်ဖြင့် စတင်မိတ်ဆက်တော့၏။ အပူဒဏ်ကြောင့် အိပ်မရခဲ့။ မိုးလင်းရက်တို့သည်နေ့ရှိသရွေ့ပေါ့။ တခါတရံ ၀ါသနာအရ ကွန်ပြူတာနဲ့ မိမိ စစ်တုရင် ကစားခဲ့သည်။ အချိန်မည်မျှ ကြာသည်ကိုတောင် သတိမထားမိခဲ့။ ငှက်ကလေးများ ကလိကလိ အော်သံကြားနေတော့မှ အော် မိုဃ်းတောင်လင်းနေပါပကောလား ဟု သတိရလာခဲ့သည်။ မီးပျက်ခဲ့ရင်တော့ မရှိမဲ့ရှိမဲ့ အင်ဗာတာမီးလေးနဲ့ အပူဒဏ်ကိုအံတုလျှက်။ အပေါ်မှလေပန်ကာသည်လည်း ကြာလာတော့ ပူလာသလိုခံစားမိသည်။ တခါတရံ အပြင်ထွက်ကာ လမ်းလျှောက်နေမိသည်။ အများသူငါတို့အိပ်မောကြနေချိန်မှာ မိမိ မအိမ်နိုင်တခါတရံ ခေါင်းအုံးနှင့်မျက်နှာကပ်ပြီး ရအောင်အိပ်ကြည့်သည် မရခဲ့။ အိမ်ရှေ့ လေခြူပင်အောက်မှာ ရေနွေးခွက်လေးကို ကိုင်လျှက် တယောက်ထည်းငုတ်တုတ်ထိုင်လျှက် ကြာလာတော့လဲ အချိန်ကို အလိုလိုကုန်စေချင်မိသည်။ ရာသီဥတုသည်လည်း နေလို့မထိ အချိန်တန် အိမ်ပြန်ချင်ပေမဲ့လဲ မပြီးဆုံးသေးတဲ့ တက္ကသိုလ်ကြောင့် စောင့်ရင်းစောင့်ရင်းနှင့်  နေ့မှသည် လ သို့ လမှသည် နှစ်သို့ ဗီဇာတောင်ကုန်တော့မှာပါလား…။ အမေများနေ့တွင် အမေ့ကို အမှတ်တရ အမေနဲ့စကားတွေ တ၀ကြီးပြောဖြစ်ခဲ့သည်။ အမေ့အသံသည် ဟို အရင် အရင်ကလိုတော့ မဟုတ်တော့။ ရာသီဥတု ပူသည်တဲ့။ အမေ့အသံသည် အားဆေးတခွက်မျှ သောက်သုံးရသလိုခံစားမိ။ ပြန်လာခဲ့ပါတော့လား.သားရယ်တဲ့။ ပြန်လာချင်ပါ၏။ သို့သော် အခြေနေလေးများထူးလေမလားဆိုပြီး စောင့်လိုက်ဦးမည်ဟု အမေ့ကို ပြောလိုက်မိသည်။ သူငယ်ချင်းအပေါင်းသင်းတွေတောင်ပြန်ခဲ့တာ တပတ်ခန့်ရှိနေပြီ။ အခန်းကပ်လျှက် သူငယ်ချင်းမရှိပြန်တော့လဲ အဖေါ်ကင်းမဲ့ တယောက်ထဲ အတွေးစတို့ ဟို ရောက်လိုက် ဒီရောက်လိုက်။ မဇ္ဈိမဒေသ တနေရာမှာ အတွေးနယ်ချဲ့နေခဲ့ရပြီလေ။ ဒီအချိန် အမိမြန်မာပြည်ပြန်နေကြအချိန်။ ကြိတ်မှိတ်ကာနေရပေဦးမည်။ အဖေါ်ဆိုလို့ မိမိ အိပ်ယာဘေးမှ ကွန်ပြူတာနဲ့..