အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, March 24, 2011

ချစ်စရာကောင်းသော အစဉ်အလာလေးတခု

မူရင်းမဟာဗောဓိပင်သည်(အိုသော်လည်းပျိုနေဆဲပါ)
သာဝတ္ထိမြို့၌ အရှင်အာနန္ဒာ စိုက်ပျိုးထားသော အာနန္ဒာဗောဓိ
၂၄.၀၃.၂၀၁၁နေ့ ဗုဒ္ဓဂယာမြို့မဟာဗောဓိစေတီတော်ပရ၀ုဏ်အတွင်း၌ စင်္ကြန်လျှောက်ရင်းမြတ်စွာဘုရား၏ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က အကြောင်းတွေကိုတွေးရင်း”ဇယန္တော ဗောဓိယာမူလေ သကျာနံ “ စသောဂါထာကိုရွတ်နေရင်း ပလ္လင်တော်ကိုအာရုံပြုပြီးရွတ်နေစဉ်မှာ ခပ်လှမ်းလှမ်းမှ ခြေကိုတလှမ်းချင်းလှောက်လှမ်းလာသော နိုင်ငံခြားအမျိုးသမီးခပ်ရွယ်ရွယ်တယောက်ရဲ့မြင်ကွင်းသူရဲ့လက်ထဲမှာစိတ်ပုတီးကိုကိုင်မလှုတ်မရှတ်ဣနြေ္ဒကိုစောင့်ထိမ်းပြီး သူ့၏မျက်စိက ဘေးဘီ ကိုလည်းမကြည့်ပဲဘယ်လှမ်းညာလှမ်းပြီး ပါးစပ်မှ ရွတ်နေရသည်ကား ဘုရားဂုဏ်တော်(၉)ပါးရွတ်ဆိုလို့ မဟာဗောဓိပင်အနီးမှာတော့ ထိုင်းဘုန်းတော်ကြီးများနှင့် ဒကာ/မများသံပြိုင် ဂုဏ်တော်ရွတ်ပွားခြင်း၊ ဟိုခပ်လှမ်းလှမ်းတနေရာမှ သီရီလင်္ကာဒကာ/မများစီတန်းပြီးဖယောင်းတိုင်မီးများ ကိုင်ကာ စာဓု စာဓု စာဓု ဟု ရွတ်ဆိုကာ မဟာဗောဓိပင်ဆီသို့ ဦးတည်လျှက် မိမိမှာတော့ ပလ္လင်တော်ကိုစူးစိုက်ပြီး “ အပရာဇိတ ပလ္လင်္ကေ သီသေပုထု ၀ိပုဂ္ဂလေ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ အဂ္ဂပ္ပတ္တော ပမောဒတိ” လို့ရွတ်ဆိုပွားများပြီး မိမိအနီးနားမှာကြွေကျလာသော ညောင်ရွက်ကို ကောက်လိုက်မိတော့၏။
အိုနေသော်လည် ပျိုနေဆဲပါလို့ အို ဗောဓိပင်ရယ် ဘာလို့ ဘာကြောင့် ညောင်ရွက်တွေ ကောက်နေကြတာလဲ ထေရ၀ါဒဗုဒ္ဓဘာသာတို့ရဲ့ ဒုက္ကရစရိယာ(၆)နှစ်ကြာကျင့်ကြံတော်မူပြီး ဘုရားမဖြစ်သမျှ ငါမထပြီဟု လုလ္လ ဥဿဟ စုံအညီ ဗောဓိပင်ရွှေပလ္လင်ထက်ဝယ် ဖွဲ့ခွေ ထိုင်နေတော်မူလေသည်.ဟု ငယ်စဉ်ကကြားခဲ့ဘူးသောဒေါ်မာမာအေးရဲ့ သီချင်းသံကိုပြန်လည်ကြားယောင်ပြီး ထိုဘုရားဖြစ်တော်မူခဲ့သည့် ဗောဓိညောင်ပင်ကြီး၏ ညောင်ရွက်ကို ကောက်ယူအမှတ်တရ တန်ဘိုးထားတတ်ကြသည့် ထေရ၀ါဒနိုင်ငံတို့၏ ရင်ထဲ အသဲထဲနှလုံးထဲမှာ ကိုးကွယ်ဘို့ရာ အဖြစ်ကောက်ယူခဲ့ကြ၏။ မြတ်စွာဘုရား
ဒေသစာရီခရီးကြွသွားစဉ် သာဝတ္ထိမြို့သူမြို့သားတို့သည်မြတ်စွာဘုရား အားဖူးမျှော်ရန်အလို့ငှာပန်း နံ့သာတို့ဖြင့်လာရောက်ဖူးမျှော်ကြ၏။
ထိုသို့လာရောက်စဉ်မြတ်စွာဘုရားမရှိသည့်အခါပန်းနံ့သာတို့ကိုစွန့်ပစ်ကာ ပြန်သွားကြသည်ကိုအရှင်အာနန္ဒာသည်မြင်တွေ့၍မြတ်စွာဘုရားအား အရှင်အာနန္ဒာသည်မြတ်စွာဘုရားအားလျှောက်ထားဘူး၏။မြတ်စွာဘုရားမရှိသည့်အခါ မြတ်စွာဘုရားကိုယ်စား ပရိဘောဂစေတီအဖြစ် ထိုမဟာ ဗောဓိပင်မညောင်စေ့ကိုယူကာစိုက်ပျိုးပြီးအမှတ်တရအဖြစ်စိုက်ပျိုးထားရာ အာနန္ဒာဗောဓိပင်ဟု သာဝတ္တိမြို့၌ထင်ရှားစွာတွေ့မြင်နိုင်ပါ၏။ယခု ထိုညောင်ပင်မှညောင်ရွက်ကိုကောက်ယူပြီး မြတ်စွာဘုရားကိုယ်စား ပရိဘောဂစေတီအဖြစ်အမှတ်တရကိုးကွယ်ကြသော ထေရ၀ါဒနိုင်ငံသူ-နိုင်ငံသား တို့၏ ချစ်စရာကောင်းသော အမှတ်တရလေးကို လည်း မိမိသည်လည်း ဗုဒ္ဓဂယာမြေမြတ်မဟာ၌ ရောက်ရှိစဉ် အမှတ်တရအဖြစ် ဤ post လေးကို တင်မိလိုက်ပါကြောင်း

Saturday, March 19, 2011

အမှတ်တရ တိုင်တည်(HOLIDAY)

ကြုံဆုံခဲ့ရ..ကမ္ဘောဒီယား ဆွမ်းကျွေးပွ္ပဲ္ပ



၁၉.၀၃.၂၀၁၁နေ့(စနေနေ့)အိန္ဒိယနိုင်ငံရဲ့(HOLI DAY)သင်္ကြန်ပေါ့၊ အမိမြန်မာပြည်လိုတော့ ရေဖြင့်ပက်ဖျန်းခြင်းတော့မဟုတ်ပါ၊ ဆေးရောင်စုံ တို့ဖြင့် ပက်ဖျန်းကြ၏။မိမိတို့မှာတော့ ဒီနေ့ထူးထူးခြားခြား မြန်မာ ဘုန်းတော်ကြီးများတို့သည် ကမ္ဘောဒီးယားနိုင်ငံမှ ဒကာ/မတို့သည် ထေရ ၀ါဒဗုဒ္ဓဘာသာပီပီပေါ့၊ သံဃာတော်များအားနေ့ဆွမ်းကပ်လှူခြင်း လှူဒါန်း ဖွယ်ရာအဖြာဖြာတို့ဖြင့် ဆက်ကပ်လှူဒါန်းခြင်း မြန်မာရဟန်းတော် အပါး(၄၇)ပါးတို့သည် ထေရ၀ါဒရဟန်းတော်များ ဖြစ်သည့်အလျှောက် ကြည်ညိုဖွယ်ရာမြင်ကွင်းတို့ဖြင့် အိန္ဒိယနိုင်ငံ၌ မြန်မာလို့ ၀င့်ကြွားနိုင်တယ်ပေါ့။
(တနှစ်တွင်တကြိမ်မျှလောက်သာဆွမ်းကပ်ခြင်းရှိလို့ ညီညီညာညာဖြင့် တွေ့ဆုံခွင့်ရရှိခြင်း) ဟို BHU တက္ကသိုလ်မှ ရဟန်းတော်များနှင့် မိမိတို့ S.S.Uတက္ကသိုလ်မှ ရဟန်းတော်မှားနှင့် စုံစုံညီညီဖြင့် တွေ့ဆုံခဲ့ပြီး ဆွမ်းဘုဉ်းပေးခဲ့ကြရ၏။ ကမ္ဘောဒီးယားရဟန်းတော်များသည် အပါး(၃၀) ခန့်လောက်နှင့် တိဘက်ဘုန်းတော်ကြီး (၅)ပါးလောက် တွေ့ခဲ့ ရ၏။ မိမိတို့မြန်မာရဟန်းတော်များသည်များခဲ့၏။

ဆွမ်းမကပ်ခင် သူတို့ဓလေ့ထုံးတမ်းအရ တရားဓမ္မဟောကြားခြင်းနှင့် ပရိတ်တော်ဒေသနာတော်များရွတ်ဖတ်ခြင်းတို့ပြုလုပ်ကြ၏။မိမိတို့မြန်မာရဟန်းတော်တို့၏ ရွတ်ဖတ်သောပရိတ်သံသည် မြိုင်ဆိုင်၏။ ပို၍အသံ ထွက်ခဲ့၏။ ဒကာ/မတို့သည်လက်အုပ်ကိုချီ၍ ပရိတ်တော်ဒေသနာတော် နာကြားနေတာမြင်တွေ့ရတော့ အမိမြန်မာပြည်ကို လွမ်းမိပါလား.. ဆိုပြီး အတွေးကတချက် အမိမြန်မာပြည်မှာတော့ သင်္ကြန်ရက်များတို့သည် မိမိတို့ကျေးရွာမှာတော့ ကျောင်းသုံးကျောင်း ရှိသည့်အနက် ကျောင်းတိုင်း တွင်အပြည့် ဥပုသ်သီလဆောက်တည်ခြင်း ကလေးလူငယ်လူရွယ် အများအပြားတွေ့မြင်နိုင်၏။

ဒီမှာကြည့် ကုလားထမင်း ကုလားဟင်း...........



