အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, February 28, 2011

ရှင်ဒေ၀ဒတ်၏သမိုင်းရာဇ၀င်

သာသနာ့သမိုင်းတွင်ရှင်ဒေ၀ဒတ်သည်သံဝေဂရဖွယ်အကောင်းဆုံးသောပုဂ္ဂိုလ်ဖြစ်သည်။
ရင်နာဖွယ်လည်းကောင်းသည်။သနားစရာလည်းကောင်း၏။သူသည်သာသနာတော်နှင့်ပတ်သတ်၍ဆိုဆုံးမရာ၌ “လူကြမ်းကြီး”အဖြစ်စံထား၍ဆိုဆုံးမခံရသူဖြစ်သည်။အဓမ္မနည်းကိုအသုံပြုလျှင် ဒီကောင်ကဒေ၀ဒတ်လိုပဲ ဟုမကောင်းဘက်မှစံပြအဖြစ်တင်ပြခံရသူဖြစ်သည်။
ဒေ၀ဒတ်သည် သာကီဝင်မင်းသားဖြစ်၏မလ္လာမင်းတို့၏နယ်မြေအနုပိယသရက်ဥယျာဉ်၌အခြားသောသာကီဝင်


မင်းသားများဖြစ်
သော ဘဒ္ဒိယ.အနုရုဒ္ဓ.အာနန္ဒာ.ဘဂု.ကိမိလ ဆတ္တာသည်ဥပါလိတို့နှင့်အတူစုစုပေါင်း ၇ ယောက်တို့တပြိုင်နက်မြတ်စွာဘုရားအထံတော်သို့ရဟန်းပြုကြသူများဖြစ်၏။ဒေ၀ဒတ်သည်သာ
ကီဝင်မင်းသားဖြစ်သည်ဟုဆိုကထဲက သူ၏အတိတ်ကံကိုမှန်းဆ၍ရ၏။သူ၏အတိတ်ကံကားနှယ်နှယ်ရရအတိတ်ကံမဟုတ်။ဈာန်သမာပတ်
်နှင့်အဘိဥာဉ်ကိုရစေနိုင်စွမ်းသောအတိတ်ကံဖြစ်၏။သို့ရာတွင်သူ၏အတိတ်ကံသည် စာမေးပွဲကာလတလျှောက်လုံးစာမှန်မှန်မကျက်ပဲအာပူတိုက်ထားသောမေးခွန်းနှင့်ကွက်တိတိုး၍
ဖြေဆိုနိုင်တဲ့အောင်မြင်ခြင်းမျိုးဖြစ်၏။စည်းစနစ်တကျမှန်မှန်ကန်ကန်ကျေကကျေညက်ညက်ကျက်မှတ်ပြီး
မေးခွန်းများအားလုံးကိုဖြေဆိုနိုင်နိုင်ပြီးအောင်မြင်သောကံမျိုးတော့မဟုတ်။ထို့ကြောင့်ဒေ၀ဒတ်၏ကံမျိုးကို
စာပေဝေါဟာရအရပြောရလျှင် ပါရမီမမြောက်သောကံမျိုးဟူ၍ဆိုရပေမည်။သို့ဖြစ်၍ဒေ၀ဒတ်သည် ရခဲသောလူအဖြစ်ကိုရခြင်း.လူ့ဘ၀ဆိုရာဝယ်မြင့်မြတ်သောသာကီဝင်မင်းသားဘ၀ဖြစ်ခြင်း.ရခဲသောရဟန်း
ဘ၀ကိုရခြင်း.ရဟန်းဘ၀ဆိုရာတွင်လည်းဈာန်သမာပတ်အဘိဥာဉ်ဖြစ်ခြင်း.ထိုမျှလောက်ထူးချွန်သူဖြစ်ပြီးမြတ်စွာ
ဘုရားရှင်နှင့်ကိုယ်တိုင်ကိုယ်ကျတွေ့ပါလျှက်နဲ့သူ၏ဘ၀သည်အကျနာခဲ့ရ၏.။
မှန်ပေသည်….။ပါရမီမမြောက်သောကံတို့မည်သည်ဦးတည်ရာမရှိပဲပင်လယ်ရေစီးကြောင်းအတိုင်းမျောချင်
ရာမျောနေသောလှေငယ်သဖွယ်သာဖြစ်၏.
်

Thursday, February 24, 2011

ယဉ်ကျေးဝေဆာ ပြည်မြန်မာ(၂)

လေ့လာတွေ့ရှိသလောက်ပြောရရင်ရိုးရိုးရှင်းရှင်းနှင့်မြန်မာဆန်ဆန်မြန်မာဆန်ဆန်ဝတ်စားဆင်ယင်
သူများလည်းရှိပါသည်။အများစုမှာတိုတောင်းသော စကပ်.ကောက်ညှင်းထုပ်စည်းသကဲ့သို့ကြပ်ညှပ်လှသောထမီ.စကပ်.ရင်ဟိုက်.ကိုယ်ကြပ်
ချက်ပေါ်ကြိုးပျောက်တို့နှင့်ရှက်ဖွယ်လိလိပင်ဖြစ်ပါသည်.။ငွေကြေးတခုကိုသာကြည့်၍လူမျိုးဘာသာ
ယဉ်ကျေးမှုစရိုက်ကွဲပြားလှသော နိုင်ငံခြားသားများကိုပေါင်းသင်းလက်ထပ်နေ ကြသည်မှာလည်းဝမ်းနည်းစရာကောင်းလှသည်။မြေမျို၍လူမျိုးမကုန်နိုင်ပါလူမျိုမှသာလူမျိုးကုန်နိုင်ပါသည်။
မြန်မာလူမျိုးမြန်မာယဉ်ကျေးမှုမြန်မာဓလေ့တု့ကမ္ဘာမှာထင်ရှားစွာဆက်လက်တည်ရှိနေရန်မှာမြန်မာအမျိုးသမီး
ထု၏ကြီးမားသောသမိုင်းတာဝန်တရပ်ဖြစ်ပါသည်။
ယ္ခုကားကြောက်စရာကောင်းသောယဉ်ကျေးမှုတို့ကြောင့်သာသနာ့ဝတ္တကနယ်မြေတို့သည်လည်း
ပန်းခြံကဲ့သို့ဖြစ်ခြင်တိုင်းဖြစ်၍နေပေသည်။ မြက်ခင်းပေါ်မနင်းရ.ဆိုသောစကားသည်စည်းကမ်းမရှိသောယဉ်ကျေးသိမ်မွေ့မှုမရှိသောသူတွေရှိနေ
သည့်အတွက်ကြောင့်ရေးထားရခြင်းဖြစ်ပါသည်။ကိုယ်ပိုင်အသိစိတ်နှင့်ဆင်ခြင်တုံတရားရှိနေပါလျင်
ထိုစာတမ်းကိုရေးသားရမည်မဟုတ်ပါခေ။ထိုနည်းတူစွာဘုရားစေတီစောင်းတန်းစသောသာသာနာပိုင
်နယ်မြေများတွင်အတွဲများမဖွယ်မရာပြုမူခြင်းကိုဖမ်းဆီးဖယ်ရှားနေရသည်မှာထေရ၀ါဒဗုဒ္ဓဘာသာအထွန်း

ကားဆုံးနိုင်ငံဖြစ်သောမြန်မာနိုင်ငံအနေနဲ့ရှက်ဖွယ်လိလိပင်ဖြစ်ပါသည်။အခြားဘာသာကြီးများ၏အဆောက
်အဦများဖြစ်သော ဗလီ.ချပ်ကျောင်းများ၌ထိုဘာသာဝင်တို့ယင်းသို့ပြုမူဆောင်ရွက်ခြင်းမရှိသည်ကိုလေ့လာတွေ့ရှိရလေလေ
ရှက်ဖွယ်ဝမ်းနည်းဒေါသထွက်ရလေလေဖြစ်၏။ထို့ကြောင့်ကိုယ်ပိုင်အသိစိတ်ဖြင့်ဆင်ခြင်ကြလျင်အကောင်း
ဆုံးဖြစ်မည်ဟုထင်မိပါသည်။ထို့ကြောင့်ဝတ်စားဆင်ခြင်မှုကိုလုံခြုံစွာဝတ်စားဆင်ယင်သင့်ကြပေသည်.
အကွဲအပြဲ အဖေါ်အဟိုက်များသည်မလိုအပ်သောပြဿနာများကိုဝင်ရောက်စေနိုင်ပြီးပန်းကောင်းအညွန့်ကျိုးအောင်ရန်
သူတို့ကိုဖိတ်ခေါ်နေသကဲ့သို့ဖြစ်နေပါသည်။ဖုံးကွယ်ထားသောအရာသည်လှစ်ဟဖေါ်ထုတ်ထားသောအရာ
များထက်များစွာတန်ဖိုးကြီးမားလှပါသည်။ရွှေထက်ပင်တန်ဖိုးကြီးမားလှသောမိမိတို့၏အိနြေ္ဒများကိုဖေါ်
ထုတ်ပြသနေခြင်းသည်လှပလာခြင်းမဟုတ်ပဲပျက်စီးလာခြင်းပင်ဖြစ်သည်။၎င်းကိုဘာသာတရားအရကြည့်မည်
ဆိုလျင်လည်းတဏှာဆိုသောညစ်ညမ်းမှုကြီးပင်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့်မြန်မာတို့၏ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုကိုယ်ပိုင်ယဉ်ကျေးမှုတို့ကိုမပျောက်ပျက်ရလေအောင်
.တခြားဘာသာဝင်များအနေနဲ့မိမိတို့ဘုရားကျောင်းကန်သာသနာ့နယ်မြေများကိုလေ့လာဝင်ထွက်မှတ်သားနေ
သည့်အခါမေးငေါ့ရှုတ်ချစရာမဖြစ်ရလေအောင်ကမ္ဘာပေါ်မှာထေရ၀ါဒဗုဒ္ဓဘာသာကြီးမပျောက်ကွယ်ရလေ
အောင်ဗုဒ္ဓဘာသာကြီးနှင့်ယဉ်တွဲမှတ်သားရသောမြန်မာပြည်မြန်မာလူမျိုးတို့မပျောက်ဆုံးမတိမ်ကောရလေ
အောင်မြန်မာပြည်သူပြည်သားများအားလုံးသမိုင်းပေးတာဝန်တရပ်အနေနဲ့လိုက်နာဆောင်ရွက်သင့်လှပါသည်။
နိုင်ငံတော်တက္ကသိုလ်ကျောင်းသားကျောင်းသူများကိုမြန်မာဆန်ဆန်ဝတ်စားဆင်ယင်စေပြီးမြန်မာ့တက္ကသိုလ
်ကျောင်းတော်ကြီးများ၏အလှပေါ်အယဉ်ဆင့်စေခဲ့သည်မှာဝမ်းသာကြည်နူးခဲ့ရပါသည်။ထို့ကြောင့်မြန်မာ
လူမျိုး/ပြည်သူ/ပြည်သားများအနေဖြင့်မိမိတို့၏ကိုယ်ပိုင်အသိစိတ်ဖြင့်သာသနာ့အကျိုးကိုရှေးရှုပြီးဘုရားကျောင်းကန
်စေတီပုထိုးများနှင့်သာသနိကအဆောက်အဦများ.၀တ္တကနယ်မြေများအပေါ်တွင်ဝတ်စားဆင်ယင်မှုမှစ၍ပြုမ
ူနေထိုင်မှုများအားသတိပြုဆင်ခြင်သင့်ပါကြောင်း….။။