အင်တာနက်လေးချိတ်လျှက် ဟိုကလိ ဒီကလိ တခါတရံ စစ်တုရင်ထိုးရင်း အချိန်တွေကုန်မှန်းမသိကုန်ခဲ့သည်။ အချိန်တန်လို့ စားဘို့ကြံမှိပြန်တော့လဲ ၃ လ ပိုင်းက ပြန်သွားကြတဲ့ ဆရာလေးများကောင်းမှုကြောင့် ငါးခြောက်လေး ၂/ ၃ ကောင်ခန့်ကို မီးကြီးခဲနဲ့မဟုတ်သော်ငြားလည်း ဂက်စ်အိုးနှင့် အဆင်မပြေပေမဲ့ပြေသလို ၀မ်းရေးအတွက် လှုပ်ရှားခဲ့ရပြန်သည်။ အကြော်စုံလေးနဲ့ ဟင်းမဟုတ်သော ဟင်းအမည်ရှိ ငါးခြောက်ဖုတ်လေးနဲ့ ရေနွေးနဲ့မြှိုက်ချ အော် ဒါဟာ ဘ၀ ပါလား..။ ခပ်လှမ်းလှမ်းမှ စရဏ ဘူတာမှ ရထားဥသြသံသည် ကြာရှည်စွာ ဥသြဆွဲလို့ အလွမ်းဓာတ်ခံရှိသူအဖို့ လွမ်းလောက်စရာပေါ့။ တခါတရံ တိဘက်တက္ကသိုလ်ဘက်ဆီမှ ဥသြသံ တချက်တချက်ကြားမိပြန်တော့လဲ အလွမ်းသီချင်းသီဆိုတတ်တဲ့ ဥသြငှက်လေးရယ် မင်းလဲ ငါ လိုပါလား..သို့သော် မင်းက တောင်ပန်တစုံနဲ့ သွားလိုရာသွားနိုင်ပျံနိုင်တဲ့အင်အားတွေနဲ့ ငါ့မှာတော့  အတောင်ပံလေးများတစုံ ရှိခဲ့ရင် အမိမြန်မာပြည်ကို ပြန်လိုက်ချင်ပါဘိ ။ သို့သော်…မဖြစ်နိုင်တဲ့အတွေးမို့ ရှေ့မှရေနွေးခွက်ကို မော့ရင်း..အိပ်စက်စက်ဖြစ်လာသည်နှင့် ရေချိုးခန်းထဲသို့ ၀င်ပြီး.ပူလောင်မှုကို တခဏတာဖြေဖျောက်နိုင်ရေးမို့ ရေချိုးမိလိုက်တော့သည်။
Friday, May 18, 2012
"ဒီလိုတွေလဲရှိခဲ့တယ်ပေါ့"
“မကြင်နာနိုင်ရင်နေပါ တစိမ်းတော့မဆန်နဲ့”
ရာဇဂြိုဟ်မြို့မှာ အဇာတသတ်မင်းဖြစ်လာတဲ့အခါမှာ အရှင်ဒေ၀ဒတ်ရဲ့ အာဏာစက်သည်လည်း အလိုလိုမြင့်တတ်လာ၏။ လေးသမားများကိုခေါ်ပြီး လေးနဲ့ မြတ်စွာဘုရားသခင်ကို အပစ်ခိုင်းတယ်။ ဒေ၀ဒတ်ကိုယ်တိုင်လည်း ဂိဇ္ဈကုဋ်တောင်မှ ကျောက်တုန်းနဲ့လှိမ့်ချ သတ်တယ်။ နောက်ဆုံး အဇာတသတ်မင်းထံမှ နာဠာဂိရိဆင်ကိုတောင်းယူပြီး ဆင်နဲ့ မြတ်စွာဘုရားကို နင်းပြီးသတ်ခိုင်းခဲ့တယ်။ ဒီလိုအကြမ်းဖတ်နည်းတွေနဲ့ မအောင်မြင်တဲ့အခါ  အနုနည်းလည်းပြန်လည်တိုက်ကွက်ဆင်ခဲ့ပြန်ပါတယ်။ ဥပမာ အရှင်ဒေ၀ဒတ်က ရဟန်းတော်များကို အမြဲတောမှာနေ ။ အမြဲသစ်ပင်ကျောင်းမှာထိုင်။ အမြဲပံသူကူသင်္ကန်းကိုဝတ်တဲ့။ အမြဲ ဆွမ်းခံစား။ အမြဲ သားငါးမစားရတဲ့ ၀ိနည်း(ဥပဒေ)တွေ ထုတ်ပြန်ပေးဘို့ လျှောက်တင်တဲ့အခါ မြတ်စွာဘုရားက ရဟန်းတို့အား ကြိုက်သလို အဲဒီလိုလဲနေနိုင်တယ်။ ရွာထဲမြို့ထဲလဲနေနိုင်တယ်တဲ့။ ဒကာဒကာမများလှူဒါန်းတဲ့ကျောင်း သင်္ကန်း ဆွမ်း