---------------------------
ယ္ခု.ကမ္ဘောဒီးယားဒကာ/မတို့ကပ်သောဆွမ်းသည် ကုလားအစားအစာဖြင့် ချက်ပြုတ်ကပ်၏။ မိမိမှာတော့ကုလားအစားအစာ မကြိုက်ရေးချာ မကြိုက်ပါသောကြောင့် ပူတီလေး ၂- ချက်ဖြင့်ပဲဟင်းလေးနဲ့ တို့ကာ တို့ကာဖြင့် နေ့ဆွမ်းအဖြစ်ပြီးတော့၏။ အချိုပွဲမှာ ငှက်ပျောသီးနှင့် သပျစ်သီး ဒိန်ချဉ် မလှိုင်မုန့် ထိုအချိုပွဲကို ရှေ့တွင်ချပေးထားသော သောက်ရေသန့်တပုလင်းဖြင့်မျှောချရတော့၏။ ကမ္ဘောဒီးယား ဒကာ/မတို့ သည် အပေါ်အောက်အဖြူတို့ဖြင့် မြင်ရသူတို့စိတ်ချမ်းသာစေ၏။

ဒေါက်တာသာသနနှင့် ရှင်မော်ဒန်(ဓမ္မဂင်္ဂါ)တို့ကတော့ အဖြူရောင်တို့ဖြင့် ကြည့်ရှု၍ မျက်စိပသာဒဖြစ်ကြောင်း အမိမြန်မာပြည်သူတို့သည်လည်း ထိုအဖြူရောင် ၀တ်စုံဝတ်ခြင်းဖြင့် ကောင်းမွန်စေကြောင်း သူတို့ပြော နေသော စကားတို့ကို ဘေးနားမှ ခပ်ကုတ်ကုတ် နားထောင်နေသော အကျွန်ုပ်သည်လည်း ခေါင်းတညိမ့်ညိမ့်ဖြင့် ကမ္ဘောဒီးယားဒကာ/မတို့၏ ကုသိုလ်ပွဲမှာအပြုံးပန်းတို့ဖြင့်အချင်းချင်းလက်အုပ်ချီကာ ရိုသေဂါရ၀ပြု မူကြသော ဓလေ့သဘာဝကို ကြည့်ပြီး ပီတိတို့သည်ကား ဆွမ်းဘုဉ်း ပေးအပြီးမှာတော့ သင်္ကန်းတထည်စီနှင့် မျက်နှာသုတ်ပုဝါ သွားတိုက်ဆေး သွားတိုက်တန်နှင့် ကော်ဖီမစ် ဆေးဝါး တို့လှူဒါန်းခြင်း သြစတေးလျ ဒေါ်လာ ၅- ဒေါ်လာစီ လှူဒါန်းမှုပြုကြ၏။

မိမိမှာတော့ တောင်သာ ဆရာတော် နှင့်အတူတူထိုင်ခြင်းကြောင့် တောင်သာဆရာတော်ကြီးမှ မောင်ပဉ္ဇင်းသာအလှူခံယူပါ ဟု ဆို၍ မိမိမှာ သြစတေးလျ ဒေါ်လာ ၁၀ ဒေါ်လာရရှိပါကြောင်း...။ဤ post ရေးနေချိန်တွင် ဟို ခပ်ဝေးဝေးမှ ၀ုန်း..ဒိုင်းကျဲ ဗျောက်ဖေါက်နေကြသော ကုလားလူရွယ်တစု.HOLI DAY ရဲ့ ဗျောက်ဖောက်သံသည်ကား.တ၀ုန်းဝုန်းတဒိုင်းဒိုင်း.ဟို ဘက်အခဏ်းမှ တိဘက်မိသားစုမှ ကလေးငိုသံသည်လည်း တဟီး ဟီးနဲ့ဆိုတော့ မိမိသည်လည်း ငိုနေသော အသံကိုအဖေါ်ပြုပြီး မီးခလုတ်ကိုပိတ်ကာ အိပ်ရုံမှတပါး အခြားမရှိတော့ပြီမို့..

Thursday, March 17, 2011

ဗုဒ္ဓခေတ်နှင့်သိပ္ပွံခေတ်နှိုင်းယှဉ်ချက်

ဗုဒ္ဓခေတ်နှင့်သိပ္ပွံခေတ်နှိုင်းယှဉ်ချက်

သိပ္ပံနှင့်နည်းပညာ ကျွမ်းကျင်သူတို့က မျက်မှောက်ခေတ်ကို” သိပ္ပံခေတ် ”ဟု ကြွေးကြော်လာကြပြီး ကွန်ပျူတာခေတ် လက်တွေ့ခေတ်ဟု ဖြစ်လာခဲ့ရ၏။ လူသားတို့ဖွံ့ဖြိုးတိုးတက်မှု၏ အရင်းခံဖြစ်သော” အင်ဖေါ် မေးရှင်းတက်လနော်လဂျီ”(အိုင်တီ)အဆင့်ဆင့်တို့ဖြင့်တည်ဆောက်ထားသည့်စီးပွားရေးလုပ်ငန်းများဖြင့် သိပ္ပံခေတ် ဟုဂုဏ်ပုဒ်ကို ပြယုဂ်တွေ ထုတ်လာကြ၏။ ကမ္ဘာသည်ရွာကလေးတခုသဖွယ် မမြင်ဘူးတာတွေမြင်ရ မကြားဘူးတာတွေကြားရပြီး သည်းခြေကြိုက် ဘ၀တခု အဖြစ်ဖြင့် တည်လာတော့၏။
ဗုဒ္ဓဘာသာခေတ်(ဗုဒ္ဓခေတ်)

“၀ိမုတ္တိခေတ်”ဟုကြွေးကြော်လာခဲ့ကြသောအခါ ၀ိမုတ္တိ ဟူသည်လွတ် မြောက်မှုခေတ် ၀ိဇ္ဇာစရဏထွန်းကား လာသည့်ခေတ်၊ သတ္တ၀ါ အပေါင်း ဖွံ့ဖြိုးတိုးတက်မှု၏ အရင်းမြစ်အကျဆုံးသော သိက္ခာသုံးပါးတို့ အဆင့် ဆင့်တိုးတက်မှုဖြင့် တည်ဆောက်ထားသည့် အပါယ်ဒုဂ္ဂတိမှ လွတ် မြောက်ရေး ကောင်းမွန်မြင့်မြတ်သော သုဂတိဘ၀ ရရှိရေး အန္တိမရည်မှန်း နိဗ္ဗာန်သို့မျက်မှောက်ပြုရေးတည်းဟူသော ပါရမီလုပ်ငန်းတို့ဖြင့် ဂုဏ်ပြ ယုဂ်တွေထုတ်လာကြ၏။
ဝိမုတ္တိပညာကြောင့် သတ္တ၀ါ.ကမ္ဘာ.ရွာတို့သည် သံသရာ ဖြစ်ပျက်မှ မလွတ်ကင်းသော ဒုက္ခသစ္စာ အဖြစ်ကိုမြင်သိစေကာ ပယ်အပ်သော သမုဒယသစ္စာ ပွားအပ်သော မဂ္ဂ.ဒုက္ခငြိမ်းရာ မျက်မှောက်ပြုအပ်သော နိရောဓတို့ကို သစ္စာထိုက်အောက် ဓမ္မဂုဏ်(၆)ပါးတို့ဖြင့် ယုတ္တိဘေဒ သာဓကတို့ဖြင့်ပြကြ၏။
ဆန်းစစ်ဝေဘန်အမြင်မှန်

