အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, October 31, 2010

“ဗုဒ္ဒဘာသာဖြစ်ခဲ့သော တရားဓမ္မ”

အပ္ပမာဒေါ အမတံ ပဒံ. ပမာဒေါ မစ္စုနောပဒံ.။
အပ္ပမာဒေါ.မမေ့လျော့ခြင်းသည် (၀ါ)သတိပဌာန်တရားအမြဲရှုမှတ်သောသူသည်.
အမတံ.သေခြင်းကင်းသော (၀ါ)ဘယ်တော့မှမသေတော့တဲ့.ပဒံ.နိဗ္ဖာန်ရောက်ကြောင်းပေတည်း..။
ပမာဒေါ.မေ့မေ့လျော့လျော့နေသောသူသည်.(၀ါ)သတိပဌာန်တရားမရှုမှတ်သောသူသည်.
မစ္စုနော.သေခြင်း၏ (၀ါ)ဘယ်တော့မှသေလို့မဆုံးနိုင်တဲ့.ပဒံ.အကြောင်းတည်း..။။
အို..ဘုရင်မင်းကြီး.အပ္ပမာဒတရားသတိပဌာန်ဆိုတဲ့တရားကိုမှတ်သောသူသည်.သေခြင်းကင်းသောနိဗ္ဖာန်သို့ ရောက်ရသည်.။အပ္ပမာဒတရားသတိပဌာန်တရားမရှုမှတ်သူသည် သေလို့မဆုံးနိုင်သောသူဖြစ်သည်. ဟောကြားလိုက်သောအခါ ဘုရင်ကြီးသည်သေမှာကိုကြောက်သောသူဖြစ်၍ အပ္ပမာဒတရားလက်ကိုင်ထားသူသည် သေခြင်းကင်းသောနိဗ္ဖာန်သို့ရောက်မည် ဟု သိရသောအခါ ငါ သည်အပ္ပမာဒတရားလက်ကိုင်ထားပြီးသတိပဌာန်ကိုရှုမှတ်တော့မည်ဟု.သေရမှာကိုကြောက်သောကြောင့် ဗုဒ္ဒဘာသာဝင်ဖြစ်လာတော့၏..။။
ဒီနေရာမှာအတွေးလေးတခု ဖြစ်မိပါရဲ့..ဘုရင်ကြီးသည် သူ၏စည်းစိမ်များက လူသာမန်တို့ထက်များပြားရကား.သေရမှာကို လူသာမန်များထက်ပို၍ကြောက်ပုံရ၏.ခု..ခေတ် သူဌေးသူကြွယ်တို့သည်လည်းလူသာမန်များထက်သေရမှာကိုကြောက်သည်ဟု ဆိုနိုင်သည်..။။
ဘုရင်ကြီး ဗုဒ္ဒဘာသာဝင်ဖြစ်လာသောကြောင့်သာသနာတော်ကို အလွန်ကြည်ညို၍ ကိုရင်လေးအားမနက်ဆြန်ခါ ဆွမ်းစားသံဃာတော် (၃၂ )ပါးပင့်၍နန်းတော်သို့ကြွပါဟု..ပင့်ဖိတ်သည်.။ကိုရင်လေးသည်လည်း..(၃၂)ပါးသောသံဃာတော်များပင့်ကာနန်းတော်သို့ကြွသည်..ဆွမ်းဘုဉ်းပေးသည်..ဘုရင်ကြီးသည်.