ကိုလည်း သုံးဆောင်နိုင်တယ်လို့ မိန့်ကြားတော်မူလိုက်တယ်ပေါ့။ ဒါ ကို အရှင်ဒေ၀ဒတ်က ဘုရားက နှစ်မျိုးကျင့်တယ်။ ငါက တမျိုးပဲကျင့်မယ်။ ငါ့ကိုကြိုက်တဲ့ရဟန်း ငါ့နောက်လိုက်ခဲ့ လို့ မြတ်စွာဘုရားကိုအပြစ်ပြကာ သံဃာကိုခွဲထုတ်ပြီး မိမိကိုယ်ကို ဘုရားဟုဆိုကာ မြတ်စွာဘုရားနှင့်ယှဉ်ပြိုင်တယ်။ ဒီလိုအနုနည်းနဲ့ (ကြောင်သူတော်အလုပ်)နဲ့ယှဉ်ပြိုင်သော်လည်း မြတ်စွာဘုရားကို မနိုင်ဘူးဆိုကာ သေခါနီးအခါမှာ အရှင်ဒေ၀ဒတ်ကြီး နားလည်သဘောပေါက်ခဲ့ရှာတယ်ပေါ့။
“အကြင်နာဟန်တွေပိုကာခွဲ့ခဲ့တာလားကွယ်”
မြတ်စွာဘုရားသည် သာဝတ္ထိမြို့ဇေတ၀န်ကျောင်းတော်မှာ ၀ါမဆိုသေးသော်လည်း မကြာခဏကြွလာတော်မူလေ့ရှိတယ်ပေါ့။ အဲဒီအခါမှာ တိတ္တိများက မြတ်စွာဘုရားကိုတွေ့ရင် တနည်းမဟုတ်တနည်းနဲ့ရန်ပြုကြတယ်လေ။ မြတ်စွာဘုရားက ရဟန်းတော်များအား သင်္ကန်းကိုသပ်ရပ်စွာ ၀တ်ရုံပြီး မြို့ထဲရွာထဲကို သွားခွင့်ပြုခဲ့တယ်။ တိတ္တိများက အ၀တ်သင်္ကန်းမပါပဲ သွားကြတယ်။ ရဟန်းတော်များကငြိမ်သက်စွာတရားအားထုတ်လျှင် တိတ္ထိများက တုံးခုန်, ထိုင်,ထ, ယောဂအကျင့်ကို အကျင့်ကိုကျင့်ကြတယ်။ တိတ္ထိများက ရဟန်းတော်များတွေ့ရင် ခုန်ပျံကျော်လွှား တန်ခိုးပြိုင်မလားလို့ စိန်ခေါ်လေ့ရှိတာကြောင့်  မြတ်စွာဘုရားကတိတ္ထိများကို ဆုံးမလိုသဖြင့် စိန်ခေါ်တာကိုလက်ခံပြီး ကန္ဒဥယာဉ်မှူးရဲ့ သရက်ပင်ထိပ်မှာ ခန္ဒာကိုယ်မှ ရေစုံ မီးစုံ တန်ခိုးတော်ကိုပြတော်မူလိုက်တယ်။ တိတ္ထိများက တန်ခိုးမပြနိုင်ခဲ့ချေ။ ဒီလိုအနုနည်းနဲ့မယှဉ်ပြိုင်နိုင်တဲ့အခါ အကြမ်းဘက်နည်းကိုအသုံးပြုပြန်တယ်ပေါ့။ စိဉ္စာမာန အမျိုးသမီးကို မြတ်စွာဘုရားထံသွားစေပြီး မြတ်စွာဘုရားကို လင်အဖြစ်အစွပ်စွဲခိုင်းပြန်တယ်။ သုန္ဒရီ ပရဗိုက်မကိုသတ်ပြီး မြတ်စွာဘုရားသတ်တယ်လို့အမှုဆင်ပြန်တယ်။ ပသေနဒီကောသလမင်းက ဒီလူသတ်မှုကို အမှန်ဖြစ်အောင် ဖေါ်ထုတ်လိုက်တယ်။ အဲဒီအခါမှာတိတ္ထိများမှာ ဒီလိုအကြမ်းဘက်နည်းနဲ့ ယှဉ်ပြိုင်သော်လည်း မြတ်စွာဘုရားကို မနိုင်ဘူးဆိုတာ သိရှိသွားပြန်တော့တယ်။
cbox သည် ဘလော့ဂါ တယောက်ရဲ့ အားဆေး..?