ခေတ်နှစ်ခေတ်ကို ၀ိဘဇ္ဇ အမြင်ဥာဏ်မြေကတုတ် အနှစ်ထုတ်၍ သမ္မာ ဆန္ဒအမြင်မှန်ပြရသော်
သိပ္ပံခေတ်သည် လူသားတို့ တိုးတက်ဖွံ့ဖြိုး ကောင်းမွန်ရေးကို မှက်မှောက် ဘ၀ရှေးရှု၏။
ဗုဒ္ဓခေတ်သည်လည်း လူ၊နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအားလုံး တိုးတက် ဖွံဖြိုး ကောင်းမွန်ရေးကိုပင် ရှေးရှုပါသည်။။
သိပ္ပံခေတ်သည် ရုပ်တရားတို့၏ မဆုံးသေးသော အဆင့်ဆင့်တိုး တက် မှုကို အကောင်အထည် ဖေါ်ဆဲကာလဖြစ်၏။
ဗုဒ္ဓခေတ်သည် ရုပ် နာမ်ဓမ္မ နှစ်ပါးလုံး၏ အစတိုးတက်မှု အဆင့် ဆင့်တိုးတက်မှု အစ၊ အလယ်၊ အဆုံး၊ တဖန် သံသရာလည်ပုံ ထိုမှ လွတ်မြောက်ရာကို ဖေါ်ထုတ်ပေးပြီးကာလဖြစ်၏။
သိပ္ပံခေတ်သည် ကိရိယာပစ္စည်း အကူအညီဖြင့် မြင်အပ်သောမျက်စိ အမြင်တွင် လမ်းဆုံးသည်။(ရှေ့ဆက်၍ ဘာမှမသိမမြင်တော့ချေ)
ဗုဒ္ဓခေတ်သည် သီလ သမာဓိ ပညာ အကူအညီဖြင့် မနောဝိဥာဏ်ဖြင့်သာ သိအပ်သည်ဖြစ်၍ နိဗ္ဗာန် တွင်လမ်းဆုံးသည်။(သိစရာ ကုန်ပြီဖြစ်၍ ရှေ့ဆက်သိစရာမလိုတော့)
သိပ္ပံနှင့်ဗုဒ္ဓ၀ါဒဆန့်ကျဉ်သည် ဟု ဆိုလာခဲ့သော် မဆန့်ကျဉ်ပါ ဟုငြင်းရ ပေမည်။သိပ္ပံပညာသည် ဗုဒ္ဓဟောတော်မူအပ်သော ပရမတ္ထတရားလေးပါး တို့မှ ရုပ်တရားတို့၏ သဘာဝတ္ထတရား အစိတ်ပိုင်းငယ်တခုမျှသာဖြစ်၏။
သိပ္ပံပညာရှင်သည် ကိလေသာမကင်းသေးသော ပုထုဇဉ်ဖြစ်သည်။
ဗုဒ္ဓသည် အာသဝေါကုန်ခမ်း သဗ္ဗညုဥာဏ်လွှမ်းထားသော အရိယာ ပုဂ္ဂိုလ်မြတ် ဖြစ်ပေသည်။
စရဏမရှိသော ၀ိဇ္ဇာ၊ ၀ိဇ္ဇာမရှိသော စရဏ’သည် အကျိုးမပြီး အချီးနှီးသာဖြစ်တတ်သည်။ “ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ” မင်္ဂလာဖြင့် သိပ္ပံ ပညာအား (စက်မှု-လက်မှုပညာအတတ်)အဖြစ် ဖွင့်လှစ်နေရာပေး ထားလေသည်။ “၀ိနယောစ သုသိက္ခိတော၊ သုဘာသိတာစ ယာဝါစာ” ဖြင့် ကိုယ်ကျင့်တရားနှင့် တွဲစပ်ကျင့်သုံးဖို့ ဟောကြားတော်မူခဲ့သည်။
“ဗုဒ္ဓ”သည် လူနုံလူအ လူ့ဗာလအဖြစ်ကို ဘယ်သောအခါမှ အားမပေးခဲ့ ပေ။ ထိုအကြောင်းအရာများသည်လည်း မင်္ဂလသုတ်တော်ကပင် သက်သေခံလျှက်ရှိနေသည်။ လောကဓမ္မ နှစ်ဖြာတို့၌ ဘ၀ကိုတန်ဘိုးရှိစွာ နေတတ်ဖို့ ဆုံးမတော်မူခဲ့လေသည်။ ခေတ်မှီ ဇိမ်ခံပစ္စည်း အသုံးဆောင် ရှိရုံနှင့် ဘ၀တန်ဘိုးရှိသည်ဟု မဆိုလိုပေ။ ဘ၀တန်ဘိုးဟူသည် သိက္ခာရှိရှိဖြင့် နေထိုင်ခြင်းကိုဆိုလိုသည်။
လောကနှင့် ဓမ္မ၊ ပစ္စုပ္ပန်နှင့် သံသရာ ဘ၀ကောင်းစားရေးနှင့် ဘ၀ လွတ်မြောက်ရေးများ ဟောကြားတော်မူခဲ့သည်။
ကြိုတင်အသိပွား သတိထားရမည့်အချက်။

ခေတ်သည် ပြောင်းလဲနေသလို လူတို့စိတ်သည်လည်း အမြဲ ပြောင်းလဲနေသည်။ ခင်စရာ မင်စရာ တွေးစရာ ငေးစရာတွေနဲ့သာ နှစ်သက်ကြည်နှုးနေတတ်သော အလွယ်ကိုသာ ကြိုက်တတ်သော ကိလေသာထူပြော သဒ္ဓါတရားမခိုင်မြဲကုန်သော ပုထုဇဉ်သဘာဝကား ကြောက်စရာကောင်းလှပေသည်။

Friday, March 11, 2011

မြေမြတ်မဟာ"ဗုဒ္ဓဂယာ"သို့

မြေမြတ်မဟာဘုရားပွင့်တော်မူရာမဟာဗောဓိညောင်ပင်အောက်ဝယ်အတွေးစတို့သည်လွင့်ပြယ်လျှက်ဒီညောင်
ပင်အောက်ဝယ်ဘုရားအဖြစ်ရောက်ရှိတော်မူပါလား.ဟူသော ဟိုခပ်လှမ်းလှမ်းမှစိတ်ပုတီးကိုကိုင်ပြီးလျှောက်လှမ်း
လာတဲ့တိဘက်ဘုန်းတော်ကြီးမိမိအနီးမှာဝတ်ဖြူစင်ကြယ်ဖြင့်ဖြေးညှင်းစွာလျှောက်လှမ်းနေသောထိုင်းဒကာမ
တယောက်မိမိသည်လည်းပတ်ဝန်းကျဉ်ရဲ့ရှုခင်းမြင်ကွင်းတွေကိုငေးမောနေရင်း အနေကဇာတိသံသာရံသန္ဓာဝိဿံ
အစရှိတဲ့၈ါထာလေးရွတ်နေရင်းဖြင့်ဟိုခပ်လှမ်းလှမ်းကြားလိုက်ရသောဥသြငှက်လိုလိုဘေးဘီကိုကြည့်ပြန်တော့လဲ
ပင်အိုတို့သည်လည်းမွဲခဲ့လေပြီရိုးတံတို့သည်လည်းခပ်ကြဲကြဲမို့လေပြေလေးတချက်တိုက်ခတ်လာမှုကြောင့်အော်
တဆောင်းကုန်လို့တနွေတောင်ရောက်တော့မှာပါလားဆိုပြီး..