Wednesday, February 23, 2011

ယဉ်ကျေးဝေဆာပြည်မြန်မာ


ကမ္ဘာပေါ်မှာထေရ၀ါဒဗုဒ္ဓဘာသာဆိုလျင်မြန်မာပြည်နှင့်တွဲပြီးမှမှတ်သားလာရသည်အ
ထိမြန်မာပြည်ကြီးကသာသနာ့တံခွန်လွှင့်တင်နိုင်ခဲ့တာသမိုင်းအစဉ်အဆက်ဖြစ်ပါသည်
ရွှေရောင်တွေတ၀င်းဝင်းနှင့်သာသနာရောင်ဝါထွန်းလင်းတောက်ပလှသောရွှေမြန်မာကြီးတွင်
်မှီတင်းနေထိုင်ကြသောမြန်မာပြည်သူပြည်သားတွေမှာလည်းသာသနာတော်ကြီး၏အဆုံးအမ
အောက်ဝယ်ယဉ်ကျေးသိမ်မွေ့စွာဖေါ်ရွှေလှိုက်လှဲစွာပျော်ရွှင်ကြည်နူးစွာနားလည်စာနာမှုရှိစွာ အားပေးကူညီတတ်စွာနှင့်တဦးနှင့်တဦးလူသားအချင်းချင်းမေတ္တာတ
ရားထားတတ်ကြပုံမှာကမ္ဘာတွင်အံ့သြဘနန်းကိုယ်ကြငန်းနှင့်ကိုယ်ပိုင်ယဉ်ကျေးမှုများ
ကိုယ်ပိုင်ဝတ်ဆားဆင်ယင်မှုများနှင့်ကမ္ဘာအလယ်တွင်တင့်တယ်ခဲ့ကြပါသည်။။
ထိုသို့ယဉ်ကျေးသိမ်မွေ့စွာပြောဆိုနေထိုင်ဝတ်စားသွားလာမှုတို့သည်ဘာသာတရား၏
အဆုံးအမ၌တည်နေကြသည်မှာမချွတ်ဧကန်အမှန်ပင်ဖြစ်ပါသည်။သဒ္ဓါ.သီလ.သုတ.စာဂ.
ပညာ.ဟိရီ.သြတ္တပ္ပဆိုတဲ့သူတော်ကောင်းတရားတွေနှင့်နားဝင်ယဉ်ကျေးသိမ်မွေ့နေတဲ့ရွှေမြန်မာ
တွေမှမယဉ်ကျေးလျင်မည်သူတွေကယဉ်ကျေးပါဦးမည်နည်း။။
ဟိရီ ဆိုသည့်မကောင်းမှုလုပ်ရမှာကိုရှက်ခြင်း.မကောင်းတာပြောရမှာကိုရှက်ခြင်း.
သြတ္တပ္ပ ဆိုသောမကောင်းသောအမူအယာအပြောအဆိုအလုပ်အကိုင်တို့ကိုပြုမူပြောဆိုခြင်းလုပ်ကိုင်ရမည်တို့ကို
ိုကြောက်ခြင်းဆိုသည့်တရားနှစ်ပါးကမယဉ်ကျေးယဉ်ကျေးလာအောင်မသိမ်မွေ့သိမ်မွေ့လာအောင
်သတိပေးပြောဆိုညွှန်ကြားဆုံးမနေသလိုပင်ဖြစ်ပါသည်။
မိမိတို့၏ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုဖြင့်ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့်ကမ္ဘာ့အလယ်တင့်တယ်ခဲ့သော
မြန်မာတို့သည်ရေမြေဥတုယဉ်ကျေးမှုနှင့်ဘာသာကွာခြားလှသောအနောက်နိုင်ငံတို့၏ထုံးစံဟန
်ပန်နည်းမျိုးစုံတို့ကိုအတုယူစွဲသုံးဝတ်စားဆင်ယင်လာကြသည်မှာရှက်ရွံ့ကြောက်လန့်စရာကောင်းရုံမျှမက
အမျိုးဘာသာသာသနာကြီးညှိုးမှိန်သွားမှာကိုပင်စိုးရွံ့လှပါသည်။ ဤကဲ့သို့အနောက်တိုင်းယဉ်ကျေးမှုစိုးမိုးချယ်လှယ်မှုကိုမြန်မာပြည်သူလူငယ်လူရွယ်တို့မှီဝဲနေကြသည်မှာ
အဘယ့်ကြောင့်နည်းဟုဆန်းစစ်ကြည့်လျှင်အတုမြင်အတတ်သင်မှုတို့ကြောင့်ဖြစ်ပါသည်။ရှေးကမြန်မာ
လူမျိုးတို့သည်မိမိတို့၏သားသ္မီးများကိုငယ်စဉ်တောင်ကျေးကလေးဘ၀မှစ၍ဘာသာ၏အဆုံးအမ.
သာသနာ၏အဆုံးအမအောက်၌ထည့်၍ယဉ်ကျေးသိမ်မွေ့သောလူငယ်လူရွယ်များဖြစ်လာအောင်
ဘုန်းတော်ကြီးကျောင်းမှားသို့စေလွှတ်၍.စာပေသင်ကြားခြင်း.ဥပုသ်သီတင်းဆောက်တည်ခြင်းတို့ကို
မမေ့မလျော့ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့်ပန်းထုပ်သောဖက်ပမာမွှေးပျံ့ခဲ့ကြပါသည်။အမျိုးသားများသည်
လည်းပုဆိုး.ရှပ်အင်္ကျီအဖြူဖြင့်ပနံတင့်သကဲ့သို့အမျိုးသမီးများသည်လည်းထမီရင်ဖုံး.ရင်
စေ့ခါးတို.ခါးရှည်တို့ဖြင့်ရိုးရိုးလှပ၍ခုန်မင်နှစ်သက်ဖွယ်ကောင်းလှပါသည်။ယ္ခုမူ ထိုကဲ့သို့မဟုတ်ခဲ့ပြီလူကြီးမိဘများသည်လည်းသားသ္မီးများ၏၀တ်စားဆင်ယင်ပြောဆိုပုံမှစ၍
ယဉ်ကျေးသိမ်မွေ့မှုပျောက်နေသည်ကိုသတိမမူပဲခေတ်စနစ်ကိုလွှဲချကာဥပေက္ခာ
ပြုလျှက်ရှိပေသည်။ဘာသာတရား၏ကျောင်းတော်ကြီးများဖြစ်သောဘုန်းတော်ကြီးကျောင်းများ
သို့မိမိတို့ကိုယ်တိုင်လည်းရံဖန်ရံခါမှသွားလာဘိသကဲ့သို့သားသ္မီးများကိုလည်းစေလွှတ်ခြင်းမပြုခဲ့ပေ။
မြန်မာတို့၏ဖီလာဆန့်ကျဉ်ဖြစ်သောအနောက်တိုင်းယဉ်ကျေးမှုတို့သည်
ထိုနယ်ပယ်များမှတဆင့်လူငယ်လူရွယ်များ၏အတုယူစိတ်ကိုလမ်းလွှဲသို့ဆွဲဆောင်ခေါ်ယူနိုင်ခဲ့ပေသည်။
အထူးသဖြင့်မြန်မာအမျိုးသမီးများအဓိကကျလှပါသည်။အချို့သောမြန်မာအမျိုးသမီးများသည်မြန်မာ
ပြည်မှာနေ၍မြန်မာလူမျိုးတို့မှပေါက်ဖွားလာ၍သာမြန်မာအမျိုးသမီးများဟုမှတ်ယူရပါသည်။၎င်းတို့၏
ဝတ်စားဆင်ယင်မှုဟန်ပန်တို့မှာမြန်မာတို့နှင့်ဖီလာဆန့်ကျဉ်ဖြစ်ပါသည်။ဟိရီဟူသောအရှက်တရားကို
မေ့ထားကြနေသည်နှင့်တူပါသည်။ဘာသာ၏အဆုံးအမနှင့်ဝေးကွာခဲ့ကြပြီနှင့်တူပါသည်။
်
ဆက်လက်ပြီးရေးပါဦးမည်။

Monday, February 21, 2011

နံနက်မိုးသောက်အလင်းရောက်သော်


(၁)လူတိုင်းအိပ်ယာမှထလျှင် ဗုဒ္ဓ၏ဂုဏ်တော်သုံးပုဒ်ပါဝင်သော နမောတဿ ဖြင့်ဗုဒ္ဓ ကိုရှိခိုးပါ။
( ဗုဒ္ဓါနုဿတိဘာဝနာ)
(၂ )နံနက်မျက်နှာသစ်၍ရေနှင့်ထိသောအခါ ဤရေသည်အေးမြသကဲ့သို့အားလုံးသောသတ္တ၀ါတွေ
အေးမြချမ်းသာကြပါစေ ဟု မေတ္တာပို့ရမည်။
(မေတ္တာဘာဝနာ )
(၃ )နံနက်အခါအပေါ့အပါးသွားစဉ် ဤသို့သောမစင်ကြယ်သောအရာများငါ၏ခန္ဓာကိုယ်၌အပြည့်
ရှိနေကြသည် ဟူ၍ဆင်ခြင်ရမည်။
(အသုဘဘာဝနာ)
(၄ )ငါသည်ယနေ့နံနက်ရောက်သည့်အခါမနေ့ကထက်သေဘို့နီးလာပြီ ဟု ဆင်ခြင်ရမည်။
( မရဏဿတိဘာဝနာ)
နေ့စဉ်မှန်မှန်ဆင်ခြင်နိုင်အောင်ကြိုးစားပြီးဆောင်ရွက်သင့်၏။ အိပ်ရာနိုးတာနဲ့ မိမိ၏တနေ့တာ ကုသိုလ်
လေးမျိုး အကျိုးတိုးစေဘို့...
. စေတနာဖြင့် ကျောင်းသားလေး

ခရီးသွာရာ၌ကောင်းသောခရီးသွားဖြစ်လိုသော်


ခရီးသွားလာရာ၌ကောင်းသောခရီးသွားဖြစ်အောင်သွားလာခြင်း(၃ )မျိုး
(၁)ဘုရားဂုဏ်တော်ပွား၍ခရီးသွားလာခြင်း။
(၂ )မေတ္တာပွား၍ခရီးသွားလာခြင်း။
(၃)တရားရှုမှတ်၍ခရီးသွားလာခြင်း။ဟူ၍ (၃ )မျိုးရှိသည်။
(၁ ) ဂုဏ်တော်ပွား၍ခရီးသွားခြင်းဆိုရာဝယ်မြတ်စွာဘုရား၏ဂုဏ်တော် (၉ )ပါးတို့တွင်ခရီးသွားသောအခါပွားများသင့်သောဂုဏ်တော်မှာ သုဂတော ဂုဏ်တော်ဖြစ်သည်.။သုဂတော.ကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူသောမြတ်စွာဘုရား။
သို့မဟုတ်ကောင်းသောစကားနှစ်ခွန်းကိုဆိုတော်မူတတ်သောမြတ်စွာဘုရားဟုခရီးသွားရင်း
အဖန်ဖန်အထပ်ထပ်ပွားများပါ။
(၂ )မေတ္တာပွား၍ခရီးသွားလာရာဝယ် လေယာဉ် ရထား သင်္ဘော ကားစသည်တို့နှင့်အတူတကွလိုက်ပါလာသောသူတို့နှင့်လမ်းခရီး၌တွေ့ရသမျှသော
သူတို့အပေါ်တွင်စိတ်ထဲကလည်း ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။ဒေါသခပ်သိမ်းကင်းငြိမ်းကြပါစေ။ဆင်းရဲခပ်သိမ်းကင်းငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ စသည်ဖြင့်နှလုံးသွင်း၍သွားကြရမည်။နှုတ်ဖြင့်ဝစီကံမေတ္တာပွားများရသလိုကိုယ်ဖြင့်လည်းမိသားစု
အရင်းအချာကဲ့သို့သိမ်မွေ့သောကိုယ်အမူအရာပြကာမေတ္တာပွားရမည်။
(၃ )တရားရှုမှတ်၍ခရီးသွားလာခြင်းဆိုရာဝယ်ဝိပဿနာအခြေခံရှိသောသူများသည် သွား.ရပ်.ထို.လျောင်းလေးမျိုးလုံးနှင့်ရှုကြည့်နေရသည်။
ဤ ကဲ့သို့ သုဂတော ဟူသောဂုဏ်တော်ကိုပွားများ၍သွားခြင်း။ပါရမီဖြစ်မေတ္တာပွား၍သွားခြင်း။ဝိပဿနာရှု၍သွားခြင်းဟူသော
ခရီးသွားခြင်း (၃ )မျိုးတို့ဖြင့်သွားကြသောသူများတို့သည်ဘေးရန်ကင်းကွာ၍ချမ်းသာစွာဖြင့်မိမိတို့သွားလိုရာအရပ်ကို
ရောက်သွားကြမည်ဖြစ်သည်။ထို့ကြောင့်ကောင်းသောခရီးသွားခြင်းများဖြစ်ကြရလေအောင်အထက်ပါ (၃ )မျိုးတို့ဖြင့်ဆောင်ရန်အဖြစ် ဤ post ကို ရေးသားလိုက်ပါကြောင်း။။။
ကျောင်းသားလေး(ဗာရာဏသီမြို့)

Sunday, February 20, 2011

ကျီးငှက်၏မာယာ(၂ )


အမှန်အားဖြင့် မယုံကြည့်သင့်သည်ကို ယုံကြည်ခြင်းသည် သဒ္ဓါတရား မဟုတ်၊မိစ္ဆာဓိမောက္ခ -
မှားယွင်းစွာ ဆုံးဖြတ်မှုဖြစ်၏၊ ယင်းအမှား၏ရလာဒ် ကောင်းကျိုးမရနိုင်၊ ဆိုးကျိုးသာ ရနိုင်မည်
ဖြစ်ပါ၏၊

ပင်လယ်၏ တစ်နေရာ ကျွန်းငယ်၌ နှစ်ပေါင်းကြာမြင့်စွာ ဘေးကင်းရန်ကင်း စိတ်ချမ်းသာခြင်း
ဖြင့် နေထိုင်လာကြသော ငှက်အပေါင်းသည် မာယာကြွယ်သောကျီးငှက်၏ အဆန်းထွင်
လမ်းစဉ်ဖြစ်သည့် ခြေတစ်ဖက်မြှောက် လေစားကျင့်စဉ်ကို အဟုတ်ကြီး ထင်မှတ်သွားကြ၏
ထင်မှတ်ထားကြ၏၊ သူတို့ကို လမ်းပြမည့် ဆုံးမမည့် ကယ်တယ်ရှင် သူတော်စင် ငှက်ထူးကြီး အဖြစ် အားလုံးက ( စူးစမ်းမှုကင်းမဲ့စွာ ) အသိအမှတ် ပြုလိုက်ကြ၏၊