ဆွမ်းဘုဉ်းပေးနေသည်ကို.အလွန်ကြည်ညိုလေတော့၏..ပစ္စေဝေက္ခဏာဆင်ခြင်ခြင်း..အိနြေ္ဒတို့ဖြင့် တည်တည်ညိမ်ညိမ်ဘုဉ်းပေးနေသည်ကို..ဘုရင်ကြီး၏ ရင်ထဲမှာ ကြည်ညိုစိတ်တို့သည်ကား…ပြောလို့မကုန်နိုင်တော့..နောက်တနေ့ ဆက်လက်၍ပင့်ဖိတ်ပြန်သည် (၃၂ ) ပါးထပ်တိုး၍ ပင့်..နေ့စဉ် ( ၃၂ )ပါး အမြဲတိုးတိုးပင့်ခဲ့ရာမှ နောက်ဆုံးတွင်သံဃာတော်ပေါင်းခြောက်သောင်း ပင့်၍ ဆွမ်းကျွေးလေတော့၏.။။
ယ္ခု…တရားဟောဓမ္မကထိကဆရာတော်များဟောပြောနေသောဓမ္မက္ခန္ဒာပေါင်းရှစ်သောင်းလေးထောင် ရှိသည်ဟု သိရသောအခါတွင်မူ ရှစ်သောင်းလေးထောင်အရေအတွက်ကိုရည်စူးပြီး..ကိုးဆယ့်ကိုးကုဋေသောဘဏ္ဍာငွေတို့ကိုယူစေ၍ သံဃာတော်များနေထိုင်ရန် မြို့ကြီးမြို့ငယ်တို့မှာ ကျောင်းပေါင်း..ရှစ်သောင်းလေးထောင်.ရေတွင်းပေါင်းရှစ်သောင်းလေးထောင်.တို့ဆောက်လုပ်စေ၍ သာသနာတော်သို့လှူဒါန်းသည်..။။
ဘုရင်ကြီးလှူါးန်းသော.ယ္ခု (ပတ္တနား. )နဂိုရ် ပါဋလိပုတ်နေပြည်တော်မှာအာသောကာရုံကျောင်းကြီးမှာအရှင်မဟာမောဂ်ဂလိပုတ္တတိဿမထေရ်
သီတင်းသုံးတော်မူ၏..။ထိုအရှင်ထေရ်သည်လည်းရဟန္တာမြတ်ကြီးတည်း..။။
သီရိဓမ္မာသောကမင်းကြီးသည်.အရှင်မဟာမောဂ်၈လိပုတ္တတိဿမထေရ်မြတ်အား..မြတ်စွာဘုရား
သက်ရှိထင်ရှားလက်ထက်တော်မှာ တပည့်တော်လောက်လှူဒါန်းသောသူရှိပါသလား.ဟု လျှောက်ထား၏.အရှင်မြတ်မှလည်း အသင်ဘုရင်မင်းကြီးလောက်လှူဒါန်းသူမရှိကြောင်းပြန်လည်ဖြေကြားတော်မူ၏..။။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်မှာ အနာထပိဏ်သူဌေးကြီးသည် အလှူဒါန်းဆုံးဖြစ်၏.။ သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်ကြီးကိုဆောက်လုပ်ရန်မြေ၀ယ်သောတန်ဖိုးသည် ဆယ့်ရှစ်ကုဋေပေးရသည်.။၎င်း..မြေပေါ်မှာကျောင်းဆောက်ရာ ဆယ့်ရှစ်ကုဋ္ဋေ ကုန်ကြသည်.။၎င်း ကျောင်းတော်ကြီးနှင့်ကျောင်းခြံကြီးကိုမြတ်စွာဘုရားအားလှူဒါန်းရာပွဲတော်ကြီးကို ကျင်းပရာ၌ ဆယ့်ရှစ်ကုဋေ ကုန်သည်.။အားလုံးပေါင်း.ဤ အလှူတော်ကြီးမှာ ငါးဆယ့်လေးကုဋေကုန်ကြလေ၏.။
အသင်ဒါယကာကြီးသည် ကိုးဆယ့်ကိုးကုဋေ လှူဒါန်းခြင်းကြောင့် အနာထပိဏ်သူဌေးထက်ပင်များပေသည်.ဟုပြောဆိုလိုက်သောအခါ သီရိဓမ္မာသောကမင်းကြီးသည် အရှင်ဘုရား ဤသို့ဆိုလျှင်တပည့်တော်သည်အလှူဒါန်းဆုံးဖြစ်၍ သာသနာ့အမွေခံထိုက်ပြီလားဘုရား ဟု လျှောက်ထားလေ၏..။။