Sunday, March 6, 2011

ဒေ၀ဒတ်၏သမိုင်းရာဇ၀င်နိဂုံး

ရှင်ဒေ၀ဒတ်၏အတန်တန်တောင်းပန်ချက်အရနောက်ဆုံး၌သူ၏တပည့်များသည်ဒေ၀ဒတ်ကိုညောင်
စောင်းပေါ်တင်၍သာဝတ္ထိမြို့ဇေတ၀န်ကျောင်းရှိမြတ်စွာဘုရားအထံသို့သယ်ဆောင်လာကြ၏။
ဇေတ၀န်ကျောင်းတော်တွင်းရှိရေကန်သို့ရောက်သောအခါဒေ၀ဒတ်၏တပည့်များသည်ညောင်စောင်းကို
ခေတ္တချ၍ရေဆင်းချိုးကြ၏။ရှင်ဒေ၀ဒတ်လည်းညောင်စောင်းမှသူ၏ခြေနှစ်ဘက်ကိုမြေပေါ်သို့ချ၍ထိုင်လိုက်၏။
ထိုအခါသူ၏ခြေနှစ်ဘက်တို့သည်မြေကြီးထဲသို့ဝင်သွာ၏။ဒေ၀ဒတ်သည်အလန့်တကြားထ၏။
သို့ရာတွင်ထ၍မတော့အော်ဟစ်ရုန်းကန်ရင်းပင်မြေမျက်စိ.ခြေသလုံး.ပေါင်.ခါး.ရင်သို့တိုင်အောင်မြုတ်၍မြုတ်၍
သွား၏။နောက်ဆုံးမေးရိုးရောက်သောအခါ.
ဣမေဟိအဋ္ဌိဟိတမဂ္ဂံပုဂ္ဂလံ
ဒေ၀ါတိဒေ၀ံနရဒမ္မသာရထိံ
သမန္တစက္ခုံသတပုညလက္ခဏံ
ပါဏေဟိဗုဒ္ဓံသရဏံဂတောသ္မိ။
အဂ္ဂပုဂ္ဂလံ-ကမ္ဘာလောကတွင်အသာဆုံးဖြစ်တော်မူထသော.ဒေ၀ါတိဒေ၀ံ-နတ်အပေါင်းတို့၏ဦးခေါင်းညွတ်လျှိုးခိုကိုးရာအစစ်နတ်မင်းလည်းဖြစ်တော်မူပေထသောနရသမ္ပတ္တိံ-ဆုံးမရန်ကြုံများဗိုလ်ပုံကိုစုံလင်စွာသင်ပေးလျှက်ယဉ်ကျေးအောင်ဆုံးမ
တော်မူပေထသော.သမန္တစက္ခုံ-ကြွင်းမဲ့ဥဿုံအလုံးစုံကိုအကုန်သိမြင်သဗ္ဗညုဥာဏ်ရှင်
လည်းဖြစ်တော်မူထသောသတပုညလက္ခဏံ-ရာပေါင်းများစွာဘုန်းသမ္ဘာကြောင့်ကောင်း
စွာမြင့်ကြွယ်တင့်တယ်သောလက္ခဏာတော်လည်းရှိပေထသောတံဗုဒ္ဓံ-တု၍မနိုင်ပြိုင်၍
မရကမ္ဘာ့ထိပ်ခေါင်ထိုနောင်တော်မြတ်စွာဘုရားကို.ဣမေဟိအဋ္ဌီဟိ-အသားတွေပျောက်
အရေခြောက်သဖြင့်မျက်မှောက်ထင်စွာဤသုံးရာသောအရိုးတို့ဖြင့်၎င်း.ဣမေဟိပါဏိဟိ.
မငြိမ်လှုပ်လက်ချုပ်ပျက်ခါနီးဖြစ်သောဤအသက်တို့ဖြင့်၎င်း.သရဏံ-ဦးတင်ကျနဖူးမြင်
လှသည်မရတော့ပါကိုးကွယ်ရာဟူ၍သာလျှင်.ဂတောသ္မိ.အပြစ်ရှိသမျှသတိရသဖြင့်အာမ၀န္တံ-အကုန်ခံ၍အတန်တန်ဆည်းကပ်ပါသည်ဘုရား။။
နတ်တကာတို့ထက်မြတ်တော်မူထသော။လူနတ်ဗြဟ္မာသတ္တ၀ါအပေါင်းကိုယဉ်ကျေးအောင်ဆုံးမတော်
မူတတ်သောသဗ္ဗညုတဥာဏ်ဖြင့်ပြည့်စုံတော်မူသော။အရာမကသောကုသိုလ်တော်တို့ကြောင့်ဘုန်းလက္ခဏာ
နှင့်ပြည့်စုံတော်မူထသောလောကတွင်အမြတ်ဆုံးဖြစ်တော်မူသောထိုမြတ်စွာဘုရားကိုအကျွန်ုပ်သည်
ဤအရိုးတို့ဖြင့်၎င်း။ဤကျန်ရှိနေသောအသက်တို့ဖြင့်၎င်းကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏မြတ်စွာဘုရား။။
ဟူ၍သရဏဂုံယူပြီးလျှင်မဟာအ၀ီစိငရဲသို့ကျရောက်သွားတော့၏။ရှင်ေးဝးတ်မြေမျိုသွားပြီဟူ၍
လူအပေါင်းတို့ကြားသည်နှင့်တပြိုင်နက်ကြားကြားသမျှသောလူအပေါင်းတို့သည်ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။
တံခွန်လုံး။တံခွန်ပြား။ငှက်ပျောပင်။ရေပြည့်အိုးတို့ကိုတည်ကာပွလြမ်းသဘင်ခံကြ၏။
ထိုအကြောင်းအရာကိုရဟန်းအပေါင်းတို့ကမြတ်စွာဘုရားအားလျှောက်ထားကြလေရာတွင်
ရှေးအခါကလည်းလူအားလုံးတို့ကမုန်း၍နေသောဗာရာဏသီပြည့်ရှင်ပိင်္ဂလကွယ်လွန်စဉ်ကလည်း
ဤကဲ့သို့ပင်ကြားကြားသမျှသောတိုင်းသူပြည်သားလူအပေါင်းတို့ပျော်ရွှင်ဖူးကြပြီဟူ၍ ဒုကနိပါတ်။ဥပါဟန၀ဂ်။မဟာပိင်္ဂလဇာတ်ကိုဟောတော်မူ
၏။ထို့နောက်ဒေ၀ဒတ်နှင့်ပတ်သတ်၍မြတ်စွာဘုရားသခင်က.
မကောင်းမှုပြုလေ့ရှိသူသည်ပစ္စုပ္ပန်ဘ၀၌လည်းပူပန်ရ၏။တမလွန်ဘ၀လည်းပူပန်ရ၏။
ပစ္စုပ္ပန်တမလွန်နှစ်ဘ၀လုံး၌လည်းပူပန်ရ၏။ငါသည်မကောင်းမှုကိုပြုမိပြီဟုသိသည်နှင့်တပြိုင်နက်ပူပန်ရ၏။
တမလွန်ဖြစ်ရာအပါယ်ဘုံ၌ကားထို့ထက်ပို၍ပူပန်ရ၏။ဟုဟောတော်မူလေရာတရားနာပရိသတ်တို့သည်
ဒေသနာ၏အဆုံး၌သောတာပန်ဖြစ်သူများလည်းရှိ၏။ကံကံ၏အကျိုးကိုသက်ဝင်စွာယုံကြည်သူများလည်းရှိ၏။
ဤဒေသနာသည်တရားနာပရိသတ်အတွက်များစွာအကျိုးရှိသောဒေသနာဖြစ်၏။
ထို့ကြောင့်ရှင်ဒေ၀ဒတ်ကိုအကြောင်းပြုပြီးရှင်ဒေ၀ဒတ်သည်ဈာန်အဘိဥာဉ်ရပြီးနောက်ပိုင်းပူဇော်သက္ကာရကို
အကြောင်းပြုပြီးပင်ပန်းလှ၏။ဆင်းရဲလှ၏။ပူလောင်လှ၏။နောက်ဆုံးသွေးပွက်ပွက်အံသည်အထိပစ္စုပ္ပန်ဘ၀၌
ပုလောင်ရ၏။ဆင်းရဲလှ၏။တမလွန်ဘ၀၌လည်းမဟာအ၀ီစိငရဲ၌နှစ်ပေါင်းများစွာကျခံရပေလိမ့်မည်။
နောက်ဆုံး၌လူနတ်ဗြဟ္မာသတ္တ၀ါအားလုံးအပေါ်၌မျှတသောစိတ်ထားရှိတော်မူသောမြတ်စွာဘုရားအပေါ်၌
ငါသည်မကောင်းမှုကိုပြုမိခဲ့ပြီဟူ၍နောက်ဆုံးအသက်ထွက်ချိန်အထိနောင်တတဖန်ပူပန်သော
စိတ်ဖြင့်ဆင်းရဲရ၏။တမလွန်ဘ၀၌လည်းမဟာအ၀ီစိငရဲ၌ကျခံရကေလိမ့်မည်။မဟာအ၀ီစိငရဲ၏
သက်တမ်းပမာဏဆိုရလျှင်အန္တရကပ်တကပ်ထိကျခံရပေလိမ့်မည်။ဤသည်မှာမကောင်းမှုကိုပြုသူတို့၏
မလွှဲမရှောင်သာသွားရမည့်လမ်းပေတည်း။။ဤတွင်ဒေ၀ဒတ်၏သမိုင်းရာဇ၀င်ကားပြီးဆုံးလေပြီ။
မှန်ကန်သောနှလုံးသွင်းနှင့်မှန်ကန်သောအသိဥာဏ်ကိုသာသုခအဖြစ်မြင်တတ်အောင်ဗုဒ္ဓဘာသာဝင်
ဤမြန်မာနိုင်ငံနှင့်မြန်မာလူမျိုးအားလုံးတို့အတွက်တာဝန်ကိုယ်စီအသိစိတ်လေးတွေနှင့်ဆောင်ရွက်ကြရန်
အချိန်ကြရောက်နေပြီဖြစ်ကြောင်းကိုဤဒေ၀ဒတ်ဝတ္ထုကဖေါ်ပြခြင်းဖြစ်ပါကြောင်း။

Saturday, March 5, 2011

ရှင်ဒေ၀ဒတ်၏သမိုင်းရာဇ၀င်(၅)