အရှေ့လောကဓါတ်မှ ထွက်ပေါ်လာစဖြစ်သော် နေရောင်ခြည် နုနုလေးသည် လောကဓါတ် တစ်ခုလုံးကို ဆလိုက်မီးထိုးသလို အလင်းရောင် စတင်၍ ပေးနေလေပြီ။
နံနက်ခင်း ငှက်မျိုးစုံတို့၏ တွန်ကျူး ပျော်မြူးသံတို့ဖြင့် ပင်လယ်ကျွန်းလေးသည် သာယာလှပ
နေတော့၏၊ ပါစက၀မ်းမီးသည် လောင်စာလို၍ ၀မ်းဗိုက်ကို အပူဟပ်နေလေပြီး၊ ငါ့ဝမ်းပူဆာ
မနေသာတော့၊ ငှက်များသည် ချစ်လှစွာသော ရင်သွေးငယ် မွေးကင်းစလေးများ အကောင် အဖြစ်မရောက်သေးသည် ဥကလေးများကို အသိုက်မှာ စောင့်ရှောက်သူမဲ့ ထားခဲ့၍ နေ့စဉ် အစာရှာထွက်ကြရ၏၊မည်သည့် ဘေးရန်မှတော့ ပေါ်မလာ၊ ပျော်စရာ ကမ္ဘာလေး ဖြစ်ခဲ့၏။

ယနေ့လည်း အခါတိုင်းနည်းတူ အစာရှာထွက်ရန် ပြင်ဆင်နေကြ၏၊ တောင်ပန်များဖျန့်၍
ပျံသန်းမည့် ခရီးလမ်းအတွက် အားစမ်းနေကြ၏၊ အခါတိုင်းတော့ အားလုံးအစာရှာထွက်ကြ၍
မှာစရာ မရှိ၊ ယခုတော့ သူတော်စင် ကျီးငှက်ရှိနေပြီဖြစ်၍ ၀မ်းစာအတွက် အစာရှာထွက်ခါနီး သူတို့၏ရင်သွေးငယ်များအား စောင့်ရှောက်ပေးဖို့ အပ်နှံခဲ့ကြ၏၊

ကျွန်းပျော်ငှက်တို့သည် အားလုံး အစာရှာ ထွက်သွားကြတော့၏၊ သူတော်ယောင်ကျီးငှက်
သည် ကျန်ခြေထောက်တစ်ချောင်းကိုပါ မြေပေါ်ထောက်လိုက်၏၊ထို့နောက်တော့ မွေးကင်း
စ ငှက်ငယ်လေးများ ရှိရာသို့ ခပ်သုတ်သုတ် ပြေးသွား၏၊တစ်ကောင်းပြီး တစ်ကောင်၊ဥတစ် လုံးပြီး တစ်လုံး၊ ဆာလောင်မွတ်သိပ်မှု ဝေဒနာ ခုမှ ဖြေသာသွားတော့၏၊ ယနေ့အတွက်
ဝမ်းရေးကိစ္စ ပြီးသွားပြီဖြစ်၍ မူလနေရာသို့ ပြန်သွားကာ“ ခြေထောက် ပါးစပ်ဟ” အယောင်
ဆောင်ပြ ကျင့်စဉ်ကို ဆက်လက်ကျင့်နေလေတော့၏၊

နေသည် တဖြည်းဖြည်း မြင့်တက်လာရာမှ နေ့မွန်းမတည့်မှီ အချိန်သို့ပင် ရောက်လာလေပြီ၊
အစာရှာထွက်သွားသော ငှက်တို့သည်လည်း အစာဝလို့ ဌာနသို့ ပြန်လာကြလေပြီ၊သူတို့နှုတ်
သီးများ၌ ရင်သွေးငယ်များအတွက် အစာများ ချီလာကြ၏၊ တစ်ချို့က စပါးနှံများ ညောင်သီး
လေးများ နေကြာစေ့များ မြေပဲဆံများ တစ်ချို့ ပိုးကောင်းလေးများ စသည်စသည် သယ်ချီလာ
ကြ၏၊ သူတို့၏ ရင်သွေးငယ်လေးများသည် အစာဆာလှ၍ မျှော်နေရှာကြပေရော့မည်၊
အစာဝလို့ ဌာနပြန်လာကြသော ငှက်တို့သည် မိမိတို့ အသိုက်မြုံရှိရာသို့ တန်းတန်းမတ်မတ်
ပြေးဝင်သွားကြ၏၊ တစ်ချို့ငှက်မိခင်များ ရင်သွေးငယ်များကို မတွေ့ရတော့၊ တစ်ချို့ ရင်သွေး
ဖြစ်လာမည့် ဥလေးများ မတွေ့တော့ ၊ တွေ့ရသည်များမှာတော့ ဥခွံကွဲများ သွေးစသွေးနများ။
သားပျောက် ဥပျောက်မိခင်ငှက်တို့၏ ငိုကြွေးမြည်တမ်းသံသည် ကမ္ဘာပျက်သလို ဆူညံသွားတော့၏၊ ကျူးရင်သံတို့ဖြင့် အမြဲတန်း ငြိမ်းချမ်းသာယာနေသော ကျွန်းသာယာလေး
သည် ယနေ့တော့ ငိုးကြွေးသံတို့ဖြင့် အစားထိုးနေလေပြီ၊ အေးမြသော မိခင်တို့၏ ရင်ခွင်သို့
သောက အပူမီးတောက်တို့ နေရာယူလာကြလေပြီ၊ သားသမီးအပေါ်ထားရှိသည့် သံယောဇဉ်
နှင့်ညီမျှသော သောကမီးတောက်တို့၏ အရှိန်သည် နှလုံးကွဲမတတ် ပူလောင်လှချေ၏တကား။

ကိုးကွယ်ရာမှ ဘေးဖြစ်လေပြီ၊ မိခင်ငှက်တို့သည် ဤကျွန်းသို့ တခြားမှ ပျံသမ်းလာသော သိမ်း ငှက်ကြီးများ စွန်ရဲကြီးများ လင်းယုံငှက်ကြီးများသည် မိမိတို့၏ ရင်သွေးငယ်များကိုစားသောက် သွားသည်ဟု ထင်မှတ်နေကြ၏၊ ကျီးသူတော်ယောင်ကိုကား မည့်သည့်ငှက်ကမျှ မိမိတို့၏ ရင်
သွေးများကို စားသည်ဟု မထင်မှတ်ကြ၊သံသယမျှပင့် မဖြစ်ကြပေ၊အကျင့်ပြင်းထန်သော လေစား ငှက်သူတော်စင်ကြီးဟုသာ စွဲမြဲစွာ ယုံကြည်ထားကြ၏၊
“ အိမ်ကိုဖျက်တာ ကြွက်၊ တောကိုဖျက်တာ မျောက်၊ ငှက်ကိုဖျက်တာ ကျီး ” ဟူသော စကား ကို ယင်းကျွန်းနေ ငှက်များ မသင်ဘူး မကြားဘူးကြလေရောင်တကား၊

ဤသို့ဖြင့် နေစဉ် ရက်ဆက်လိုလို အစာရှာသွားခိုက် ကျန်ရစ်ခဲ့သည့် ရင်သွေးငယ်များသည်
ပျောက်ခြင်းမလှ ပျောက်ပျောက် ကုန်တော့၏၊င့ါဝမ်းပူဆာ မနေသာ၍သာ အစာရှာထွက်နေ
ကြရ၏၊ အပြန်ခရီး ရင်သွေးငယ်များ၏ မျက်နှာ မြင်မှမြင်ရပါ့မလားဟု စိုးရိမ်စိတ်ကိုယ်စီဖြင့်
ဘ၀၀မ်းစာ ရှာနေကြရ၏၊ အပြန်ခရီး ရင်သွေးငယ်များတွေ့သော မိခင်များမှ တဒင်္ဂစိတ်ချမ်း
သာမှု ရသော်လည်း မတွေ့ရသော မိခင်များခမျာ သောကမိုးစွေ၍ ဒေါသအခိုးတွေ ဝေနေ တော့၏၊( ဤနေရာကို ထောက်ဆ၍ အတွင်းရန်သည် (ပူးသတ်ရန်သည် ) အပြင်ရန်ထက်
သာ၍ ကြောက်စရာကောင်းပါ၏၊ တနည်းအားဖြင့် ရန်သူသည် ရန်သူလို နေခြင်းထက် ရန်သူ
က မိတ်ဆွေရောင်ဆောင်နေခြင်းသည် ( ရှောင်၍မလွယ် မရသောကြောင့် ) ကြောက်စရာ
ကောင်းလွန်းလှပါ၏၊)
ဘုရားလောင်းငှက်မင်းသည် စဉ်းစားရတော့၏၊ မစဉ်းစား၍ မရတော့၊ အားလုံးက သူ့ကို အကြီးအမှူးအဖြစ် တင်မြှောက်ထားသည် မဟုတ်ပါလား၊ မိမိကိုမှီခို အားကိုးနေသော ငှက်အပေါင်း၏ခေါင်းဆောင်ဖြစ်သည့်အားလျှော်စွာ သူတို့အရေးသည် မိမိအရေးပင် ဖြစ်၏။
ဤ အတိုင်းသာ ဆက်လက်၍ သွားလျှင် ငှက်မျိုးနွယ်စုသည် မျိုးပျောက်စရာ ဖြစ်သွားနိုင်၏ ၊ အမှုမှန်ကို စုံစမ်းမှ ဖြစ်ပေတော့မည်။

ယခင်က ဤမြေ ဤရေ ဤကျွန်းသာ၌ ဤကဲ့သို့သော ကိစ္စမျိုး တစ်ခါမှ မပေါ်ပေါက်ဘူးချေ၊
ယခုမှသာ ပေါ်ပေါက်လာခြင်းဖြစ်၏၊ ယခုမှ ဘာဖြစ်လို့ ပေါ်လာတာလဲ၊ လဲပေါင်းများစွာ ဘုရား
လောင်းငှက်မင်း၏ ဥဏှောက်ထဲ၌ ချာချာလည်နေ၏၊ လည်နေရာမှ သဲလွန်စ တစ်ခုကို တွေးမှိ
လိုက်၏၊ မျိုးနွယ်စိမ်းဖြစ်သော ကျီးငှက် ရောက်လာမှ ဤဘေးရန်သည် ပေါ်ပေါက်လာ၏၊ သတ္တ၀ါတို့သည် အသားစားမျိုးနွယ်ရှိ၏၊ အသီးအရွက်စား မျိးနွယ်ရှိ၏၊လေစားမျိုးနွယ်ဟူ၍
ကား မကြားဘူးချေ၊ သို့သော် ဤကျီးသည် လေကိုသာ စားသည်ဟု ပြောနေ၏၊ဤသည်မှာ ကျီးငှက်၏ (သူတပါး အထင်ကြီးအောင် ) မရှိဂုဏ်ကို အရှိထင်အောင် လှည့်စားညာဖျန်း သော မာယာထောင်ချောက်တစ်ခုသာ ဖြစ်တန်ရာ၏၊
မိမိအထင် မိမိသံသယကို ငှက်အပေါင်းကို ပြောလျှင်လည်း သက်သေ မပြနိုင်သေး၍ ယုံကြည် ကြလိမ့်မည်မဟုတ်ချေ၊ သူတို့သည် ကျီးငှက်ကို တကယ့်သူတော်စဉ်အဖြစ် စွဲမြဲစွာ ယုံကြည် ထားကြသည် မဟုတ်ပါလား၊

ယနေ့လည်း ခါတိုင်းလိုပင် ငှက်များသည် သားသမီးများကိုစိတ်မချသော်လည်းဝမ်းစာအတွက် အစာရှာထွက်သွားကြလေပြီ၊ ဘုရားလောင်းငှက်မင်းသည် အစာရှာသွားဟန် ပျံသန်းသွား၍ ကျီးငှက်မမြင်နိုင်သည့် လုံခြုံသော ခြုံပုတ်တစ်ခု၌ ပုန်းအောင်းရင်း ကျီးငှက်ကို လေ့လာအကဲ ခပ်နေ၏၊ ကျီးသူတော်ယောင်သည်လည်း နေ့တိုင်းလိုပင် ငှက်များ အစာရှားသွားပြီးထင်
၍ မြှောက်ထားသော ခြေထောက်တစ်ချောင်းကို မြေပေါ်ချ သွက်လက်သော ချေလှမ်းတို့ဖြင့်
အသိုက်အမြုံသို့ သွား၍ ငှက်ငယ်လေးများ ငှက်ဥများကို စိတ်တိုင်းကြ မြိန်ရေရှက်ရေ စားသုံး လေတော့၏၊ အစာဝသောအခါ မိမိရပ်မြဲတိုင်းသော နေရာသို့ သွားကာ ခြေတစ်ဖက်မြှောက်၍ နှုတ်သီးကိုဟ လေကို ၀အောင်စားနေသည့်ဟန် ဟန်ဆောင်၍ နေလေတော့၏၊တစ်နေရာက
သူ့ကို လေ့လာနေသော ငှက်တစ်ကောင်ရှိနေသည်ကိုတော့ သူမသိလိုက်လေတကား၊

ငှက်အပေါင်းတို့သည် အစာရှာရာမှ ပြန်လာကြလေပြီး၊ ခါတိုင်းကဲ့သို့ပင် သားပျောက်မိခင်တို့
၏ ငိုမြည်သံကို ကြားနေရ၏၊ဘုရားလောင်းငှက်မင်းသည် ငှက်အားလုံးကို စည်းဝေးစေ၏။
စုံညီသောအခါ “ ရင်သွေးတို့၏ဘေးရန် မိမိတို့၏ရန်သူ ” သည် အခြားမဟုတ်၊ တရားမရှိပဲ
တရားရှိသူဟု မိမိတို့ကို လိမ်ညာနေသော ဤကျီးငှက်သူတော်ယောင်ပင် ဖြစ်ပေ၏၊ - ဟု
မိမိ အစာရှာမလိုက်ပဲ လေ့လာအကဲခပ် တွေ့ရှိချက်များကို ပြောကြားလိုက်တော့၏။