CBOX သည် ဘလော့ဂါတယောက်ရဲ့ အမှတ်တရခြေရာလေးတွေ ဖတ်ပြီးကျေနပ်နေရတဲ့နေရာလေးပါ။ တနည်းအားဖြင့် ရောက်လာသူများရဲ့ ရေးသွားခဲ့တဲ့စာသားလေးတွေကို ဘလော့ ဖွင့်လိုက်တာနဲ့ CBOX ဆိုတဲ့နေရာကို အရင်ကြည့်ခဲ့ကြတာ ဘလော့ဂါတိုင်းရဲ့ အကျင့်ဗီဇ တခုပါ။ သို့သော် cbox မှာရေးထားလိုက်ကြသည်များကတော့ ဘလော့ရောက်လာသူတွေများကို အာမေဋိတ်များဖြစ်ရလောက်အောင် ရေးခဲ့ကြသည်လည်းရှိ၏။ မိမိကိုယ်တိုင်တခါတရံ မထင်မှတ်ပဲ မလိုလားမှုတွေရဲ့အောက်မှာ တွေ့ရှိခဲ့ရသည်။ သီးခံစိတ်ထားခဲ့သော်လည်း ခန္တီစ မနိုင်လို့သီးခံရခြင်းသည်လား..? မနိုင်ခြင်းဟာ မတွေ့မြင်ရခြင်းပင်တည်း။ မိမိဝါသနာအရ သိသင့်တာလေးတွေ အမှတ်တရရေးပြီး လူမရောက်နိုင်တဲ့နေရာ စာလေးတွေတော့ရောက်နိုင်ပါတယ်ဆိုပြီး မည်သူကိုမျှမပုတ်ခတ်ပဲ မိမိသိတဲ့တစိတ်တဒေသလေးတွေကို သိစေလိုသော သမ္မာဆန္ဒလေးတွေနဲ့ရေးသားခဲ့ပါသည်။ မိမိအလုံးစုံမသိပါ။ ဘုရားမှတပါးအလုံးစုံမသိနိုင်ပါ။  မိမိ ၀ါသနာအရရေးလာခဲ့သည်မှာ ကြာမြင့်ခဲ့ပါပြီ။ မည်သူကို ထိခိုက်စေလိုသော စာအရေးသားတခုမှ မပါအံ့ဟု ထင်မိခဲ့ပါသည်။ ရိုးသားစွာဝန်ခံအပ်ပါ၏။ စာရေးဆရာမဟုတ်ပါ။ အိန္ဒိယနိုင်ငံမှာနေစဉ် အမှတ်တရလေးတွေ ပြည်ပရောက်ရွှေမြန်မာများလဲ သိစေလိုသော ဆန္ဒလေးတွေနဲ့ရေးလာခဲ့ပါ၏။ cbox သည် မရှိလည်းမကောင်းရှိလည်းမကောင်း ဟု ဆိုရပေမည်။ BHU တက္ကသိုလ်မှ မိမိသူငယ်ချင်းပြောပြဘူး၏။ ဘိုးသီ တဲ့ CBOX ဆိုတာ မရှိတာအကောင်းဆုံးတဲ့။ မိမိ ဒီ cbox ကြောင့် ဘလော့တခုလုံးဖျက်စီးချင်စိတ်ထိ ပေါက်မိ၏။ တခါတရံ cbox မှ အမှတ်တရ ရေးထားတဲ့စာလေးတွေကို ဖတ်ပြီး ပီတိဖြစ်မိသည်။ ခုလို ဆဲလား ဆိုလား ဆိုသည့် ဘလော့လာရောက်သော သူများသည်ထဲမှ မိမိအား အင်တာနက်မှတဆင့်ပြောပြမှသိခွင့်ရရှိ၏။ မိမိခုတလော ဘလော့ ဘက်မရောက်တာအတော်ကြာခဲ့ပြီ ။ ခု ဘလော့ဖွင့် CBOX ကြည့်မိသည် အိုး. မိမိသည် အရူးဟု ပြောဆိုသမုတ်ထား၏။ ပြောခြင်တာတွေလဲပြောကြပါစေ။ မိမိသည် ပုထုဇဉ် တယောက်ဖြစ်သည်။ ပုထုဇဉ်မှန်သမျှ အရူးချည်းမို့ စိတ်ဖြေရာတခုနဲ့ ကျေနပ်နှစ်သိမ့်လိုက်ပါသည်။ အရူးသည် အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြားသိတတ်၏။ မိမိဘလော့ရောက်လာသူများ အားလုံးစိတ်ချမ်းသာကြပါစေ လို့ ဆန္ဒပြုပေးမိသည်။ မိမိဘလော့ရောက်လာသူအထဲမှ မိမိအား အရူးလို့ပြောဆိုသသူသည် သူတော်ကောင်းစိတ်ဓါတ်မွေးမြူနိုင်သူ နောက်နောင်ဖြစ်ပါစေလို့ မိမိ ဓမ္မေခစေတီတော်နားအရောက် ဆုတောင်းမေတ္တာပို့ပေးလိုက်ပါ၏။ မိမိ စိတ်မကောင်းရုံမှလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါ။ မြတ်စွာဘုရားကိုသော်မှ မကျေနပ်သူ, တိုက်ခိုက်သူတို့သည် ရှိခဲ့ဘူး၏။ မိမိသည် သာမန်ရဟန်းတပါးမျှသာ ဖြစ်ပါသည်။ ပုထုဇဉ်ဖြစ်ပါသည်။ အမှားများတွေ့လာခဲ့သော် ပြောပြနိုင်ပါ၏။ ပြင်ဆင်ဘို့ ၀န်မလေးပါ။ တလောကလည်း ပရဟိတလုပ်ငန်းလုပ်နေသော အရှင်မြတ်တပါးသည် မိမိသည် ခု ချိန်ထိ စာသင်နေသည် သေခါနီးနေပြီဟု အပြစ်တင်ကာ သူ၏ ပရဟိတတွေ လုပ်ဆောင်နေကြောင်း အောင်မြင်နေကြောင်း မိမိ၏ cbox ထဲမှာ ရေးသွားခဲ့သည်။ မိမိသည် ပရဟိတလုပ်ငန်းလုပ်ဘို့နေနေသာသာ မိမိနေထိုင်ဘို့ရာကို အတော်လုံးပန်းနေချိန်ဖြစ်နေပါ၏။ ရိုးသားစွာဝန်ခံအပ်၏။ ပရဟိတလုပ်မှသာ သာသနာပြုရာရောက်ပါသည်လား.ဟု မေးမြန်းခြင်ပါ၏။ သို့သော် မိမိလည်း တချိန်တုံးက ပရဟိတလုပ်ငန်းလုပ်ခဲ့ဘူးသည်။ မြို့ကြီးပြကြီးလိုနေရာမဟုတ်ခဲ့။ သူပုန်တွေရှိတဲ့ တောင်တန်းတနေရာမှာ လုပ်ဆောင်ခဲ့ဘူး၏။ အို စာဖတ်သူအပေါင်းတို့ .