ဒေ၀ဒတ်၏တောင်ဆု(၅)ပါး
ရှင်ဒေ၀ဒတ်၏တောင်းဆု(၅)မျိုး(၁)ရဟန်းအားလုံးတို့သည်အသက်ထက်ဆုံးတောကျောင်း၌သာနေကြရန်။
(၂)ရဟန်းအားလုံးတို့သည်ပင့်ဖိတ်သောဆွမ်းကိုလက်မခံပဲဆွမ်းခံ၍သာဘုဉ်းပေးရန်။
(၃)အသက်ထက်ဆုံးပံ့သူကူသင်္ကန်းကိုသာသုံးဆောင်ရန်။
(၄)သစ်ပင်ရင်းတည်းဟူသောကျောင်းကိုသာသီတင်းသုံးရန်။
(၅)အမဲသားငါးတို့ကိုမသုံးဆောင်ပဲသက်သတ်လွတ်ကိုသာဘုဉ်းပေးရန်။
မြတ်စွာဘုရားသည်ရှင်ဒေ၀ဒတ်၏လူကြားကောင်းရုံမျှသာဖြစ်ပြီးတကယ်တမ်းအားဖြင့်လောက၏
အစီးပွားအတွက်သံသရာမှလွတ်မြောက်ခြင်းငှာအကျိုးမပြုနိုင်သောဒေ၀ဒတ်၏တောင်းဆိုချက်များကိုခွင့်မပြုချေ။
မြတ်စွာဘုရားကထိုသို့ခွင့်မပြုခြင်းကြောင့်ဒေ၀ဒတ်သည်ဝမ်းမနည်းမြတ်စွာဘုရားအပေါ်သူကျူးလွန်ခဲ့သော
ပြစ်မှုများကြောင့်သူသည်မြတ်စွာဘုရားနှင့်လမ်းခွဲမှဖြစ်တော့မည်။သူသည်တဂိုဏ်းတစဉ်ထောင်၍
သူကိုယ်တိုင်ကဘုရားလုပ်ပြီးသူပိုင်သံဃာပရိသတ်ကိုမွေးမှဖြစ်တော့မည်။သံဃာပရိသတ်မွေးရာ၌
သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ရန်ကျင့်ကြံလိုကြသောပုဂ္ဂိုလ်များအတွက်သူတင်ပြသောလမ်းစဉ်သည်
လောကဓမ္မတာအရအခေါင်းပါးဆုံးသောလမ်းစဉ်ဖြစ်သဖြင့်ပရိသတ်အားလုံးကထောက်ခံကြမည်ဟု
သူယုံကြည်၏။ထို့ကြောင့်သူသည်ရာဇဂြိုဟ်မြို့တွင်းသို့လှည်လည်၍သူ၏ခေါင်းပါးသောကျင့်စဉ်ကို
တအိမ်ဆင်းတအိမ်တတ်ကြေငြာလေတော့၏။ထိုစဉ်ရာဇဂြိုဟ်မြို့တွင်းသို့ဆွမ်းခံကြွှလာသော
အရှင်အာနန္ဒာနှင့်တွေ့လေရာရှင်ဒေ၀ဒတ်ကငါ့ရှင်အာနန္ဒာယနေ့မှစ၍ငါသည်မြတ်စွာဘုရားနှင့်
၎င်းမြတ်စွာဘုရား၏တပည့်သံဃာများနှင့်၎င်းလမ်းခွဲ၍သံဃာကံကိုဖြစ်စေဥပုသ်ကံကိုဖြစ်စေ
သီးခြားပြုတော့အံ့ဟူ၍ဆိုလေ၏။အရှင်အာနန္ဒာသည်ဝေဠုဝန်ကျောင်းသို့ပြန်ရောက်သောအခါမြတ်စွာ
ဘုရားအားဤအကြောင်းကိုလျှောက်ထားလေ၏။မြတ်စွာဘုရားသည်ရှင်ဒေ၀ဒတ်အားခေါ်တော်မူပြီး
ချစ်သားဒေ၀ဒတ်သင်သည်သံဃာကိုဂိုဏ်းခွဲ၍တည်ထောင်ရန်အားထုတ်နေသည်မှာမှန်ပါသလောဟူ၍
မေးတော်မူရာမှန်ကြောင်းဒေ၀ဒတ်ကပြန်လည်လျှောက်ထား၏။ရှင်ဒေ၀ဒတ်သည်သံဃာကို
အစိတ်စိတ်ကွဲအောင်လုပ်သောဤသံဃာဘေဒကကံကြောင့်မဟာအ၀ီစိငရဲ၌ကျရောက်ပေတော့မည်ဟု
ဓမ္မသံဝေဂများစွာဖြစ်တော်မူ၏။ရှင်ဒေ၀ဒတ်သည်ဥပုသ်နေ့တနေ့တွင်မိမိ၏ပရိသတ်နှင့်အတူတကွသင့်တင့်
လျောက်ပတ်သောနေရာ၌ထိုင်နေပြီးလျင်မိမိ၏ခေါင်းပါးသောအကျင့်ကိုသက်ဝင်ယုံကြည်ကြကုန်သော
သူတို့သည်ဤသံဃာအလယ်၌ရှိပါကမိမိအားထောက်ခံရန်မဲပေးလိုကြောင်းကြေငြာ၏။
ထိုအခါဝဇ္ဇီတိုင်းသားရဟန်း(၅၀၀)တို့သည်ရှင်ဒေ၀ဒတ်၏ခေါင်းပါးသောအကျင့်ကိုသက်ဝင်ယုံကြည်ပါကြောင်း
ဆန္ဒမဲပေးကြ၏။မြတ်စွာဘုရားအထံ၌ရှင်သာရိပုတ္တရာ.ရှင်မဟာမောဂ္ဂလာန်.ရှင်မဟာကဿပဟူသော
တပည့်ကြီးများရှိသကဲ့သို့ရှင်ဒေ၀ဒတ်အထံမှာလည်းရှင်ကောကာလိက.ရှင်ကဋမောဒကတိဿက.
ရှင်သမုဒတ္တ.ဟူသောတပည့်ကြီးများရှိ၏။ရှင်ဒေ၀ဒတ်သည်ထိုတပည့်ကြီးများနှင့်တကွဝဇ္ဇီတိုင်းသား
ရဟန်း(၅၀၀)ခြံရံလျက်ရာဇဂြိုဟ်မှဂယာသီသသို့သွားလေ၏။ဂယာသီသကျောင်းတိုက်၌ရှင်ဒေ၀ဒတ်သည်
မြတ်စွာဘုရားတရားဟောတော်မူသကဲ့သို့သူ၏ပရိသတ်များအားတရားဟောနေ၏။
သူလည်းဘုရားတဆူဖြစ်လေရာမြတ်စွာဘုရားဆောင်ရွက်တော်မူသည့်နည်းများအတိုင်းပင်
ဆောင်ရွက်တော်မူ၏။သူ၏ကြေငြာချက်အရသူသည်ခေါင်းပါးသောအကျင့်ကိုသက်ဝင်ယုံကြည်သူပီပီသူ၏
တပည့်များယုံကြည်လာအောင်ကြိုးစား၍ကျင့်ရမည်ဖြစ်၏။သို့မှသာသူ၏တပည့်များကသူ့အပေါ်
ခေါင်းဆောင်ပီသကြောင်းသိရှိလာရကားဘုရားအဖြစ်လက်ခံယုံကြည်ကြပေလိမ့်မည်။
ဝဇ္ဇီတိုင်းသားရဟန်း(၅၀၀)တို့သည်ရှင်ဒေ၀ဒတ်နောက်လိုက်ပါသွားကြောင်းမြတ်စွာဘုရားကြားသိသော
အခါမြတ်စွာဘုရားကရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောဂ္ဂလာန်တို့အားထိုရဟန်း(၅၀၀)တို့အားပြန်လည်ခေါ်
ဆောင်လာရန်မိန့်ကြားတော်မူ၏။အမိန့်တော်အတိုင်းရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောဂ္ဂလာန်တို့သည်
ရှင်ဒေ၀ဒတ်ရှိရာဂယာသီသသို့သွားရောက်ကြ၏။ထိုအချိန်၌ရှင်ဒေ၀ဒတ်သည်သူ၏ပရိသတ်အား
တရားဟောနေချိန်ဖြစ်၏။ရှင်သာရိပုတ္တရာတို့အားမြင်တော်မူသောအခါမြတ်စွာဘုရား၏
အဂ္ဂသာဝကနှစ်ပါးသည်မိမိ၏ခေါင်းပါးသောအကျင့်ကိုသက်ဝင်ယုံကြည်သဖြင့်ကြွတော်မူခြင်းဖြစ်သည်ဟု
ထင်မှတ်၍များစွာဝမ်းသာနေ၏။သို့ရာတွင်ကောကာလိကကရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောဂ္ဂလာန်တို့အား
အရောမ၀င်ရန်ရှင်ဒေ၀ဒတ်အားသတိပေး၏။သို့ရာတွင်ရှင်ဒေ၀ဒတ်သည်ကောကာလိက၏စကားကို
မယုံကြည်ပဲရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောဂ္ဂလာန်တို့အားသူ၏ကိုယ်စားတရားဟောခိုင်း၏။
ထိုအခါရှင်သာရိပုတ္တရာနှင့်ရှင်မောဂ္ဂလာန်တို့တရားဟောတော်မူရာဝဇ္ဇီတိုင်းသားရဟန်း(၅၀၀)တို့သည်
ထိုတရားပွဲ၌ပင်သောတာပန်ဖြစ်သွားကြ၏။ထို့နောက်ဆရာဖြစ်တော်မူသောရှင်သာရိပုတ္တရာနှင့်
ရှင်မောဂ္ဂလာန်တို့နှင့်အတူဈာန်အဘိဥာဉ်ဖြင့်ရာဇဂြိုဟ်မြို့ဝေဠုဝန်ကျောင်းတော်သို့ပြန်ကြွသွားကြလေ၏။
ရှင်ဒေ၀ဒတ်ကားအိပ်မောကျတုန်းပင်ဖြစ်၏။ထိုအခါရှင်ကောကာလိသည်များစွာစိတ်ဆိုး၏။
အစကထည်းကရှင်သာရိပုတ္တရာနှင့်ရှင်မောဂ္ဂလာန်ကိုအရောမ၀င်ရန်သတိပေးပါလျက်နဲ့သူ၏သတိပေးချက်ကို
မနာယူသဖြင့်ယခုရဟန်း(၅၀၀)တို့သည်ရှင်သာရိပုတ္တရာနှင့်ရှင်မောဂ္ဂလာန်တို့နောက်သို့ပါသွားကြလေပြီ။
ယခုတော့ဘာတတ်နိုင်ပါမည်နည်းဟုရှင်ကောကာလိကသည်အိပ်ပျော်နေသောရှင်ဒေ၀ဒတ်၏ရင်ဝကို
ဖနောင့်နှင့်ပေါက်၍နှိုး၏။ထိုအခါမှရှင်ဒေ၀ဒတ်သည်နိုးလေ၏ထိုဒဏ်ကြောင့်သွေးပွက်ပွက်အန်လေ၏။
ဒေ၀ဒတ်သည်(၉)လတိုင်တိုင်ဂယာသီသကျောင်းတိုက်၌ဝေဒနာကိုခံစားလျှက်ရှိရာနောက်ဆုံး၌
ဘုရားသခင်ကိုဖူးမြင်လိုသောဆန္ဒအပြင်းအထန်ဖြစ်လာ၏။နောက်ဆုံးအကြိမ်အဖြစ်ဝန်ချကန်တော့လို၏။
သူနောင်တရလေပြီ။သို့ရာတွင်သူ၏နောင်တသည်များစွာနောက်ကျသွားလေပြီ။သူသည်မြတ်စွာဘုရားအား
သွေးစိမ်းရှင်ရှင်ထွက်အောင်လည်းလုပ်ခဲ့၏။သံဃာများကိုလည်းကွဲအောင်ခွဲခဲ့၏။ဤကံကြီးများကား
အလွန်ကြီးမားသောကံကြီးများဖြစ်၏။သာမန်ကံမျိုးမဟုတ်။ဤကံမျိုးကျူးလွန်သူများသည်
အ၀ီစိငရဲ၌ဧကန်ကျထိုက်သူများဖြစ်ကြ၏။ရှင်ဒေ၀ဒတ်ကားအ၀ီစိငရဲ၌ကျမည်သာဖြစ်၏။
မြတ်စွာဘုရားကိုဘယ်နည်းနဲ့မှဖူးမျှော်ခွင့်ရလိမ့်မည်မဟုတ်။သို့ရာတွင်သူသည်နောက်ဆုံးအနေနဲ့သူ၏
နောင်တော်ဖြစ်တော်မူသောမြတ်စွာဘုရားကိုဖူးမြင်ချင်လှ၏။ထို့ကြောင့်သူ၏တပည့်များအားသူ့ကို
သာဝတ္ထိမြို့ဇေတ၀န်ကျောင်းတော်ရှိမြတ်စွာဘုရားအထံသို့ပို့ဆောင်ပေးကြပါရန်အတန်တန်တောင်းပန်
လေတော့၏။။
ဆက်လက်ရေးပါဦးမည်။