ကျီးငှက်၏ ကိုယ်ကျင့်တရား ကိုယ်ရေးရာဇ၀င်ကို မသိရှိကြပဲ အံ့သြဖွယ်ကို အားကိုးစရာ
အဖြစ် ထင်မှတ်ကာ ချီးမွမ်းခန်းဖွင့်၍ ကိုးကွယ်ဆည်းကပ် သူတော်စင်ဟု အသိမှတ်ပြုမှား
ခဲ့ကြ၏၊ ဥနှင့်ငှက်ငယ်များကို အကြင်နာမဖက် ရက်စက်စွာ စားသုံးနေပါလျှက် နှုတ်ကမူ
တရားကျင့်ကြ တရားကျင့်ကြဟု အော်မည်နေသေး၏၊နှုတ်ပြောတစ်ခြား အကျင့်တစ်ခြား ဖြစ်နေသည်ကို ယနေ့ မျက်ဝါးထင်ထင် မိမိတွေ့မြင်ခဲ့လေပြီ၊ တရားသံနှော၍ ချိုမြိန်သည်ဟု ထင်ရသော သူ့စကားလုံးတိုင်း၌ (မာယာအဆိပ်) ပါနေသည်ကို မိမိတို့သည် သတိမထား မှိခဲ့ကြ၊ သတိမထားမှိ၍ အပြစ်မဲ့သော ရင်သွေးငယ်ငှက်ငယ်လေများ၊ ငှက်အဖြစ် မရောက် သေးသည့် ဥကလေးများသည် ဤငှက်လောကမှမပျောက်သင့်သေးပဲ ပျောက်ကွယ် သွားကြရ၏။

ယခု ရန်သူအစစ်ကို မိပေပြီး၊ဆက်လက်လိမ်ညာခွင့် ရပ်တည်ခွင့် ပေးစရာမလိုတော့၊
ဤမြေ ဤရေ ဤကျွန်းသာ၌လည်း ဆက်လက် ထားစရာ ပေါင်းသင်းနေစရာ မလိုတော့၊
သူတော်ယောင် ကျီးငှက် ထွက်လမ်းမရှိအောင် ၀န်းရံပိတ်ဆို့ကြကုန်လော့ - ဟု မိမိ၏
ငှက်မျိုးနွယ်စုများကို အမိန့်ပေးရင်း မိမိကိုယ်တိုင်ပင် စတင်၍ ကျီးငှက်၏ ဥခေါင်းကို ချွန်မြ
နေသာ နှုတ်သီးဖြင့် စတင်ထိုးဆိတ်လေတော့၊ နှုတ်သီးဖြင့်ဆိတ်သံ တောင်ပန်ဖြင့် ရိုက်ခပ်သံ
ခြေသဲများဖြင့် ကုတ်ဖဲ့သံတို့သည် တစ်ကျွန်းလုံး ဆူညံသွားတော့၏၊

ဆူညံသံလည်း တိတ်သွားပေပြီး၊ သူတော်ယောင် ကျီးငှက်သည်လည်း ပျောက်ကွယ်၍ သွား
ချေပြီး၊ပင်လယ်ကျွန်းလေးသည် ရှေးယခင်လိုပင် ဘေးရန်ကင်းစွာဖြင့် ပျော်စရာ “ ငှက်ပျော် ကျွန်း ” တစ်ခုသို့ပင် ပြန်ရောက်သွားပေပြီ။ သူတို့သည် မျိုးနွယ်စု ရင်သွေးငယ်များဖြင့်ရင်း၍ အသိတစ်ရားတစ်ခုတော့ ရရှိသွားကြ၏၊ ပညာမပါပဲ ကိုးကွယ်လျှင် “ ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည် ” ဟူ၍။

Friday, February 18, 2011

ကျီးငှက်၏မာယာ

မာယာသည် ရှိသော အပြစ်ကို ဖုံးကွယ်၍ မိမိမှာ အပြစ်ကင်းဟန်ဆောင်၏။
သာဌေယျကား မိမိမှာ မရှိသောဂုဏ်ကို ရှိဟန်ဆောင်၏၊

လွန်လေပြီးသော အတိတ်ကာလ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း ထီးနန်းစိုးစံစဉ်အချိန်
ဘုရားလောင်းသည် ငှက်မျိုး၌ အကြီးအကဲ အဖြစ်ဖြင့် ဖြစ်ခဲ့ဘူး၏။
( ပုထုဇဉ် ဘ၀ဖြင့် သံသရာကျင်လည်သူမှန်သမျှ ပါရမီဖြည့်နေသူ ပါရမီရှင်ပင်ဖြစ်သော်
လည်း ကိလေသာ အနုသယများကား ကိန်းနေသည်သာ ဖြစ်ပါ၏၊ အာရုံနှင့်အကြောင်းတိုက်
ဆိုင်သော အခါ ထကြွလာသော အနုသယကိလေသာကို မထိမ်းနိုင်၍ ယိမ်းယိုင်ကာ
အကုသိုလ် ပြုမှိသည်လည်း ရှိခဲ့၏၊အကုသိုလ်ဟူသည်လည်း မျက်နှာကြီးငယ်မလိုက်၊လွန်
ကျူးမှိသူကို အကျိုးပေးဖြစ်အောင် ပေးသည်သာ ဖြစ်၏၊ ထို့ကြောင့် ပြုမှားသော အကုသိုလ်
ကံတစ်ခုခုကြောင့် ဘုရားအလောင်းတော်သည် ထိုစဉ်က ငှက်မျိုး၌ ဖြစ်နေရ၏)

ရှေးခေတ်ကာလ သိပ္ပံပညာ မထွန်းကားသေးသော အချိန်ဖြစ်၍ အရပ်မျက်နှာကို တိကျစွာ
ညွှန်ပြသော “ သံလိုက် အိမ်မြှောင်များ ” မပေါ်သေးချေ။ပင်လယ်ခရီး သွားသူများသည်
ကမ်းကြည့် ငှက်ကို မွေးမြူ၍ သွားကြရ၏၊ ကမ်းကြည့်ငှက်အဖြစ် ကျီးကန်းကို အသုံးပြုများ
ကြ၏၊ ဆိုက်ကပ်နားခိုဖို့ ကျွန်းများကို ရှာဖွေလိုသောအခါ ကမ်းကြည့်ငှက်ကို လွှတ်လိုက်၏
ကမ်းကြည့်ငှက်သည် ပျံသန်းသွား၍ အကယ်၍ ကမ်းမြင်လျှင် သို့မဟုတ် ကျွန်းတစ်ခုခုမြင်
လျှင် ပြန်မလာတော့၊ ကမ်း သို့မဟုတ် ကျွန်းသို့သာ ဦးတည် ပျံသန်းသွားတော့၏၊အကယ်၍
နားခိုစရာ မမြင်လျှင် ရွက်လှေသို့သာ ပြန်၍လာ၏၊ ကမ်းကြည့်ငှက်ကို ပျံရာကို ကြည့်၍ ဆိပ်
ကမ်းကို ရှာဖွေရသော ခေတ်ဟောင်းဖြစ်၏။

တစ်နေ့ ပင်လယ်ခရီးသွားသူများသည် ပင်လယ်တွင်း၌ အင်အားပြင်းထန်သော လေမုန်းတိုင်း မိ၍ လေဒါဏ်ကိုကြံ့ကြံ့ခံရင်း အံတုသော်လည်း အားမတန်၍ မာန်လျှော့ရတော့၏။ လှေသည် လေဒါဏ်ကြောင့်အပိုင်းပိုင်း ကျိုးပျက်ကုန်တော့၏၊ လှေပေါ်ရှိ လူအားလုံးတို့သည် လေဒါဏ်ထိ ရေဒါဏ်ပိ၍ ပင်လယ်လိပ်ကြီးများ ငါးကြီးများတို့၏ အစာအဖြစ် ဘ၀တစ်ခုကို နိဂုံးသတ်သွားကြ ရ၏၊ ခေါင်းနေရာ ခြေသိ၏-တဲ့။ သူတို့ခေါင်းချရာသည် သူတို့ ထင်မထားသည် ပင်လယ်ပြင် ဖြစ်သွားတော့၏၊ ကမ်းကြည့်ငှက်သည် ပျံသန်းရင်း ကံကောင်းထောက်မစွာ အနီးရှိ ကျွှန်းငယ် တစ်ခုသို့ ရောက်သွား၏။ထိုကျွန်း၌ ငှက်ပေါင်းများစွာ ဘေးရန်မဲ့ နေထိုင်ကြ၏၊

ကမ်းကြည့်ငှက်သည် အကြံထုတ်၏ငှက်များကို အလွယ်တကူ စားသုံးရန် ဖြစ်၏၊သူ၏ အကြံသည် “ အံ့ဖွယ်သရဲ” ကို ပြုရင်းယုံကြည်သူများကို ရိုက်စားလုပ်ရန်ဖြစ်၏၊
ကျီးငှက်သည် သူ့အကြံအစည်ကို စတင် အကောင်အထည်ဖေါ်လေတော့၏၊
ငှက်များမြင်သာသည့် နေရာ၌ ခြေတစ်ချောင်းကို ထောက်၊ ကျန်ခြေတစ်ချောင်းကို မြှောက်
ကာ ပါးစပ် (နှုတ်သီး ) ကို ဖွင့်ထား ဟထားလေ၏။

ကျီးငှက်၏ ထူးဆန်းသော အမူအယာကြောင့် ထိုကျွန်းရှိ ရိုးသားသော ငှက်များသည် ၀ိုင်းအုံ
လာကြတော့၏၊ ငှက်အုပ်ထဲမှာ နေရာတကာ စပ်စုတတ်သော ငှက်တစ်ကောင်က စတင်၍
မေးလေတော့၏။ အသင်ငှက်၏ နာမည်ကို သိပါရစေ၊ တရားရှိသူဖြစ်၍ အများကတော့
ဓမ္မိက - လို့ ခေါ်ကြပါတယ်၊အဘယ့်ကြောင့် အခြားငှက်များကဲ့သို့ ခြေနှစ်ချောင်းလုံးမရပ်ပဲ
ခြေတစ်ချောင်းမြှောက် ခြေတစ်ချောင်းထောက် ထာားပါသလဲ၊ နောက်ခြေတစ်ချောင်း မြေ
ကြီးပေါ်ထောက်လျှင် မဟာပထ၀ီ မြေကြီးဟာ သူ့ကို ထမ်းဆောင်နိုင်မှာ မဟုတ်လို့ပါ၊
( သူသည် တရားရှိသူဖြစ်၍ တရားအကျင့်က ပြင်းထန်လွန်းသဖြင့် ခန္ဓုာကိုယ် အလွန်လေးလံ
သောကြောင့် မြေကြီးက သူ့ကိုဆောင်မထားနိုင်ဟု ပညာမဲ့သူများ ယုံအောင် တမင်ထွင်လုံး
သုံးလိုက်ခြင်းဖြစ်၏၊)။
ပါးစပ်ကို ဘာကြောင့် အမြဲတန်း ဖွင့်ထားပါသလဲဟု အခြားငှက်တစ်ကောင်က ထပ်မေးခွန်း ထုတ်ပြန်၏၊ ပါးစပ်ကို အမြဲတန်း ဖွင့်ထားတာက အခြားမဟုတ်ပါဘူး၊ အကုသိုလ်ဖြစ်မှာစိုး၍ တစ်ခြားဘာကိုမျှ မစားပဲ လေကိုသာ စား၍ နေပါသည်၊ဟု ပြန်ဖြေလိုက်လေ၏၊
ထို့နောက်တော့ ကျီးငှက်က ငှက်အပေါင်းကို ( ကိုးကွယ်ရာ တစ်ဆူ တင်မြှောက်စေရန် )
သူတော်ကောင်းဂိုက်ဖမ်း၍ အဆုံးအမ စတင်ပေးလေတော့၏၊

အိုဆွေတော်မျိုးတော် ငှက်အပေါင်းတို့ တရားကို ကျင့်သုံးကြကုန်လော့၊တရားကျင့်သုံးလိုက်
နာခြင်းသည် ကောင်းခြင်းမင်္ဂလာဖြစ်၏၊ တရားကျင့်သူသည် ဤဘ၀ နောက်ဘ၀တို့၌ ချမ်း
သာမှုနှင့် ပြည့်စုံနိုင်ပါ၏၊

ကျီးငှက်၏ အဆုံးအမစကား ကြားသောအခါ ရိုးသားသော ရိုးအသော ငှက်အပေါင်းသည်
ကျီး၏ ဇာတ်မြစ်ကိုလည်း မစုံစမ်းတော့၊ ကျီး၏ အမူအယာထူးခြားမှုနှင့် အဆုံးမသံပါသော
ဟန်ပန်ကို ကြည့်၍ ဆုံးဖြတ်လိုက်တော့၏၊ အင်မတန် တရားပြည့်ဝသော ကျီး သူတော် ကောင်းကြီးပါတကား။ ခြေတစ်ချောင်းဖြင့် ရပ်၍ အစာအဟာရအဖြစ် လေဓါတ်ကိုသာ
စားသော ငှက်မြတ်သူတော်စင်ကြီးပါတကား။