မိမိ၏ ဤဘလော့စာမျက်နှာမှာ သူများမကောင်းကြောင်း အရူးဆန်ဆန် ပြုမူမှုများတွေ့ရှိခဲ့သော် မိမိ ဘလော့တနေရာမှာမေးရှိပါ၏။ ပြောဆိုနိုင်ပါ၏။ “ တဒဟု  ပ ဗ္ဗဇိတော သန္တော ဇာတိယာ သတ္တ၀ဿိကော သောပိ မံ အနုသာသေယျ သ မ္ပဋိစ္ဆာမိ မတ္ထကေ” ၇ ရက်သားလေးပင်ဖြစ်ပါစေ မိမိအားအပြစ်ပြပြီး သွန်သင်ခဲ့သူရှိပါအံ့ ဦးထိပ်၌ ပန်ဆင်ကာ ၀န်ခံပါမည်။ မိမိသည် သာမန်ရဟန်းတပါးဖြစ်ပါသည်။ အရူးဆိုသည့်အသုံးနှုန်း ပိုင်ရှင်အား ဤ post ဖြင့် အပြစ်ပြပြောဆိုခဲ့သော် ဦးထိပ်၌ ပန်ဆင်လျှက်ပါလို့...
Wednesday, May 16, 2012
"သတိလေးတော့ရှိနေမှ"
လူတိုင်းလူတိုင်းသတိအမြဲရှိဘို့ ဆုံးမသွန်သင်တတ်ကြစမြဲ။ သတိသည် လူတိုင်းအတွက် ထားရမဲ့နိယာမသဘောတရား သတိတချက်မှားလိုက်မေ့လိုက်တာနဲ့ အရာရာမှာ အမှားများစွာနဲ့ကြုံတွေ့ရတတ်စမြဲပါလော။ ဥပမာ စစ်တုရင်ကစားနည်းအနေနဲ့ပြောကြည့်ရရင် မြင်းတကောင်ရဲ့အလာကို သတိထားပြီး ကြည့်နေမှတော်ရုံကြမယ်ပေါ့။ မြင်းတတ်လာတာနဲ့အမျှ မိမိရဲ့ ရှေ့ကခံစစ်ပွန်းလေးများဟာ မြင်းရှေ့ဆက်မခုန်နိုင်အောင် ထောက်ထားထိမ်းထားရမယ်ပေါ့။ နို့မဟုတ်ရင် ခွချက်နဲ့ ဘုရင်မကြီးကျသွားနိုင်တယ် ဘုရင်မကြီးကျရှုံးသွားတာနဲ့အမျှ စိတ်ဓါတ်ကျပြီးအရှုံးနဲ့ရင်ဆိုင်ရတတ်ပါ့တယ်။ သတိဆိုတာ ပိုသည်မရှိ လိုအပ်သည်သာ။ နောက်တနည်းပြောကြည့်မယ် သတိတရား မိမိတို့နေထိုင်ရာ အိန္ဒိယနိုင်ငံ ကား ဆိုင်ကယ် ဆိုက်ကား စက်ဘီးစသည်တွေပေါများတယ် လူဦးရေထူထပ်ပေါများတယ်။ နေရာတိုင်းမှာ ပြည့်ကျပ်လို့ချည်းပါပဲ။ ရောက်ဘူးသူတို့ သိနိုင်မည်ထင်ပါ၏။ မနေ့က မိမိတို့ အင်တာနက်အသုံးပြုရန် micromax ဟု ခေါ်တဲ့ ကွန်ပြူတာနဲ့တွဲအသုံးပြုရန် မိမိဝယ်ထားသော ပစ္စည်းမှာလည်း ၃ နှစ်တာကျော်လွန်ခဲ့ပြီ အေးချမ်းမေ ဖြစ်လို့ အသစ်ဝယ်ရန် မြို့ထဲသို့ သူငယ်ချင်းကိုအကူညီတောင်းပြီး ဆိုင်ကယ်လေးနဲ့ထွက်ခဲ့တယ်ပေါ့။ ကားတွေ ဆိုင်ကယ်ဆိုက်ကားစက်ဘီးတို့သည်လည်း ဥဒဟိုသွားလာလျှက်မို့ မျက်စိနောက်စရာပါပဲ ။ပြောစရာမလိုပေမဲ့ အမှားအမှန်မဆင်ခြင်တတ် နားလည်မှုလေးတွေနဲ့ မောင်းနှင်သွားလာခဲ့ကြသည်မဟုတ်ပါလော။ မိမိမှန်သည်ဟု ဆိုပြီး လမ်းမှန်တာပဲလို့ ဇွတ်လုပ်ရင် အမှန်ကလဲ အမှားဖြစ်တတ်၏။ မိမိလမ်းကြောသည်အမှန် မထင်မှတ်ပဲတခါတရံ ရှေ့မှဇွတ်ဝင်လာတတ်တာလဲရှိတတ်စမြဲမို့ သတိလေးနဲ့ သွားလာခဲ့ရသည်။ တနေရာအရောက်မိမိတို့သည်အမှန်လမ်းကြောင်း ရှေ့မှဇွတ်တရွတ်ဝင်လာသော ဆိုင်ကယ်သမား မိမိတို့ ဘရိတ်အုပ်မြန်လို့ နို့မဟုတ် မားလကီးယား ဘ၀နဲ့ ကိစ္စချောဘို့။ သို့သော် မိမိတို့မြန်မာတို့သည် အားနာတတ်သည်။ အကယ်လို့ မိမိတို့နေရာ သူ။ သူတို့နေရာမိမိဆိုရင် မတွေးဝံ့စရာပါလားဆိုပြီးသတိလေး ချက်မိတော့ အမှားဖြစ်စရာမရှိခဲ့ဘူးပေါ့။  အိန္ဒိယနိုင်ငံရဲ့အပူဒဏ်ကို အံတုပြီး ညနေ နေ၀င်ရီတရောမှ မိမိတို့ အေးအေးဆေးဆေးသွားဖြစ်ပေမဲ့လဲ ရုံးဆင်းချိန်မို့ ရှုတ်ရှတ်ခတ်လို့ ကားဟွန်းသံနှင့်ဆိုင်ကယ်ဟွန်းသံတို့သည်ကား ငရဲပြည်မှ ငရဲခံနေသော ဒေ၀ဒတ်ပင် နားကန်းလုမတတ်ပေါ့။ ဒီကြားထဲ ကားလာသည်ကိုပင် အပြေးအလွှားနှင့် လမ်းကူးနေသော ကုလားအဖိုးအိုကြီးများနှင့်ကလေးသူငယ်များ မိမိမှာ နောက်မှထိုင်လိုက်ရသည်ကိုပင် ဘုရားတနေမိသည်။ မိမိလိုချင် ရချင်သောပစ္စည်းကား မတွေ့ခဲ့။ သူငယ်ချင်းမှာလည်း ကူညီချင်စိတ်ကြောင့် တနေရာ မရတနေရာ လိုက်လံပို့ဆောင်ပေးခဲ့သည်မဟုတ်ပါလော။ နေရာ ၄/၅ နေရာ အဆင်မပြေခဲ့ပေ။ နောက်မှထိုင်လိုက်ရသည်ကိုပင် အလိုလိုကြောက်လာမိတော့၏။ ခပ်ဝေးဝေးတနေရာရာရောက်မှ ကီလိုမီတာ ၁၂ ကီလိုမီတာမျှဝေးကွာသော လောပဒါပီ ဟု ဆိုသော နေရာမှ တွေ့ရှိရတော့၏။ စိတ်တော့အေးသွားပြီ သို့သော် ၁၂ ကီလိုမျှဝေးကွာသောနေရာမှ မိမိနေရာသို့ ပြန်ရမှာကို တွေးပြီးရင်လေးနေမိ၏။ ပါဒေးပူရ် ရောက်ခါနီး ကုန်းတံတားပေါ်အတတ်မှာ ရှေ့မှလိုင်းကားသည် ဖြေးညှင်းစွာမောင်းနှင်လျှက် ရှေ့မှလာသောကားမှာတော့ အရှိန်ပြင်းစွာမောင်းလျှက် မိမိတို့ ဆိုင်ကယ်သည် ထို ကား၂ စီးအကြားဝယ်။ သတိတချက်လေးမှားခဲ့ရင်  မိမိတို့ဆိုင်ကယ်သည်  အရဲစွန့်ပြီး ကျော်တတ်လိုက်ရင် မတွေးဝံ့စရာ။ သူငယ်ချင်းသည် မြန်ဆန်စွာဘရိတ်ကိုအုပ်လျှက် ရှေ့မှကားသည်လည်း ဘရိတ်ကို အုပ်ပြီးသားမို့ .ဟင်း….လို့ သက်ပြင်းရှည်တချက်မှုတ်ထုတ်လျှက်  မိမိတို့ ၂ ဦးသား သတိတရားရဲ့အရေးကြီးကြောင်းစာဖွဲ့နေတော့၏။ ဘိုးသီရေ..ဟု မိမိအမည်ကို တတ်ပြီး ရှေ့မှသူငယ်ချင်းမှ ရယ်မောစွာဖြင့် ကံကောင်းထောက်မလို့သာနော အနိစ္စသဘောကိစ္စချောတော့မလို့..ဟူသတတ်။ မြတ်စွာဘုရားရှင်သည်လည်း  မဟာဝဂ္ဂသံယုတ် ပဒီပေါပမသုတ္တန်မှာ။ နာဟံ အာနန္ဒ မုဋ္ဌဿတိဿ အသမ္ပဇာနဿ အာနာပါနဿတိ သမာဓိဘာဝနံ ၀ဒါမိ။ လို့ဟောတော်မူခဲ့တယ်ပေါ့။ အာနန္ဒာ သတိလွတ်သောပုဂ္ဂိုလ်အား ကမ္မဋ္ဌာန်းတရားကိုပေးတော်မမူ။ ဥာဏ်ပညာ ဆင်ခြင်ကင်းမဲ့သူအားလည်း အာနာပါနနှင့်ယှဉ်သော စိတ်တည်ကြည်ခြင်းဘာဝနာကို ငါ ဘုရားသည် ဟောတော်မမူ တဲ့။ ဆင်ခြင်ဥာဏ်ရယ်လို့မှ မရှိခဲ့ရင် ဘုရားပေးတဲ့ကမ္မဋ္ဌာန်းမဟုတ်ဘူးလို့ဆိုရပေမယ်။ တရားအားထုတ်တယ် တရားအားထုတ်တယ်ဆိုတာ သတိသမ္ပဇဉ် ရဲ့အလုပ်။ အဆင်ခြင်ဥာဏ် မရှိရင်လဲပဲ အဲဒီပုဂ္ဂိုလ်ကျင့်တဲ့ကမ္မဋ္ဌာန်းသည်လည်း ဘုရားကမ္မဋ္ဌာန်းမဟုတ်ပါဘူး။ သတိရှိရမယ်။ အဆင်ခြင်ဥာဏ်ရှိရမယ် တော်ရိရောရိနဲ့တော့မရဘူးဆိုတာ မြဲမြဲမှတ်ထားပါ။ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းပါရမီတော်တွေ အရင်းစိုက်ခဲ့ထားတာ သတိပဋ္ဌာန်တရားလေးပါးတပါးပါးကျင့်သုံးရင် သတိသမ္ဖောဇဉ်ဖြစ်ပါတယ်။ ဒီနေရာမှာ လူတိုင်းမှာသတိတရားလေးနဲ့အမြဲနေတတ်ပါစေလို့ပြောခြင်ပါတယ်။ မိမိ သူတပါး သတိတရား သတိထားပြီးစားသတိ သွားသတိ လာသတိ စသည်တို့ဖြင့် သတိ တလုံးအမြဲသုံးတတ်ပါစေ လို့