Thursday, March 3, 2011

ရှင်ဒေ၀ဒတ်၏သမိုင်းရာဇ၀င်(၄)

ရှင်ဒေ၀ဒတ်သည်အနုနည်းဖြင့်အားထုတ်၍မရမှန်းသိသောအခါအကြမ်းနည်းအဓမ္မနည်းဖြင့်အားထုတ်
ရန်ကြံစည်ပြန်၏။မြတ်စွာဘုရားကိုသတ်မှဖြစ်မည်။မြတ်စွာဘုရားသေမှငါဘုရားဖြစ်မည်။မြတ်စွာဘုရားကို
သတ်ရန်မင်း၏အကူအညီကိုလို၏ထို့ကြောင့်အဇာတသတ်မင်းသားကိုမင်းဖြစ်အောင်ရှေးဦးစွာကြံစည်မှဖြစ်မည်။
သူ၏ခမည်းတော်ဗိမ္ဗိသာရမင်းကိုသတ်ခိုင်းပြီးထီးနန်းကိုရယူရန်အဇာတသတ်မင်းသားအားတိုက်တွန်းရမည်။
အဇာတသတ်ထီးနန်းရလျှင်သူ၏အကူအညီဖြင့်မြတ်စွာဘုရားကိုသတ်ရမည်။သူ၏အကြံအစည်အတိုင်းဖြစ်
မြောက်အောင်ရှင်ဒေ၀ဒတ်သည်အဇာတသတ်အားသူ၏ခမည်းတော်ဗိမ္ဗွိသာရမင်းကြီးကိုအသတ်ခိုင်းပြီး
ထီးနန်းကိုရယူစေ၏။ထို့နောက်လေးသမားများကိုလွှတ်၍ဘုရားရှင်အားလုပ်ကြံသတ်ဖြတ်စေ၏။
မအောင်မြင်သောအခါသူကိုယ်တိုင်ဂိဇ္ဈကုဋ်တောင်ပေါ်၌ကျောက်မောင်းဆင်၍ကျောက်တုန်းများကို
လှိမ့်ချပြီးမြတ်စွာဘုရားကိုသတ်ပြန်၏။မအောင်မြင်သောအခါနာဠာဂီရိဆင်ကိုအရက်တိုက်၍မြတ်စွာဘုရား
သခင်ရာဇဂြိုဟ်မြို့တွင်းဆွမ်းခံကြွစဉ်အနင်းခိုင်း၍သတ်စေပြန်၏။အမှန်အားဖြင့်မြတ်စွာဘုရားကိုမည်သူ
သူတပါး၏ပယောဂလုလ္လဖြင့်မည်သည့်အခါမျှပရိနိဗ္ဗာန်ပြုရိုးထုံးစံမရှိချေ။ဤသဘောကိုရှင်ဒေ၀ဒတ်သည်မသိ။
ငါလုပ်လျှင်ဘာမဆိုဖြစ်ရမည်ဟူသောအတ္တစွဲပြင်းထန်သူဖြစ်၏။ယ္ခုတော့သူကိုယ်တိုင်တွေ့လေပြီ။လောကတွင်
မိမိဖြစ်စေလိုတိုင်းမဖြစ်နိုင်သောအရာတွေများစွာရှိပါတကား.။
မြတ်စွာဘုရားအထံမှရဟန်းသံဃာများကိုအုပ်ချုပ်ခွင့်ပြုရန်ရှင်ဒေ၀ဒတ်တောင်းစဉ်ကမြတ်စွာဘုရားသည်
ရှင်ဒေ၀ဒတ်အားနှစ်ကြိမ်တိုင်တိုင်မသင့်ကြောင်းပြောဆိုဆုံးမ၏.သုံးကြိမ်မြောက်တောင်းရာတွင်မူဒေ၀ဒတ်
ငါဘုရားသည်သာရိပုတ္တရာနှင့်မောဂ္ဂလာန်တို့အားသော်မှလည်းရဟန်းသံဃာကိုလွှဲမည်မဟုတ်တံတွေနှင့်
တူသောပစ္စည်းများကိုသုံးစွဲသောယုတ်မာသောသင့်အားအဘယ်သို့လွှဲနိုင်ပါမည်နည်း။ဟူ၍မိန့်တော်မူရာ
ရှင်ဒေ၀ဒတ်သည်များစွာရှက်၏မြတ်စွာဘုရားသည်ရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောဂ္ဂလာန်တို့ကိုသာ
ချီးမြှောက်၏။ငါ့ကိုမူမချီးမြှောက်မင်းပရိသတ်အလယ်၌ငါ့ကိုအရှက်ခွဲ၏ဟူ၍များစွာနာကြည်း၏။
သို့ရာတွင်မြတ်စွာဘုရားကိုအရိုအသေပေးကာရှိခိုးပြီးပရိသတ်ထဲမှထွက်သွားလေတော့၏။
မြတ်စွာဘုရားကလည်းရဟန်းသံဃာတော်တို့အားရာဇဂြိုဟ်မြို့အတွင်း၌ရှင်ဒေ၀ဒတ်နှင့်
ပတ်သတ်ပြီး”ပကာသနိယကံ”ပြုလေ၏။ရှင်သာရိပုတ္တရာအားလည်းရှင်ဒေ၀ဒတ်နှင့်ပတ်သတ်၍
ထပ်ဆင့်ရှင်းလင်းဟောကြားရန်သံဃာတော်များကသမ္မုတိပေးလိုက်၏။ဒီနေရာမှာပကာသနိယကံဟူသည်မှာ
ရှင်ဒေ၀ဒတ်သည်ရှေးအခါကသာသနာတော်နှင့်ပတ်သတ်၏။ယခုအခါသာသနာတော်နှင့်မပတ်သတ်
ဟူ၍ဖြစ်၏။ယခုကာလအမွေပြတ်ကြောငြာသောသဘောမျိုးဖြစ်၏။
ရှင်ဒေ၀ဒတ်သည်ယ္ခုအခါမြတ်စွာဘုရားသည်ငါ့ကိုပယ်စွန့်လေပြီ။ငါကလည်းလက်စားချေရမည်
ဟူသောသဘောဖြင့်မြတ်စွာဘုရားကိုသတ်ရန်အကြိမ်ကြိမ်ကြိုးပမ်းခြင်းဖြစ်၏။မြတ်စွာဘုရား၏ခြေတော်၌
သွေးစိမ်းကိုတည်စေခဲ့ပြီ။အစပထမ၌ဒေ၀ဒတ်၏ယုတ်မာရက်သက်မှုများသည်မပေါ်ပေါက်သေး
လေးသမားများအားမြတ်စွာဘုရားကိုသတ်ခိုင်းခြင်းသည်လည်းရှင်ဒေ၀ဒတ်၏လက်ချက်မှန်းမသိ။
ဂိဇ္ဈကုဋ်တောင်ပေါ်မှကျောက်မောင်းဆင်သည်မှာလည်းရှင်ဒေ၀ဒတ်အကြံဟုမထင်ခဲ့။နာဠာဂီရ်ဆင်ကို
အရက်(၁၆)လုံးတိုက်၍သတ်ရန်အားထုတ်ကာမှရှင်ေးဝးတ်၏လက်ချက်မှန်းသိလာ၏။
ထိုအခါတိုင်းသူပြည်သားတို့သည်အုပ်အုပ်ကျက်ကျက်ပြုလာ၏။အဇာတသတ်မင်းအပေါ်မကျေမနပ်ဖြစ်လာ၏။
ထိုအခါမှစ၍ရှင်ဒေ၀ဒတ်သည်အဇာတသတ်မင်း၏အပူဇော်ကိုမခံရတော့။သို့ရာတွင်မူ
အဇာတသတ်မင်းကြည်ညိုစဉ်ကဂယာသီသ၌ဒေ၀ဒတ်အားဆောက်လုပ်လှူဒါန်းထားသော
ကျောင်းတိုက်ကြီးရှိသေး၏ထိုကျောင်းတိုက်သည်သာရှင်ဒေ၀ဒတ်၏နောက်ဆုံးအားထားရာဖြစ်တော့၏။
ရှင်ဒေဒ၀ဒတ်သည်အားကိုးရာလည်းမရှီတော့ပြီရာဇဂြိုဟ်မြို့၌လည်းနေ၍မဖြစ်ကောသမ္ဗီမှာလည်း
နေလို့မဖြစ်တော့ရှင်ဒေ၀ဒတ်သည်ဥာဏ်နီဥာဏ်နက်များ၏။အကြံအဖန်လည်းသူ့မှာရှိ၏။
ထို့ကြောင့်နောက်ဆုံးအနေနဲ့အကြံတခုကိုကြံ၏။ထိုအကြံကားလူကြိုက်များသောအကြံဖြစ်၏။
လောကဓမ္မတာအရရုပ်ကိုအကြောင်းပြု၍ကြည်ညိုသူ၃ပုံပုံလျှင်၂ပုံရှိ၏။
ကျောဇောအသံကိုအကြောင်းပြု၍ကြည်ညိုသူ၅ပုံပုံလျှင်၎ပုံရှိ၏။ခေါင်းပါးသော
အကျင့်ကိုကျင့်၍ကြည်ညိုသူ၁၀ပုံပုံလျှင်၉ပုံသည်ရှိ၏။မှန်ကန်သောဓမ္မကိုအကြောင်းပြု၍ကြည်ညိုသူ
တသိန်းပုံလျှင်တပုံသာရှိ၏။ဤသို့ပညာရှိများသတ်မှတ်ချက်ရှိ၏။ဤသတ်မှတ်ချက်ကိုအကြောင်းပြု၍
ခေါင်းပါးသောအကျင့်ဖြင့်ဆွဲဆောင်ရလျှင်ရဟန်းသံဃာအပေါင်းသည်ငါ့ဘက်သို့ပါလာနိုင်၏ဟု
ဒေ၀ဒတ်သည်ဥာဏ်ထုတ်မိ၏။ဤဥာဏ်နီဥာဏ်နက်ဖြင့်ရှင်ဒေ၀ဒတ်သည်အကြံအစီကိုအကောင်ထည်
ဖေါ်ခြင်းငှာရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရားအထံသို့ချဉ်းကပ်ကာဗုဒ္ဓသာသနာတော်၌ထက်သန်သော
သဒ္ဓါတရားဖြင့်ရဟန်းပြုကြသောပုဂ္ဂိုလ်များလိုက်နာကျင့်ကြံရေးနှင့်ပတ်သတ်၍
အောက်ပါအတိုင်းဆု၅ပါးကိုပေးတော်မူပါရန်လျှောက်ထားလေ၏။