ငှက်အပေါင်းတို့သည် ပညာမပါသော ( စူးစမ်းမှုကင်းမဲ့သော ) ယုံကြည်ချက်ဖြင့် ကျီးငှက်
ပြောတိုင်း ယုံကြည်သွားကြတော့၏။ ဤကဲ့သို့သော ယုံကြည်မှုကို မျက်ကန်းယုံကြည်မှုဟု ခေါ်ဆိုပါ၏၊ ထို့နောက်တော့ သူတို့၏ကိုးကွယ်ရာ သူတော်စင်ကြီးအဖြစ် တင်မြှောက်ကာ သူတို့ဘ၀ သူတို့ငှက်မိသားစုအားလုံးတို့၏ ဘ၀ကို ( ယုံမှတ်၍ )ပုံအပ်လိုက်ကြတော့၏၊
ဤသည်မှာ တစ်ချိန်က အမှန်တကယ် ဖြစ်ပျက်ခဲ့သော ငှက်လောက၏ အဖြစ်အပျက်တစ်ခု ဖြစ်ပါ၏၊

ငှက်လောက၌သာမဟုတ် လူ့လောက ဘာသာရေး လောက၌လည်း သမိုင်းတစ်လျှောက် ပြန်လှန်၍ကြည့်လိုက်လျှင် “ အံ့ဖွယ်သရဲ ” ကို အားကိုးစရာ အဖြစ်ထင်မှတ်ကာ ဘ၀တစ် ခုလုံး မိသားစုတစ်ခုလုံးကို ပုံအပ်ခဲ့သူများလည်း ရှိပြီး ရှိဆဲ ရှိလတံ့ပင်ဖြစ်ပါ၏၊၊
မိမိကိုယ်ကိုယ် ဗုဒ္ဓဘာသာဟု ခံယူထားပါလျှက် ဘုရားဟော မဟုတ်သည်များကို အဆန်း ထွင်ကာ ဟောနေသူ ကျင့်နေသူများကို အထင်ကြီး၏ လေးစား၏၊ အထူးအဆန်းဆို အရူး
အနှမ်းပမာ ( စူးစမ်းမှုကင်းမဲ့စွာ ) ယုံကြည်နေကြ၏၊ ယုံကြည်သွားကြ၏။ ကိုးကွယ်ဆည်းကပ်ကြ၏၊ထိုသူ၏ ကျင့်စဉ်သည် “ သီလ သမာဓိ ပညာ ” ပါ မပါ မစဉ်းစား၊ မဂ္ဂင်ရှစ်ပါးနှင့် ညီ မညီ မစဉ်းစား၊ပညာမဲ့သော ယုံကြည်ချက်သမား ဖြစ်သွားတော့၏၊
စေတနာဖြင့် ထိုသူ၏ ကျင့်စဉ်မှားယွင်းကြောင်း အထောက်အထားနှင့် တင်ပြလျှင်ပင်
တင်ပြသူကို မနာလိုသူ အပုတ်ချသူဟု သတ်မှတ်ကြ၏၊( တင်ပြသူ၏ အဆို ဟုတ် မဟုတ်
မှန် မမှန်ကိုပင် မစီစစ်တော့ )ဤသည်မှာ ဘာသာရေး ကိုယ်ခံအား နည်းမှုကြောင့် ဖြစ်၏၊

သမ္မာဒိဋ္ဌိ - ဟူသည် ကုသိုလ်ကိုလည်း သိရမည်၊ ဖြစ်ကြောင်းကိုလည်း သိရမည်။
အကုသိုလ်ကိုလည်း သိရမည် ၊ ဖြစ်ကြောင်းကိုလည်း သိရမည်ဟု အတိအလင်း ဟောထားပါ
၏၊ ထို့ကြောင့် မိမိကိုယ်ကို ဗုဒ္ဓဘာသာဟု ခံယူထားလျှင် သမ္မာဒိဋ္ဌိ - မှန်ကန်သော အမြင်
အသိ ရှိဖို့ ရှေးဦးစွာ အထူးပင် လိုအပ်ပါ၏၊။ ပညာမဲ့သူများသည် အထူးအဆန်းထွင်၍ ရိုက်စား
သူများ၏ စားကျက်တစ်ခုအဖြစ် ရောက်သွားနိုင်ပါ၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များသည်
မိရိုးဖလာ ယုံကြည်ချက်ထက်သာလွန်သော (သမ္မာဒိဋ္ဌိ) ပညာဖြင့် ဆုံးဖြတ် ယုံကြည်သော အနည်းဆုံး ဒုတိယအဆင့် သြကပ္ပနသဒ္ဓါဖြစ်ဖို့ အရေးကြီးပါ၏။(ဤကား စကားညှပ်တည်း)
( ဆက်ရန် ) ကောင်းသစ်
မူရင်းက ဒီမှာ http://newlightmyanmar.blogspot.com/

Thursday, February 10, 2011

သာဝတ္ထိမြို့အကြောင်း

ဇေတ၀န်ကျောင်းတော်ရာဖြစ်ပါတယ်

သာဝတ္ထိမြို့သည်မြတ်စွာဘုရားလက်ထက်တော်အခါကအိန္ဒိယနိုင်ငံတွင်မဂဓတိုင်းနှင့်ကောသလ
တိုင်းတို့သည်စစ်အင်အားအကြီးဆုံး နယ်ပယ်အကျယ်ဆုံးနိုင်ငံကြီးနှစ်နိုင်ငံဖြစ်ကြသည်.။ကောသလတိုင်းမှပသေနဒီကောသလမင်းကြီးနှင့်
မဂဓတိုင်းမှဗိမ္ဗိသာရမင်းကြီးတို့သည်တက္ကသိုလ်ဒိသာပါမောက္ခဆရာကြီးထံမှပညာသင်ဘက်များဖြစ်ကြသည်။
ကောသလမင်းကြီး၏နှစ်မတော်ဝေဒေဟီမင်းသမီးကိုဗိမ္ဗိသာရမင်းကြီးကတောင်ညာစံဒေ၀ီမိဖုရားကြီးတင်
်မြောက်တော်မူသည်။ထိုအချိန်က သာဝတ္ထိမြို့သည်လူဦးရေ ၅ သန်းရှိသည်။
ပသေနဒီကောသလမင်းကြီးသည်မြတ်စွာဘုရား၏တပည့်သားရဟန်းတော်များအားအမြဲဆွမ်းဝတ်
တည်ထားတော်မူသည်။ရဟန်းသံဃာများသည်ဘုရင်နန်းတော်၌ဆွမ်းဘုဉ်းပေးခြင်းမပြုကြပဲဆွမ်းကိုယူ၍
ဝိသာခါ အနာထကိဏ်အိမ်သို့သွားရောက်ဆွမ်းဘုဉ်းပေးကြသည်။အကျိုးအကြောင်းစုံစမ်းသောအခါနန်းတော်၌
နန်းတော်၌ ရဟန်းသံဃာနှင့်ကျွမ်းဝင်သူမရှိ၍ဖြစ်ကြောင်းသိရလေ၏ကောသလမင်းကြီးသည်ရဟန်းသံဃာ
တော်များနှင့်ဆွေမျိုးတော်စပ်လိုသဖြင့်မြတ်စွာဘုရား၏ဆွေတော်မျိုးတော်သာကီဝင်မင်းတို့ထံသမီးကညာ
တောင်းခံလေတော့၏။မာန်မာနကြီးသောသာကီဝင်မင်းတို့သည်ကျွန်မသမီးတယောက်ကိုမင်းသမီးအဖြစ်
လှည့်ဖြားဆက်သလေ၏.ကောသလမင်းကြီးသည်ထိုမင်းသမီးကိုမိဖုရားအဖြစ်မြှောက်ရာ ၀ိဍ္ဍဍ္ဍူဘအမည်ရှိသားတော်တပါးဖွားမြင်လေ၏.သာကီဝင်မင်းတို့သည်ဝိဍ္ဍဍ္ဍူဘကိုကျွန်မသားဟု အရှက်ခွဲလေ၏။စစ်သူကြီးဒီဃာကာရာယနသည်ကောသလမင်းကြီးကိုနန်းချ၍၀ိဍ္ဍဍ္ဍူဘ ကိုနန်းတတ်စေသည်။ဝိဍ္ဍဍ္ဍူဘသည်သာကီဝင်တို့ကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်လေရာထွက်ပြေးနိုင်သူ
ူအနည်းကျဉ်းသာလွတ်မြောက်လေပြီးအသက်ရှင်ကြရ၏။ဝိဍ္ဍဍ္ဍူဘသည်သာကီဝင်အမျိုးနွယ်ကိုသတ်ဖြတ်ပြီး
နောက်သာဝတ္ထိမြို့တော်အနီးသို့ရောက်သောအခါအစီရ၀တီမြစ်သောင်ခုံ၌ယာယီတဲနန်းဆောက်လုပ်၍
တညာဉ့်မျှနားနေ၏။ညအချိန်တွင်မမျှော်လင့်ပဲမြစ်ညာ၌မိုးရွာ၍တောင်ကျရေများရုတ်တရက်စီးဆင်းလာ၏ သောင်ခုံပေါ်၌ရှိသောဘုရင်နှင့်စစ်တပ်ကြီးသည်အစီရ၀တီမြစ်ရေအဟုန်၌မျောပါ၍အသက်ဆုံးရှုံးကြရသည်။။
ထို့နောက်သာဝတ္ထိမြို့ကိုအုပ်ချုပ်သောဘုရင်သည်ဂျိန်းဘာသာဝင်ဖြစ်၍ဗုဒ္ဓဘာသာကိုချီးမြောက်
ထောက်ပန့်ခြင်းမပြုချေ။မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီးနောက်ဓာတ်တော်ဝေသောအခါကောသလ
တိုင်းသာဝတ္ထိမြို့မှဘုရင်သည်ဓါတ်တော်ဝေစုတောင်းခံခြင်းမပြုချေ ။ဘာသာရေးမရှိသောမင်းသည် မြို့သူမြို့သားတိုင်းပြည်သူ/သားတို့အားဘာသာရေးစသောဦးစားပေးမှုများပျောက်ကွယ်လာတော့၏။
ဆက်လက်မျှော်ပါဦး

သာဝတ္ထိမြို့တော်သို့အလည်ရောက်ရှိခြင်း.

မြတ်စွာဘုရားတန်ခိုးပြာဋိဟာပြတော်မူရာ(သရက်ဖြူကုန်း သာဝတ္ထိမြို့)
စိဉ္စာမာနမြေမြိုရာနေရာ ဇေတ၀န်ကျောင်းအနီး
ဇေတ၀န်ကျောင်းတော်ရာရှေ့၌ သူငယ်ချင်းတွေနှင့်အတူ
မြတ်စွာဘုရားဆွမ်းခံရာမှအပြန်ခြေဆေးတော်မူရာရေတွင်းကြီး
အရှင်အာနန္ဒစိုက်ပျိုးတော်မူသောအာနန္ဒာဗောဓိပင်
မှတ်မှတ်ရရပေါ့.၄.၂.၂၀၁၁ နေ့ သာဝတ္ထိရွှေမြို့တော်သို့ ကားလဲကြုံ၍ မြန်မာပြည်မှလာသောသူငယ်ချင်းများဖြစ်တဲ့ အရှင်တိက္ခဥာဏ နှင့်အရှင်သုနန္ဒ တို့ အားလိုက်ပို့ရင်း.မိမိသည်လည်းလိုအပ်တဲ့ကိစ္စလေးတခုရလိုမှုအတွက်နဲ့လိုက်ပါသွားခဲ့လေ၏။
မောင်တိုးတက်မှလည်းကားကြုံရှိ၍တကြောင်းသာဝတ္ထိမြို့သို့ဒုတိယမ္ပိ ၂ ကြိမ်မြောက်ရောက်ရှိခြင်းဖြစ်၏။မိမိရလိုမှုတခုကား အထူးတော့မဟုတ်ချေ.မြတ်စွာဘုရားရှင်အားစွပ်စွဲသော စိဉ္စာမာနမြေမြိုရာနေရာအမှတ်တရဓါတ်ပုံရလိုခြင်းကြောင့်ဖြစ်၏။တကယ်တော့ဘလော့ဂါ
တယောက်အနေနဲ့အမှတ်တရတခုလိုခြင်တာရယ် .မရောက်ဘူးသူတို့အားလည်းတွေ့ဘူးရလေအောင်တွေ့စေခြင်သောဆန္ဒကြောင့်ပေါ့.သာဝတ္ထိမြို့တော်သည် မြတ်စွာဘုရားဝါတော် ၄၅ ၀ါအနက် ၀ါဆိုများသောမြို့တမြို့ဖြစ်၏.၀ိသာခါကျောင်းအမကြီးလှူထားသောကျောင်းပုဗ္ဗာရုံကျောင်းနှင့် ဇေတမင်းသားနှင့်အနာထပိဏ်သူဌေးတို့ဆောက်လှူသောကျောင်း အစိရ၀တီမြစ်သည်လည်းထင်ရှားသောနားထဲ၌ ကြားဘူးသောမြစ် ၎င်းမြစ်သည် ပဋာစာရီသူဌေးသမီးသားကြီးရေမျောသောမြစ်ဖြစ်၏။ဝိဍ္ဍဍ္ဍူဘမင်းနှင့်စစ်သည်ဗိုလ်ပါတို့တညတာ
အိပ်စက်အနားယူနေစဉ်ရေလွှမ်းမိုးနစ်မြုတ်သုတ်သင်ခံခဲ့ရသည်။စိဉ္စာမာနမြေမြိုခံသည့်မြို့တော်လည်းဖြစ်၏။
မြတ်စွာဘုရားတန်ခိုးပြာဋိကာပြတော်မူသည့်မြို့လည်းဖြစ်၏။၎င်းနောက်အရှင်အာနန္ဒာသည်မြတ်စွာဘုရား
မရှိသည့်နောက်ပိုင်းပရိဘောဂစေတီအဖြစ်စိုက်ထူထားသောအာနန္ဒာဗောဓိပင်လည်းရှိ၏။
အာနန္ဒာဗောဓိဟုခေါ်ဝေါ်ကြ၏။
လမ်းခရီးမှာတော့အယုဒ္ဓမြို့တော်ကိုကျော်ဖြတ်၍သာဝတ္ထိမြို့သို့ဗာရာဏသီကနေကီလိုမီတာ
၃၇၀ကျော်သွားရ၏။တနေကုန်ကားပေါ်တွင်ကားစီးရင်းအထက်ပါအကြောင်းအရာလေးတွေ
ွတွေးပြီးမြတ်စွာဘုရားရှိစဉ်ကထိုနေရာတွေမှာစည်ကားမည်ဟုထင်မိ၏။လမ်းကားပေါ်မှနေ၍မြင
်တွေ့ရလိုက်သောရှုခင်းများမှာ.ဂျုံများ.စပါးခင်းများ ကြံခင်းများနှင့်စိမ်းစိမ်းစိုစိုတွေ့ရှိရ၏။ထိုဒေသသည် လယ်ယာမြေကောင်းသည်ဟူသတတ်.။ရေဖြင့်လွယ်ကူစွာစိုက်ပျိုးနိုင်သည်။ရေသည်လည်း ၁၀တောင်ခန့်တူးလိုက်သည်နှင့်ရေကိုရစေ၏။မြတ်စွာဘုရားလက်ထက်တော်အခါက တရားနာရာ လှည်းတို့ဖြင့်တရားကိုလာရောက်နာယူကြ၏။ဇေတ၀န်ကျောင်းတော်ရာရှေ့တည့်တည့်တွင် မြတ်စွာဘုရားနေ့စဉ်ဟောလေ့ရှိသောပလ္လင်သည်တွေ့မြင်နိုင်၏။ဆွမ်းခံရာမှအပြန်ခြေဆေးရာ
ရေတွင်းသည်လည်းယနေ့တိုင်မြင်တွေ့နိုင်၏။
ဆက်လက်ရေးပါဦးမည်.ဆိုတာ