Wednesday, March 2, 2011

ရှင်ဒေ၀ဒတ်၏သမိုင်းရာဇ၀င်(၃)

သက္ကာရောကာပုရိသံဟန္တိ။ပူဇော်သက္ကာရဟူသည်ယုတ်ညံ့သောစိတ်ဓာတ်ရှိသူ.
မခိုင်မာသူတို့အတွက်အဆိပ်သဖွယ်ဖြစ်၏။ဘ၀၌မကောင်းသောနိဂုံးကိုဖြစ်စေတတ်၏။
ဟူ၍မြတ်စွာဘုရားသည်ဟောတော်မူသော်လည်းထိုဒေသနာကိုရှင်ဒေ၀ဒတ်မယုံကြည်။
သူ့အဖို့အရေးကြီးသည်ကားပူဇော်သက္ကာရပေါများဘို့သာလို၏။မင်း၏ဆရာဖြစ်ဘို့သာလို၏။
မင်းဆရာဖြစ်သည်နှင့်တပြိုင်နက်အခြားအရာများကားအသေးအမွှားများသာတည်း။
”ကျွဲကူးရေပါ“ဟူသည်နှင့်အညီသူ့ဟာသူအလိုလိုဖြစ်လာမည်ဖြစ်၏။သို့ဖြစ်လျှင်မင်းဆရာ
ဖြစ်အောင်ဘယ်လိုလုပ်ရမည်နည်း။ရှင်ဒေ၀ဒတ်သည်စဉ်းစား၏။အဖန်ဖန်စဉ်းစား၏။
မင်းဆရာဖြစ်ရန်အတွက်စဉ်းစားသောအခါဗိမ္ဗိသာရနှင့်ပေါင်း၍မဖြစ်။
ကောသလမင်းကြီးနှင့်လည်းပေါင်း၍မဖြစ်။၎င်းမင်းတို့သည်မြတ်စွာဘုရားကိုသာကြည်ညိုကြပြီး
မိမိကိုယ်မူမည်သည့်နည်းနှင့်မှကြည်ညိုလိမ့်မည်မဟုတ်။ထို့ကြောင့်အကောင်းဆုံးနည်းကား
ဗိမ္ဗိသာရမင်းကြီး၏သားငယ်ရွယ်သူအဇာတသတ်မင်းသားကိုသာစည်းရုံးရန်ရှိတော့သည်။
အဇာတသတ်သည်အိမ်ရှေ့ဥပရာဇာဖြစ်၏။မိမိ၏တန်ခိုးပြာဋိဟာဖြင့်စည်းရုံးလျှင်အလွယ်တ
ကူရနိုင်၏။အိမ်ရှေ့မင်းသားကြည်ညိုလာလျှင်သူ၏ဘက်တော်သားများပါပါဝင်လာကြပေမည်။
ဤနည်းအားဖြင့်သာမင်းဆရာဖြစ်လာရန်ရှိပေသည်။မင်းဆရာဖြစ်လာရင်ပူဇော်သက္ကာရများ.
အခြံရံများ.အကျော်ဇောများ.ဂုဏ်သတင်းများ.ရဟန်းသံဃာတော်များနှင့်တကွလူအပေါင်းတို့၏
အလေးအမြတ်ပြုမှုများကိုခံယူရပေလိမ့်မည်။ဤနည်းအတိုင်းဆောင်ရွက်ရန်ရှင်ဒေ၀ဒတ်သည်
ဆုံးဖြတ်လိုက်၏။။ထိုအကြံအစည်အတိုင်းဆောင်ရွက်ရန်ရှင်ဒေ၀ဒတ်သည်ကောသမ္ဗီမြို့
မှရာဇဂြိုဟ်မြို့သို့ပြန်လာ၏။ထို့နောက်ရှင်ဒေ၀ဒတ်သည်မိမိ၏ဈာန်အဘိဥာဉ်ဖြင့်အဇာတသတ်
မင်းသားအားမိမိကိုကြည်ညိုလာစေ၏။အဇာတသတ်မင်းသားကလည်းငယ်ရွယ်သူဖြစ်သည့်အ
လျှောက်ဒေ၀ဒတ်၏ဈာန်အဘိဥာဉ်ကိုအကြောင်းပြု၍ဒေ၀ဒတ်၌ကြည်ညိုပြီးနေ့စဉ်ဆွမ်းအုပ်
(၅၀၀)ပို့လေ၏။
ဒေ၀ဒတ်ကားဤမျှနှင့်ကျေနပ်နေသူမဟုတ်။ရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရားကိုအားကျကာ
သူကိုယ်တိုင်မြတ်စွာဘုရားလည်းလုပ်လို၏။မင်းဆရာလည်းဖြစ်လို၏။သံဃာအပေါင်းခြံရံကာ
ဒေသစာရီလည်းလှည့်လို၏။ထို့ကြောင့်ဓမ္မဘက်သို့ဦးမတည်ပဲအဓမ္မဘက်သို့ဦးတည်ကာမိမိကိုယ်
တိုင်ဘုရားဖြစ်မှု.သံဃာပရိသတ်ခြံရံမှု.မင်းဆရာဖြစ်မှု.အားလုံးတို့၏လေးစားမှုကိုမရမနေ
ကြံစည်ခြင်းဖြစ်၏။ကြံစည်သည့်အတိုင်းလည်းတကယ်ကြိုးကြိုးပမ်းပမ်းရက်ရက်စက်စက်လုပ်၏။
အမှောင်နှင့်အလင်းတို့တွင်အမှောင်ဘက်သို့တိုက်ရိုက်ဦးတည်၍လျှောက်သူဖြစ်၏။အလင်းဘက်
သို့လုံးဝပြန်မကြည့်ပဲတန်းတန်းမတ်မတ်လျှောက်သူဖြစ်၏။အလင်းဘက်သို့သံယောဇဉ်ကင်းကာ
ကျောပေး၍လျှောက်သူဖြစ်၏။ရှင်ဒေ၀ဒတ်သည်ဤဘ၀၌အရိယာဖြစ်ရန်ပါရမီမပါစေဦးတော့ဈာန်
်အဘိဥာဉ်ကိုရသဖြင့်တိဟိတ်ပုဂ္ဂိုလ်တော့ဖြစ်ရိုးမှန်၏။သို့သော်ပါရမီမပါသောတိဟိတ်ပုဂ္ဂိုလ်
်များသည်သတိသမ္ပဇဉ်ဥာဏ်မယှဉ်ပဲမိုက်ကြပြီဆိုလျှင်မနှိုင်းယှဉ်သာအောင်မိုက်ကြသော.
ရက်စက်ကြသောကြမ်းကြုတ်ကြသောလူရမ်းကားအတ္တ၀ါဒီသမားသက်သက်သာဖြစ်ကြောင်းကို
ဒေ၀ဒတ်ဝတ္ထုအရမမှိတ်မသုန်ယုံကြည်အပ်၏။။
ထို့ကြောင့်ရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရား၏ပူဇော်သက္ကာရပေါများမှုအခြံအရံပေါများမှုမင်း
ပုဏ္ဏားသူကြွယ်သူဌေးစသောဒါယကာ/မများပေါများမှုတို့ကိုအားကျပြီးသူကိုယ်တိုင်ဘုရားလုပ်
လိုခြင်းဖြစ်၏။အဇာတသတ်မင်း၏ကြည်ညိုမှုရလာသောအခါသူသည်ပရိသတ်ဖြင့်မိမိတစင်
ထောင်ရန်ကြံစည်၏။ထိုသို့ကြံစည်သည်နှင့်တပြိုင်နက်သူ၏ဈာန်အဘိဥာဉ်တို့သည်ကွယ်လေ၏။
သို့ရာတွင်သူ၏အကြံအစည်ကိုပေါ်ပေါ်ထင်ထင်မပြုသေး။အနုနည်းဖြင့်မြတ်စွာဘုရား၏ရဟန်း
သံဃာပရိသတ်ကိုမြတ်စွာဘုရားအထံမှအသာတကြည်တောင်းယူရန်ဆုံးဖြတ်လေတော့၏။
အကယ်၍မြတ်စွာဘုရားကအသာတကြည်ခွင့်ပြုလျှင်သူ၏ဆန္ဒသည်ချောချောမောမောဖြစ်
မည်ဖြစ်၏။ထိုသို့လျှင်သူသည်ဘုရားတဆူဖြစ်မည်ဟု အာရုံတို့သည်တွေးပျော်နေ၏။
ထိုအခါမြတ်စွာဘုရားသည်ဝါတော်၂၀ရပြီဖြစ်၏။ရာဇဂြိုဟ်မြို့ဝေဠုဝန်ကျောင်းတော်၌သီတင်း
သုံးတော်မူသောအခါဖြစ်၏တနေ့တွင်မြတ်စွာဘုရားသည်မြတ်စွာဘုရားသည်တရားဟောပလ္လင်
တော်၌မင်းနှင့်ပရိသတ်အပေါင်းတို့အားတရားဟောတော်မူစဉ်..
ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားယ္ခုအခါမြတ်စွာဘုရားသည်အိုမင်းရွယ်ရင်သောအချိန်သို့
ရောက်ပါပြီရဟန်းသံဃာတော်များနှင့်ပတ်သတ်၍ကြောင့်ကြမဲ့နေတော်မူပါမျက်မှောက်၌
ခံစားအပ်သောဖလသမာပတ်ချမ်းသာကိုခံစားခြင်းဖြင့်နေတော်မူပါတပည့်တော်သည်ရဟန်း
သံဃာအပေါင်းကိုဦးဆောင်ပါအံ့။ရဟန်းသံဃာအပေါင်းကိုတပည့်တော်အားလွှဲအပ်တော်မူပါ.
ဟူ၍ဒေ၀ဒတ်ကရိုသေစွာလျှောက်ထား၏ထိုအခါမြတ်စွာဘုရားသည်မောင်းမဲတော်မူ၍
ဒေ၀ဒတ်၏လျှောက်ထားချက်ကိုပယ်မြစ်တော်မူလိုက်၏။ထိုအခါမြတ်စွာဘုရားအပေါ်၌
ဒေ၀ဒတ်သည်ရှေးဦးစွာသောရန်ငြိုးကိုဖွဲ့တော်မူ၏။
ဆက်လက်ရေးပါဦးမည်..