Sunday, February 6, 2011

ရာဇဂြိုဟ်အမှတ်တရဓါတ်ပုံများ

နာလန္ဒာတက္ကသိုလ်ဟောင်းထဲမှာ သူငယ်ချင်းများနဲ့အတူပေါ့
ဂိဇ္ဈကုဋ်တောင်ခြေမှာ ဒီကားလေးနဲ့လည်ခဲ့ကြတယ်လေ.
နာလန္ဒာတက္ကသိုလ်ဟောင်းကြီး
တောင်၅ လုံးကာခိုထားတဲ့ရာဇဂြိုဟ်ဟာ မြူနှင်းတွေကျနေတယ်ပေါ့
ဇာတ်နိမ့်များရေချိုးရာနေရာလေးပါ..
ဇာတ်မြင့်ခွဲခြားရေချိုးကြသည်
ဗိမ္ဗိသာရမင်း၏ဘဏ္ဍာတော်တိုက်ပါ
ကမ္ဘာ့ငြိမ်းချမ်းရေးစေတီတော် (ဂျပန်နိုင်ငံမှတည်ထား၏)
မြတ်စွာဘုရားကျေင်းတော်ရာ.တောင်၅လုံးကာခိုမြို့ရာဇဂြိုဟ်
ဂိဇ္ဈကုဋ်တောင်ပေါ်တွင်ဤသို့တတ်ခဲ့ရသည်

ဗိမ္ဖိသာရနှင့်အဇာတသတ်

မြတ်စွာဘုရားလက်ထက်တော်အခါက အင်အားကြီးသောနိုင်ငံကြီး ၄ ခုရှိရာ မဂဓတိုင်း ရာဇဂြိုဟ်မြို့ ကောသလတိုင်း သာဝတ္ထိမြို့ဝစ္ဆတိုင်း ကောသမ္ဖီမြို့ အ၀န္တီတိုင်း ဥဇ္ဇေနီမြို့တို့ဖြစ်ကြ၏။အုပ်စိုးသောမင်းများမှာ အစဉ်တိုင်း ဗိမ္မိသာရမင်း .ပသေနဒီကောသလမင်း ဥတေနမင်း စဏ္ဍပဇ္ဇောတမင်း တို့ဖြစ်ကြလေ၏။ဗိမ္ဗိသာရမင်းကြီးသည် ပသေနဒီကောသလမင်းကြီး၏နှစ်မတော်ဝေဒေဟီကိုတောင်ညာစံမိဖုရားခေါင်ကြီးတင်မြောက်သည်။
ဥတေနမင်းသည်စဏ္ဍပဇ္ဇောတမင်းကြီး၏သမီးတော်ကိုမိဖုရားမြှောက်သည်။ဘုရားလောင်းတော
ထွက်လာသောအခါဗိမ္ဗိသာရမင်းကြီးကမင်းစည်းစိမ်တ၀က်ခွဲပေး၍တောမထွက်ရန်တောင်းပန်သည် တောင်းပန်၍မရသဖြင့် ဘုရားဖြစ်က ရာဇဂြိုဟ်သို့ပထမဦးဆုံးကြွလာဘို့ကတိတောင်းခံသည် ထိုကတိအတိုင်းပထမဦးဆုံးရာဇဂြိုဟ်သို့ကြွတော်မူခဲ့သည်။ဗိမ္ဗိသာရမင်းကြီးနှင့်ဝေဒေဟီမိဖုရားမ
ှအဇာတသတ်မင်းသားကိုဖွားမြင်သည် မြတ်စွာဘုရားပရိနိဗ္ဗာန်မစံမီ ( ၈ )နှစ်အလို၌ အဇာတသတ်သည် ခမည်းတော်ကိုလုပ်ကြံ၍နန်းတတ်တော်မူသည်။ထိုအခါဦးရီးတော်ကောသလမင်းကြီးကအဇာတသတ်ကို
စစ်ကြေငြာပြီးတိုက်ခိုက်ခဲ့သည်။ ဤအချက်ကိုအခွင့်ကောင်းယူပြီးစဏ္ဍပဇ္ဇောတမင်းကရာဇဂြိုဟ်မြို့ကိုတိုက်ခိုက်ရန်စစ်ပြင်ဆင်သည်။
အဇာတသတ်သည်စဏ္ဍပဇ္ဇောတမင်းခုခံတိုက်ခိုက်ရန်ရာဇဂြိုဟ်မြို့တော်ဟောင်းမြောက်ဘက်၌ ခံတပ်မြို့သစ်ကိုတည်ဆောက်ခဲ့သည် ရာဇဂြိုဟ်မြို့တော်ဟောင်းမှာ တံခါးမကြီး ၃၂ ခုနှင့် တံခါးငယ် ၆၄ ခုရှိသည်ဗိမ္ဗိသာရမင်းကြီးနှင်းအဇာတသတ်မင်းကြီးကို ဗုဒ္ဒသာသနာ့ဒါယကာများအဖြစ်ပါဠိစာပေတို့၌ဖေါ်ပြသလို ဂျိမ်းဘာသာတို့ကလည်းဗိမ္ဗိသာရ
ကိုသေနိယဟု၎င်း အဇာတသတ်ကိုကူနိယဟု၎င်းခေါ်ကြသည်.။
ဂျိန်းဘာသာနှင့် ဗုဒ္ဓဘာသာ
ရာဇဂြိုဟ်မြို့၌ဂျိန်းဘာသာနှင့်ဗုဒ္ဓဘာသာတို့ခေတ်ပြိုင်ပေါ်ထွန်းလာခဲ့သည်။ရာဇဂြိုဟ်
တောင်ထိပ်များပေါ်၌ဂျိန်းဘုရားကျောင်းများစွာရှိသည်။ဂျိန်းဘုရားမဟာဝီရသည်ရာဇဂြိုဟ်၌ ၁၄ နှစ်နေထိုင်ခဲ့သည်။တိတ္တံကရ အမှတ်စဉ် ၂၀ ဖြစ်သောမုနိသုဗ္ဗတသည်ရာဇဂြိုဟ်မြို့၌ဖွားမြင်ခဲ့သည်။ထို့ပြင်မဟာဝီရ၏တပည့်ကြီး(ဂဏဓရ)
၁၁ဦးသည်ရာဇဂြိုဟ်တောင်ထိပ်၌ကွယ်လွန်ခဲ့ကြသည်။
ဝေဠုဝန်ကျောင်းတော်
ရာဇဂြိုဟ်မြို့နှင့်ရေပူစမ်းကြားတွင်ဝေဠုဝန်ကျောင်းတော်ရာရှိသည်။အဆောက်အဦ
ဟောင်းများရှာဖွေခြင်းမပြုလုပ်ရသေးချေ။ကျောင်းတော်ရာဟု သတ်မှတ်ထင်မြင်ထားသော
နေရာတ၀ိုက်တွင် ၀ါးရုံများစိုက်ပျိုးထားသည်။အလယ်တွင်ရေကန်ကြီးတခုရှိ၍ရေကန်ဘေးတွင်ဗုဒ္ဓရုပ်ပွားတော်တဆူတွေ့မြင်ရ၏။
ရေပူစမ်း
ဝေဠုဝန်ကျောင်းတော်မှ တောင်ဘက်တနေရာတွင်ရေပူစမ်းသို့ရောက်နိုင်သည်။ရေပူစမ်းမှာဝေဘာရတောင်ခြေတွင်ရှိသည်။ ၎င်းရေပူစမ်းနေရာတွင် အိန္ဒိယနိုင်ငံရှိမြို့တော်သူ/သားတို့ရေချိုးရန်လာရောက်ကြသည်။ဇာတ်မြင့်ဇာတ်နိမ့်ခွဲခြား
ကာရေချိုးရသည်။ထိုနေရာအရောက်တွင် ရေချိုးနေကြသော မိန်းမပျို မိန်းမအိုကြီးများနှင့်လူပျိုလူအိုကလေးလူကြီးမကျန် မိမိ၏ဇာတ်အပေါ်မှာမူတည်ကာရေချိုးကြရ၏.။မိမိသည်လည်းမဇ္ဈိမသားတို့ရဲ့ဇာတ်မြင့်ဇာတ်နိမ့်
ရေချိုးကြသည်များကို ဒုတိယမ္ပိ ၂ ကြိမ်မြောက်လေ့လာခွင့်ရ၏။ဇာတ်မြင့်တို့သည်အပေါ်ဆုံးနေရာ၌ရေချိုးကြ၏။ထို့နောက်ဇာတ်လတ်တို့သည် ဇာတ်မြင့်ရေချိုးပြီးကြလာသောရေများကိုချိုးကြရ၏။ဇာတ်နိမ့်တို့သည် ဇာတ်မြင့်ဇာတ်လတ်တို့ချိုးပြီးကြလာသောရေများကိုတဖန်ချိုးကြရ၏.။၎င်းဇာတ်နိမ့်တို့သည် မြေ၌တတောင်ခန့်ကန်သဘောမျိုးလုပ်ထားပြီး၎င်းရေများကိုကူးခတ်၍၎င်း ခပ်ချိုး၍၎င်းချိုးကြရ၏။ဇာတ်နိမ့်တို့၏ရေသည် ဆပ်ပြာစသည်တိုက်ချွတ်ချိုးပြီးကြလာသောရေဖြစ်၍ ရေ၏အရောင်သည်ဖြူဖတ်ဖတ်အရောင်သန်းနေတော့၏.။ဇာတ်မြင့်တို့ရေချိုးကြခြင်းသည် ပိုက်လုံးတလုံးထည်းမှကြလာသောရေကိုစုပေါင်းလုယက်ပြီးချိုးကြရ၏။မိန်းမရောယောက်ျားပါ ကလေးလူကြီးမရွေးအပြိုင်လုကာချိုးနေကြ၏။မိမိသည်လည်းအမှတ်တရကင်မရာကိုင်ကာ ဟိုဟိုသည်သည်ကြည့်ကာဓါတ်ပုံမှတ်တမ်းတင်မိ၏။ရိုက်ခွင့်ပြုသလားမပြုသလားကိုမတွေးမိ။
တနေရာအရောက် ဘန္တေကြီး ရေချိုးမှာလားဟူသောလူရွယ်တယောက်၏အမေး
မိမိလည်းလက်ခါပြလိုက်၏။သူတို့၏ရေချိုးပုံမှာလည်းအဆန်းသားဆပ်ပြာတိုက်၍ချိုးရသောနေရာ
နှင့်ဆပ်ပြာမတိုက်ရသောနေရာဟူ၍ခွဲခြားပြန်သည်။ရေချိုးရန်နေရာများမှာ သန့်ရှင်းမှုမရှိ။ခေတ်လဲမမှီ။ရေချိုးလာသူများမှာလည်းညစ်ပေနေသူကပို၍များပြား၏။၎င်းရေကိုချိုးပါက မဇ္ဈိမသားတို့၏အယူဝါဒသည် (၉၆)ပါးရောဂါများပျောက်ကင်းသည်ဟုအယူရှိကြ၏။ မိမိသည်လည်းသူတို့၏အယူသည်းမှုတွေကိုစဉ်းစားပြီးဟို ခပ်ရေးရေးမြင်တွေ့နေရသော ပထမသင်္ဂါယနာတင်ရာဝေဘာရတောင်ကိုကြည့်ပြီးအတွေးပေါင်းမြောက်များစွာဖြင့်၎င်း
ဆောင်းလေလေးတချက်တိုက်ခတ်မှုကြောင့်ဘေးဘီမှာကုလားမပျိုများရေချိုးအပြီးတွင်အင်္ကျီများလဲနေကြသောရှုခင်း.ထိုလဲနေရှာသောကုလားမပျိုလေးများကို သွားရည်ရိုကြည့်နေကြသောကုလားအမျိုးသားလေးများ နောက်ပြောင်ရယ်မောနေကြသောလူရွယ်တစု ဒါတွေကိုဥပေက္ခာပြုလျစ်လျူရှုပြီးထိုရေချိုးရာနေရာမှခပ်မြန်မြန်ရှောက်လာခဲ့တော့၏။
တနေရာအရောက် ဟေ့ ဘန္တေကြီးဆိုပြီးဆေးနီရောင်တို့ဖြင့်မိမိနဖူးအားသုတ်ပေးမည့်ဟန်ဖြင့် မိမိသည်လည်းလက်လေးကိုအသာပြပြီးခပ်သုတ်သုတ်လေးလျှောက်ခဲ့ရတော့၏။သူတို့၏
အယူဝါဒများကိုလက်မခံလိုသောကြောင့် ထိုနေရာတ၀ိုက်တွင်တွေ့မြင်ရသည်ကားနဖူးတွင်အနီရောင်တို့ဖြင့်တို့ကာသုတ်လိမ်းထားသော အဖိုးအိုကြီးများအတော်များများတွေ့ရှိရ၏။သူတို့ဓလေ့အရပြောရလျှင်တော့ သူတော်စဉ်လေလား.
ဒါမှမဟုတ် ဘုန်းကြီးလေလားမတွေးတတ်တော့။၎င်း အဖိုးအိုကြီးများသည်မိမိတို့ရဲ့ဝတ်ဆင်ထားသောသင်္ကန်းများကိုအထူးဆန်းအဖြစ်အတော်
များများဝိုင်းကြည့်နေကြ၏။အံ့ဩသောအမူယာတို့ဖြင့်၎င်း တချို့မိမိတို့အနီးမှာလာ၍ပိုက်ဆံတောင်းကြ၏။ခွက်လေးရှေ့ချကာပိုက်ဆံတောင်းနေကြသော
သက်ကြီးရွယ်အိုများတို့ဖြင့်များပြားစွာတွေ့ရှိရ၏။
ဩော် မဇ္ဈိမသားတို့ရယ်လို့ အတွေးလေးတခုရင်ထဲမှာဖြစ်တည်ပြီး.ကားပေါ်သို့တတ်ကာ
ရာဇဂြိုဟ်မြို့နာလန္ဒာတက္ကသိုလ်သို့ ကားလေးသည်အပြေးလေးမောင်းထွက်ကာခရီးဆက်လိုက်ရတော့၏။။

Saturday, February 5, 2011

မြို့ရာဇဂြိုဟ်သို့ဒုတိယမ္ပိအကြိမ်ရောက်ရှိခြင်း


ဂိဇ္ဈကုဋ်တောင်အနီးတွင်မြတ်စွာဘုရား၏ကျောင်းတော်ရာ
ဒုက္ကရစရိယာကျင့်သောဥရုဝေလတောမှအပြန်ကားသမားအားဂိုက်ဆရာ အရှင်ဇနကမှ ရာဇဂြိုဟ်သို့ဆက်လက်သွားကြဘို့ပြော၍ ကားသမားအားညှိလိုက်ရာ ရူပီးငွေ ၁၈၀၀ ဖြင့်အဆင်ပြေခဲ့တော့၏.။ထိုမှဆက်လက်၍ တောင်ငါးလုံးကာခိုရာဇြ၈ိုဟ်သို့မြတ်စွာဘုရား( )၀ါမြောက်ဝါဆိုတော်မူရာကျောင်းတော်ရာရှိသည်.။ကားကလေးသည်လည်းအချိန်ကိုသိနေသလို ခပ်မြန်မြန်လေးဖြင့် မကြာခင်တောင်ငါးလုံးပတ်ချာဝိုင်းလျှက်ရှိသည်.။ကားပေါ်မှတောင်ရိုးတောင်တန်းမှားဖြင့်မြို့ရာဇဂြိုဟ်၏ သရုပ်ကိုဖေါ်ထုပ်ပေးနေသည်.မိမိငယ်ရွယ်စဉ်အခါက ပါဠိတော် အဌကထာများသင်ခဲ့ဘူးသည်.လေ့လာဆည်းပူးဘူးသည်။ဆရာတော်တွေတရားဟောတာနာဘူးသည် ယ္ခုမူ တောင်ငါးလုံးကာခို မြို့ရာဇဂြိုဟ်အားထပ်မံရောက်ရှိတော့မည်..။
ဆောင်းရာသီမို့ နှင်းဖြူဖွေးဖွေးတို့ဖြင့်တောင်တန်းကိုမပီဝိုးဝါးခဲ့.နှင်းများဖုံးလွှမ်းနေခြင်းသည်လည်းတောင်ရိုးတောင်တန်းမှားကို
သာ၍ကြည့်လို့တမျိုးကောင်းသည် ဟုတွေးမိနေသည်.။စိတ်အာရုံတို့သည်ကား.ဒေ၀ဒတ်သည် မြတ်စွာဘုရားအားကျောက်မောင်းဆင်သော ဂိဇ္ဈကုဋ်တောင်သို့ အာရုံရောက်လို့နေပြီ အရှင်ဒေ၀ဒတ်သည် မြတ်စွာဘုရားအားသေစေလိုသော စိတ်ဆန္ဒဖြင့် အသက်ဇီဝိန်ခြွေခဲ့သည်။သို့သော် မြတ်စွာဘုရား၏တန်ခိုးရှိန်စော်အာနုဘော်ကြောင့် သေစေလိုသောလည်း ခြေမသွေးစိမ်းတည်ခဲ့သည်.။ခေတ်စကားတွေရှိသည် ဒေ၀ဒတ်လိုမယုတ်မာနှင့်ဟု ရှေးလူကြီးများစာဆိုစာဖွဲ့ခဲ့ကြသည်.။အရှင်ဒေ၀ဒတ်သည် ယ္ခုအချိန်ဝယ် လောဟကုမ္ဘီငရဲ၌ ခံနေရသည်.။အဖြေကြည့်သော် အာဏာရလိုမှုတခုတည်း.။၎င်းအာဏာသည် သူ့အားဒဏ်ခတ်စေခဲ့သည်.။အမှန်စင်စစ်ဇစ်မြစ်ကြည့်သော် အာဏာသည် ထိုက်တန်မှသာကောင်း၏.။သူ၏ တပည့်အရှင်ဇာတသတ်သည်လည်း အဖေအားခြေကိုဒါးခွဲ ရှားမီးခဲကင်ကာထောင်ထဲအကျဉ်းကျစေသည်.အမှန်အားဖြင့်အာဏာရလိုမှုသည် ဖအေကိုသတ်ဘို့ဝန်မလေး.ဖအေ သတ်ဘို့ဝန်မလေးဟု ဆိုခဲ့သော အခြားသောမျက်နှာစိမ်းကိုကားမတွေးရဲ.သူသည်လည်းလူပေါင်းမှားခဲ့လေပြီ ဆရာဒေ၀ဒတ်ကို အထင်ကြီးသည် ကိုးကွယ်သည် ဆရာဒေ၀ဒတ်သည်အဖေကိုသတ်ဘို့အမိန့်ပေးသည် သူသည်လည်းဘုရားကိုသတ် တပည့်ဖြစ်သူအဇာတသတ်အားအဖေကိုသတ်ခိုင်းစေသည်.။လူပေါင်းမှားခဲ့လေပြီ.။
်ထိုရာဇဂြိုဟ်မြို့သည် ယနေ့ထက်တိုင်ဗိမ္မိသာရ ထောင်ချသောနေရာနှင့် သူ၏ ဘဏ္ဍာတော်တိုက်တို့မှာတွေ့မြင်နိုင်၏..။လွန်ခဲ့သော၃ နှစ်ခန့်ကရောက်ခဲ့ဘူးသည်တို့ကိုပြန်လည်တွေးတောရင်းအတွေးစကိုဖြတ်နေချိန် အပြင်မှ တိုက်ခတ်လာသောလေအေးတချက်ကြောင့်အတွေးစကိုဖြတ်ကာ ကားကလေးသည်လည်း ဝေဘာရတောင်.ပဏ္ဍ၀တောင်.ဝေပုလ္လတောင်.အိသိဂိလိတောင်နှင့်ဂိဇ္ဈကုဋ်တောင် အရောက်တွင် ကားကလေးသည်အချိန်ပြည့်လို့ရောက်ပြီလို့ မိမိတို့အဖွဲ့အားသတိပေးကာထိုးရပ်လိုက်တော့၏.။ကားပေါ်မှဆင်းခဲ့ကြသည်.မြတ်စွာဘုရားအား ဒေ၀ဒတ်သည် ကျောက်မောင်းဆင်ရာ ဂိဇ္ဈကုဋ်တောင်ပေါ်သို့ စတီးဓါတ်ကြိုးဖြင့်တတ်ရ၏ ခြေလျင်တတ်လို့လဲရ၏.မြတ်စွာဘုရားကျောင်းတော်ရာသည်လည်းတွေ့မြင်ခဲ့ရသည်.။ထိုတောင်ထိပ်တွင်
ဂျပန်နိုင်ငံမှတည်ထောင်လှူဒါန်းထားသော ကမ္ဘာငြိမ်းချမ်းရေးစေတီတော်တဆူတည်ထားကိုးကွယ်ထားသည်.။၎င်း ရာဇဂြိုဟ်မြို့သည် ဂျိမ်းဘာသာနှင့်ဗုဒ္ဒဘာသာတို့ ခေတ်ပြိုင်ပေါ်ထွန်းခဲ့သည်။
ဗိမ္ဖိသာရနှင့်အဇာတသတ်
မြတ်စွာဘုရားလက်ထက်တော်က အင်အားကြီးသောနိုင်ငံကြီး ၄ ခုရှိသည်။ မဂဓတိုင်း ရာဇဂြိုဟ်မြို့။ကောသလတိုင်း.သာဝတ္ထိမြို့။ဝစ္ဆတိုင်း.ကောသမ္ဖီမြို့။အ၀န္တိတိုင်း ဥဇ္ဇေနီမြို့တို့ဖြစ်ကြသည်.။
ဆက်လက်တင်ပြပါမည်ဆိုတာ..

Wednesday, February 2, 2011

အမေပြောခဲ့ဘူးခဲ့တဲ့ ဦးတော်.