Tuesday, March 1, 2011

ရှင်ဒေ၀ဒတ်၏သမိုင်းရာဇ၀င်( ၂ )

ပါရမီမမြောက်ကံတို့မည်သည်ဦးတည်ရာမရှိပဲပင်လယ်ရေစီးကြောင်းအတိုင်းမျောခြင်ရာမျောနေသော
လှေငယ်သဖွယ်သာဖြစ်၏။ကောင်းမွန်ရာဆိပ်ကမ်းသို့လည်းကပ်နိုင်သလိုဘေးရန်ထူထပ်သောနေရာ
သို့လည်းရောက်နိုင်၏၀ဲဂယပ်ထဲသို့လဲ မြုတ်နိုင်၏တိကျမှန်ကန်သောဆုံးဖြတ်ချက်မရှိဤသည်မှာပါရမီမမြောက်သောကုသိုလ်တို့၏သဘောဖြစ်၏။
ဒေ၀ဒတ်နှင့်အတူရဟန်းပြုကြသောပုဂ္ဂိုလ်အားလုံးတို့သည်အရိယာများဖြစ်သွားကြ၏ဒေ၀ဒတ်သာပုထုဇဉ်ဘဝ
အဖြစ်ဖြင့်သာကျန်ခဲ့၏။အရိယာဖြစ်သွားသူများသည်ရှေးရှေးဘ၀ကပါရမီဖြည့်ခဲ့သူများဖြစ်ကြ၏။
အရိယာမျိုးစေ့စိုက်သူများလည်းဖြစ်၏ဒေ၀ဒတ်ကားထိုသို့မဟုတ်ချေပါရမီကိုလည်းမဖြည့်အရိယာ
မျိုးစေ့လဲမစိုက်ပျိုးခဲ့ဘ၀တွင်ကြုံသလိုနေခဲ့သူသာဖြစ်၏။ထို့ကြောင့်သူသည်ရနိုင်ခဲသောအခွင့်ရေးကြီး
သုံးမျိုးကိုရပါလျှက်မှန်မှန်ကန်ကန်အသုံမချနိုင်သဖြင့်ဘ၀ပျက်ခဲ့သူဖြစ်၏။ရင်နာစရာလဲကောင်းလှသော
ဒေ၀ဒတ်၏ဘ၀ပါတကား.ဟု။အမှန်အားဖြင့်ပါရမီမမြောက်သောကုသိုလ်သည်တကယ်တမ်းကျတော့ဘာ
မျှအားကိုးလောက်သောကုသိုလ်မဟုတ်ခေအသဒိသအလှူကြီးကိုပေးခဲ့သောမလ္လိကာမိဖုရားကြီးသည်ပင်
သေခါနီးကာလ၌နှုလုံးသွင်းမကောင်းသဖြင့်ငရဲသို့ကျခဲ့ရ၏။တသက်လုံးမုဆိုးဘ၀ဖြင့်ရုန်းကန်ခဲ့မွေးမြူခဲ့သော
မုဆိုးကြီးသည်လည်းသေခါနီးကာလ၌သားဖြစ်သူသောဏမထေရ်၏စီစဉ်ပေးမှုဖြင့်နှလုံးသွင်းကောင်းပြီး
မုဆိုးကြီးသည်လည်းနတ်ပြည်သို့သွားရ၏။ထို့ကြောင့်လူတိုင်းလူတိုင်းတွင်ပါရမီမျိုးစေ့ကိုမချဖူးသေးသူဖြစ်ပါလျှင်
်ယခုအချိန်မှစ၍ပါရမီမျိုးစေ့ကိုချဖို့လိုအပ်ပါ၏။ပါရမီမျိုးစေ့ကိုချခြင်းသည်သာသံသရာတလျှောက်လုံးအတွက်
အားကိုးဖွယ်ရာဖြစ်၏။
ရှင်ဒေ၀ဒတ်သည်အရိယာအဖြစ်သို့ရောက်စေနိုင်သောပါရမီမျိုးစေ့ကိုမစိုက်ပျိုးခဲ့သောပုထုဇဉ်ဖြစ်
သည့်အားလျော်စွာပုထုဇဉ်တို့ဓမ္မတာအတိုင်းအစားကောင်းစားလိုအ၀တ်ကောင်းဝတ်လိုသည်။ခံ့ခံ့ညားညာ
နေလို၏။ဤကားရုပ်ပိုင်းဆိုင်ရာ၏တောင့်တချက်တည်း။ရှင်ဒေ၀ဒတ်စိတ်ရိုင်းဝင်ချိန်ကားမြတ်စွာဘုရား
သခင်(၉ )၀ါမြောက်အချိန်ဖြစ်၏။ကောသမ္ဗီမြို့ဃောသိတာရုံကျောင်း၌သီတင်းသုံးတော်မူချိန်ဖြစ်၏
ထိုအချိန်တွင်မြတ်စွာဘုရားသာသနာတော်၌အဂ္ဂသာဝကများမဟာသာဝကများနှင့်ပကတိသာဝကများ
စုံစုံလင်လင်ရှိကြပေသည်။သာသနာတော်နေလအသွင်ထွန်းပ၍များစွာသောပူဇော်သက္ကာရတို့ဖြင့်ပြည့်နေ၏။
ဒါယိကာ/မတို့ကလည်းနေ့စဉ်ပင်မြတ်စွာဘုရားအထံတော်၌၄င်း။အဂ္ဂသာဝကမဟာသာဝကတို့အထံ၌၄င်း။
ရှင်ဒေ၀ဒတ်နှင့်အတူရဟန်းပြုကြသောအရှင်ဘဒ္ဒိယ.အရှင်အာနန္ဒာ.အရှင်အနုရုဒ္ဓါ.အရှင်ကိမိလ.အရှင်ဘဂု
တို့အထံသို့၎င်းလာရောက်၍လှူဘွယ်ပစ္စည်းဝတ္ထုတို့ဖြင့်လှူဒါန်းကြ၏။ရှင်ဒေ၀ဒတ်အထံသို့လာရောက်၍
လှူဒါန်းသောဒကာ/မဟူ၍မရှိသလောက်ပင်ဖြစ်၏။ထိုအခါရှင်ဒေ၀ဒတ်သည်ရှက်လာ၏။သူသည်ပုထုဇဉ်
စိတ်ပီပီသူ၏စိတ်ကိုမြတ်စွာဘုရားဟောတော်မူသည့်အတိုင်း”သဗ္ဗေ သတ္တာ ကမ္မသကာ”ဟူ၍သဘောမထားနိုင်ပဲခံပြင်းလာ၏။သူတပါးရလိုသည်ကိုမနာလိုသောအိဿာ
တရားပွားများလာ၏။သူတပါးထက်သာလို၏။ရှင်ဒေ၀ဒတ်သည်သံသရာတလျှောက်လုံးဘုရားအလောင်း
နှင့်အပြိုင်သူနိုင်ကိုယ်နိုင် ဗိုလ်လုပွဲဆင်နွှဲခဲ့သူဖြစ်လေရာအဘယ်သို့လျှင်သူများ၏အောက်သို့အကျရောက်ခံ
မည်နည်း။။
ဆက်လက်ရေးပါဦးမည်.။။