ငယ်စဉ်ကလေးဘ၀အရွယ်.. ဘာမှမသိနားမလည်သေးတဲ့အရွယ်တုန်းက အမေ အမြဲမှာတဲ့ စကားလေးတစ်ခွန်း သတိရမိပါတယ်။ ဘုရားစင်(ဘုရားကျောင်းဆောင်)ရှေ့ရောက်ရင် သားရေ.. လက်လေးနှစ်ဖက်ကိုပူးပြီး ဦးတော်လုပ်ရတယ်ဆိုပြီး နှဖူးနဲ့ကြမ်းပြင်ကို ထိပြီး ရှိခိုးဖို့ အမြဲမှာတယ်။ လမ်းမှာ ရဟန်းသံဃာတွေ တွေ့ရင်လည်း လက်အုပ်လေးချီပြီး သားရေ.. ဦးတော်လုပ် ဦးတော်လုပ်။ ညအိပ်ရာဝင်ရင်လည်း ဖေဖေနဲ့မေမေကို ဦးတော်လုပ်အိပ်ရတယ်ဆိုပြီး အမြဲမှာခဲ့တယ်။ အသက်အရွယ်အနည်းငယ်ရောက်လာပြီး ကျောင်းစနေတဲ့အချိန်တုန်းကလည်း ဆရာဆရာမတွေ အခန်းထဲဝင်လာရင် လက်အုပ်လေးချီပြီး မင်္ဂလာပါဆရာမ ဆိုပြီး နှုတ်ဆက်ရပြန်ပါတယ်။ အမေမှာကြားတဲ့ ဦးတော်လုပ်ရတယ်ဆိုတဲ့ စကားလုံးနဲ့တော့ ရင်းနှီးခဲ့တာ ကြာခဲ့ပါပြီ။ ဦးတော်လုပ်ရတဲ့အကြောင်းကိုတော့ သေချာနားမလည်ခဲ့မိပါဘူး။ ဘာလို့လုပ်ခိုင်းရတာလဲပေါ့။ အသက်အရွယ်လေး နည်းနည်းကြီးလာပြီး သိတတ်နားလည်တတ်တဲ့အချိန်ကျမှ အမေဦးတော်လုပ်ခိုင်းတဲ့ ပုဂ္ဂိုလ်တွေဟာ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်တွေ ဆိုတာ သိလာရပါတယ်။ ဘာလို့ကျေးဇူးရှိရတာလဲဆိုတာတော့ သေချာမသိခဲ့ရပြန်ပါဘူး။ ဒီလိုနဲ့ ဘာမှန်းမသိဘဲ ဦးတော်လုပ်ခဲ့တာ ကြာခဲ့ပြီပေါ့။

ဦးတော်အကြောင်းစဉ်းစားရင်း ဆရာတော်တစ်ပါး မေးလိုက်တဲ့ မေးခွန်းနဲ့မှ ကိုယ်စဉ်းစားတာ သွားတိုက်ဆိုင် နေပါတယ်။ ဆရာတော်ဘုရားကမေးပါတယ်.. ဘာလို့ ဘုရားကို ရှိခိုးတာလဲတဲ့။ တန်ခိုးကြီးလို့လား၊ ကိုယ်က အကုသိုလ်တွေ ဘယ်လောက်လုပ်လုပ်.. ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်တွေကို ကျေအေးပေးစေနိုင်တဲ့ပုဂ္ဂိုလ် မို့လို့လား၊ ဒါမှမဟုတ်.. အရာရာကို ဖန်းဆင်းပေးနိုင်တဲ့ တန်ခိုးရှင်မို့လို့ အားကိုးရှာတာလား၊ လူကြီးမိဘတွေက ဘုရားဆိုရှိခိုးလိုက် ဆိုလို့သာ ရှိခိုးနေရတာလား ဆိုပြီး လားပေါင်းများစွာနဲ့ ဆရာတော်က မေးခွန်းတွေ ထုတ်လိုက်ပါတယ်။ ဒီတော့မှာ့ ကိုယ့်ကိုယ်ကိုလည်း ဘုရားကိုရှိခိုးနေတာ ဘာအတွက်လဲဆိုပြီး စဉ်းစားမိတယ်။ ဦးငါးကြိမ်သာ ချလိုက်တယ် ဘာကိုရည်ညွှန်းပြီး ဘာအတွက် ချတာလဲ။ ဘုရားရှိခိုးဆိုရင် ဘုရားရှင်ရဲ့ပုံတော်ကြီးမျက်စိထဲမြင်ပြီး ရှိခိုးနေတာလား..။ ဒီလိုဆို စေတီတော်တွေသွားပြီး ဘုရားဖူးရင် ဘယ်ဟာကို မျက်စိထဲမြင်ပြီး ရှိခိုးရမှာလဲ..။ ဘုရားပုံတော်လား၊ စေတီတော်ပုံလား။ အဲ့လိုမေးလိုက်တော့ ကိုယ့်မှာ စဉ်းစားစရာတွေက အများကြီး ထွက်လာပါတယ်။

ကိုယ်ကသာအများကြီး စဉ်းစားနေတာ ဆရာတော်ပြောတော့လည်း ရှင်းလင်းလိုက်ပါဘိ။ ဘုရားကိုရှိခိုးတာဟာ ကျေးဇူးရှိလို့ ရှိခိုးတာ။ ဘယ်လိုရှိခိုးကန်တော့ရလဲဆိုတော့ ကျေးဇူးသိပြီး ကျေးဇူးတရားကို တန်ဖိုးထားတဲ့စိတ်ကို နှလုံးသွင်းပြီး ကန်တော့ရတယ်တဲ့။ မှန်လိုက်ပါဘိ။ အင်မတန် မှတ်သားသင့်တဲ့ စကားပါပဲ။ ဒီတော့ ကျေးဇူးတရားကို ဘယ်လိုတန်ဖိုးထားရမလဲ။ ဘယ်လိုတွေ ကျေးဇူးရှိတာလဲဆိုတာသိဖို့အတွက် အရေးကြီးပြီပေါ့။ ဘုရားရှင်ရဲ့ကျေးဇူးတွေကို နားမလည်ရင် ဘုရားကိုတန်ဖိုးထားရမှန်းလည်း မသိသလို.. ဦးတော်လုပ်နေတာတွေဟာလည်း ပုဆိန်ပေါက်သလိုပဲ ဖြစ်နေအုံးမှာပါ။ ဦးငါးကြိမ်သာပြီးသွားတယ် ဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကို ရည်ညွှတ်တဲ့စိတ်တွေက ပျောက်နေမှာပါပဲ။ ဘုရားကိုရည်ညွှတ်တဲ့ စိတ်တွေပျောက်နေရင်လည်း ဦးတော်လုပ်နေတာဟာ ဘုရားကိုကန်တော့တာ မဟုတ်တော့ပြန်ပါဘူး။ ဒီတော့ ဘုရားကန်တော့တတ်ဖို့ဆိုရင်.. ကျေးဇူးတရားကိုသိအောင် အရင်ဆုံး နှလုံးသွင်းတတ်ဖို့ အရေးကြီးပြီပေါ့။

ကျေးဇူးတရားကို သိဖို့ပြောမိတော့.. မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသရဲ့ ဆုံးမစကားလေးကို သတိရမိပါတယ်။ “အကယ်၍သာ မြတ်ဗုဒ္ဓသည်၊ လူ့ရွာထင်ရှား၊ မပွင့်ငြားက၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ” တဲ့။ ဒါဟာ ဘုရားရှင်ရဲ့ကျေးဇူးတရားတွေကို မြင်သာအောင် မီးမောင်းထိုးပြပေးလိုက်တဲ့ အဆုံးမစာသားပါပဲ။ မြတ်ဗုဒ္ဓသာ ကုသိုလ်အကုသိုလ်တွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို အကြောင်းအကျိုးဆက်စပ်ပြီး ဝေဖန်ပိုင်းခြား ဆုံးမမပေးခဲ့လျှင် သတ္တလောကကြီးဟာ လူ့တိရိစ္ဆာန်ဘ၀တွေနဲ့ ဘာမှထူးခြားသွားမှာ မဟုတ်ပါဘူး။ မိဘဆိုတာနားမလည်၊ ဆရာဆိုတာ တန်ဖိုးထားရမှန်းမသိနဲ့ ကျေးဇူးရှင်ဆိုတာလည်း အလကားထင်သွားမှာပါပဲ။ ဒီ့အပြင် လူ့ဘ၀ကို ရရှိလာတာဟာ ပျော်ပျော်နေပြီး ကာမဂုဏ်အာရုံတွေခံစားဖို့လို့ ထင်သွားမှာပါ။ မွေး၊ အို၊ နာ၊ သေဆိုတဲ့ ဒုက္ခတွေနဲ့ မပြတ်နှိတ်စက်နေတဲ့ကြားထဲက လောဘ၊ ဒေါသ၊ မောဟမီးတွေ တဟုန်းဟုန်း တောက်လောက်နေကြမယ်ဆိုရင်ဖြင့် အပူပေါ်အပူဆင့်ကြရအုံးမှာပါ။ မိုက်ပြီးရင်း မိုက်ရင်း အမှောင်သံသရာထဲမှာ ကျင်လည်ကြရအုံးမှာပါ။ အိပ် စား ကာမဆိုတဲ့သုံးခုနဲ့တင် လူ့ဘ၀ကြီးကို အသုံးချသွားကြရတော့မှာပါ။

ယခုအချိန်ခါမှာလည်း ဘုရားရှင်ရဲ့ တရားနဲ့ ဝေးကွာနေတဲ့သူတွေဟာ ဒီလိုတွေပဲဖြစ်နေတာကို မျက်မြင်တွေ့နေရတာပါ။ ဗုဒ္ဓဘာသာဝင်လို့ ခံယူထားတဲ့ ဗုဒ္ဓဘာသာဝင်တွေမှ မဟုတ်ပါဘူးနော်.. ဘယ်ဘာသာဝင်ပဲ ဖြစ်နေပါစေ.. အရှက်တရား အကြောက်တရားဆိုတာ ကင်းမဲ့ပြီးတော့ ပျော်လိုက်ပါးလိုက် မူးလိုက်ရူးလိုက်နဲ့ ဘ၀ကိုအကျိုးမဲ့ အသုံးချသွားမယ်ဆိုရင် တိရိစ္ဆာန်တစ်ကောင်နဲ့ ဘာမှမထူးပါဘူး။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ လူသားချင်းစာနာထောက်ထားတတ်တဲ့ ကိုယ်ချင်းစာတရားတွေမှ မရှိရင်ဘယ်လောက်ကြီးပဲ တိုးတက်ပါတယ်ပြောပြော.. ဘယ်လောက်ကြီးပဲ ကြွယ်ဝချမ်းသာပါတယ်ပြောပြော လူ့အဆင့်တန်း တိုးတက်တယ်လို့ကို မဆိုနိုင်ပါဘူး။ အမြဲနိမ့်ကျနေတယ်လို့ ဆိုရမှာပါပဲ။ လူ့ဘ၀ရဲ့အနှစ်သာရ လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်တွေ နားမလည်ရင် လူ့ဘ၀ရဲ့အဓိပ္ပါယ်ကို သဘောမပေါက်ရင်တော့ အဲ့ဒီ့ပုဂ္ဂိုလ်ဟာ လူဖြစ်ရက်နဲ့ တိရိစ္ဆာန်တစ်ကောင်ဘ၀ကို ရောက်နေရတာပါပဲ။

သီတဂူဆရာတော်ဘုရားကြီး ဆုံးမစကားနဲ့ ပြောရရင်တော့ “နွားတွေဟာ တနေ့တခြား အသားတွေသာတိုးပြီး အသိဥာဏ်တိုးမလာကြဘူး.. နွားလိုမဖြစ်ချင်ရင်တော့ အသားတိုးသလို အသိဥာဏ်ပညာတွေ တိုးအောင်လုပ်ကြ” ဆိုတာပါပဲ။ “အသိဥာဏ်ပညာဆိုတာ အမှားအမှန် အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်တာကို ဆိုလိုတာပါ”။ မှား၏ မှန်၏ တော်၏ မတော်၏ကို ဝေဖန်ပိုင်းခြားပြီး လူ့ဘ၀ကို အဓိပ္ပါယ်ရှိရှိ နေထိုင်ကျင့်ကြံနေတာဟာ အသိဥာဏ်နဲ့ နေထိုင်နေတာပါပဲ။ ဒီလိုအသိဥာဏ်နဲ့ နေထိုင်တတ်လာအောင် လူ့ဘ၀ကို တန်ဖိုးထားတတ်လာအောင် ဆုံးမပြုပြင်ပေးခဲ့တဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကတော့ အနန္တပါပဲ။ ဒီလိုကျေးဇူးတရားတွေမြင်ပြီး ဘုရားရှင်ကို ကန်တော့မှသာ ကျေးဇူးသိပြီး ကန်တော့တဲ့အတွက် တကယ်ကန်တော့တတ်လာမှာပါ။

ကျွန်တော့်အနေနဲ့ ဘုရားရင်ရဲ့ ကျေးဇူးတရားတွေကို အနည်းငယ်မြင်သာအောင်သာ ပြောပြလိုက်တာပါ။ ဖြန့်တွေးနိုင်ရင် တွေးနိုင်သလောက် ဘုရားရှင်ရဲ့ ကျေးဇူးတော်တွေက အနန္တပါပဲ။ အဓိကပြောလိုတာကတော့ ဘုရားရှင်ကိုကန်တော့တဲ့အခါမှ ကျေးဇူးသိပြီး ကျေးဇူးတရားကို တန်ဖိုးထားတတ်တဲ့ စိတ်ထားတွေနဲ့ ကန်တော့တတ်ဖို့ပါ။ လက်အုပ်လေးချီပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အာရုံပြုပြီးတော့. ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမခဲ့လိုသာ တိရိစ္ဆန်တစ်ကောင်ရဲ့ဘ၀နဲ့ ဘာမှမထူးတဲ့ ငါ့ဘ၀လေး လူ့ဘ၀မှာ နေရတာ ပိုပြီး အဓိပ္ပါယ်ရှိလာပါလား.. လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အပူမီးတွေကနေ ကင်းဝေးစေရန် ဟောပြဆုံးမပေးခဲ့တာဟာ အင်မတန်မှပဲ စိတ်ကိုနူးညံ့အေးချမ်းစေပါလားဆိုပြီး ကျေးဇူးတရားတွေကို စိတ်ထဲမှာ ရည်ညွှတ်ပြီး ဘုရားရှင်ရဲ့ကျေးဇူးတွေ မြင်အောင် ကန်တော့ပေးနိုင်ကြပါစေ။ မိမိကိုယ်တိုင်လည်း ကိလေသာ အပူမီးတွေ ငြိမ်းအေးသလို.. သတ္တ၀ါအားလုံးကိုလည်း ကိလေသာအပူမီးတွေ ငြိမ်းအေးပေးစေတဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကို မြင်သိနိုင်အောင် နှလုံးသွင်းပြီး ရှိခိုးနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။ အမေပြောခဲ့တဲ့ ဦးတော်တွေ ပိုပြီး အသက်ဝင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…
မူရင်းက ဒီမှာ...www.dhammamitta.com/