အရှင်မောဂ်ဂလိပုတ္တမထေရ်မြတ်ကြီးက ဒါယကာကြီး.သာသနာ့အမွေကိုမခံထိုက်ပါ….ထိုအခါ သီရိဓမ္မာသောကမင်းကြီးသည် အရှင်ဘုရားဤသို့ဆိုလျှင် သာသနာ့အမွေခံထိုက်ရန်မည်သို့လှူဒါန်းရမည်နည်းဟု လျှောက်ထားသောအခါ အ၇ှင်မြတ်ကြီးမှ ဒါယကာကြီး.မိမိရင်မှဖြစ်သော သား၊ မြေး သူတပါးရင်မှဖြစ်သောသား.မြေးတို့ကို ရှစ်ပါးပရိက္ခရာစုံလင်စွာဖြင့် အံ့ဖွယ်ရှစ်ဖြာသာသနာအတွင်းသို့ သွတ်သင်းလှူဒါန်းမှသာလျှင် သာသနာ့အမွေကိုရသည်ဟု ဟောကြားလိုက်သောအခါ..သီရိဓမ္မာသောကမင်းကြီးသည်.သားတော်မဟိန္ဒ နှင့်သမီးတော်သင်္ကမိတ္တာတို့ကိုသာသနာတော်အတွင်းသို့ရှင်…ရဟန်းအဖြစ်သွတ်သွင်းလှူဒါန်းလိုက်လေ၏.။။
သီဟိုဠ်ကျွန်းသို့သွား၍ပထမဆုံးသာသနာပြုသောသူမှာ ဤ မဟိန္ဒ ပင်ဖြစ်လေတော့၏.။။
ထို့ ကြောင့် သာသနာအစ သီရိဓမ္မာသောကမင်းကြီးက ဟု ဆိုသော်..မှားအံ့မည်မထင်..သူ၏ ရင်ထဲမှာ နိဂြောဓသာမဏေ ဆိုသည့် ကိုရင်ငယ်လေးကိုအကြောင်းပြုပြီး..ဗုဒ္ဒဘာသာဖြစ်လာတော့၏..။
သူ..၏ အတွေးစတို့သည်လည်း.ကောင်းသောတွေးဆတတ်၍ ဘာသာသာသနာကို ကြည်ညိုလေးစားတတ်လာခြင်းပင်ဖြစ်၏..။။သူတော်ကောင်းတရားဓါတ်ခံရှိသူတို့သည်..
တလုံးတပါဒဖြစ်စေကာမူ..ဆင်ခြင်သော.အသိဥာဏ်ဖြင့်..ယ္ခု..မူ..နိဂြောဓသာမဏေကိုရင်လေးသည်..
အပ္ပမာဒေါ အမတံ ပဒံ ပမာဒေါ မစ္စုနော ပဒံ .ဟူသော..၈ါထာလေးဖြင့် သီရိဓမ္မာသောကမင်းကြီးသန္တာန်ဝယ်…သေရမည်ကိုကြောက်လွန်းရကား…
ယနေ့ ကြားနေရသော ..ရေကန်ပေါင်း..၈၄၀၀၀..စေတီပေါင်း..၈၄၀၀၀ ကျောင်းပေါင်း.၈၄၀၀၀လှူဒါန်းသောသူမှာ.သီရိဓမ္မာသောကမင်းကြီးပင်..ဖြစ်လေ၏..။။

ပြေး၍မတင့်တယ်သူ ( ၄ )မျိုး.

( ၁ )ရှင်. ရဟန်း.( ၂ )မိန်းမ. ( ၃ )ဘုရင်..( ၄ )ဘုရင်၏စီးတော်ဆင်.
တို့သည်.ပြေး၍ မြန်မြန်သွား၍ မတင့်တယ်အပ်.။။
ရဟန်း..မိန်းမ.တ၀ ရှင်ဘုရင်.စီးတော်ဆင် ပြေးလျှင်မတင့်တယ်.ဟု.ငယ်စဉ်က
ဆရာသမားရဲ့သြ၀ါဒ ကြားနာမှတ်သားဘူး၏..။
ရှင်းလင်းအံ့…ရှင် ရဟန်းများသည်ပြေးလွှား၍သွားလျှင်မတင့်တယ်ပါ..။
မိန်းခလေးများသည်လည်းပြေးလွှား၍သွားလျှင်မတင့်တယ်ပါ..။
ဘုရင်သည်လည်းမြို့ထဲရွာထဲ၍ပြေး၍သွားလျှင် ဤဘုရင်ကြီးသည်ဘယ်ကရန်သူနှင့်တွေ့၍ပြေးသနည်းဟု ပြည်သူလူထုတို့မြင်ကာ မတင့်တယ်ပါ.။
ဘုရင်စီးတော်ဆင်သည်လည်း.မြို့ထဲရွာထဲ၍ပြေးလွှား၍သွားလျှင်လည်း ဤဆင်ကြီးသည် ဘယ်တိုက်ပွဲ၍ ရှုံးနိမ့်၍ထွက်ပြေးလာသနည်းဟုထင်၍ မတင့်တယ်ပါ..။
နိဂြောဓသာမဏေသည်လည်း အချက် လေးချက်ကိုသိ၍နှေးနှေးလေးပင်လိုက်ခဲ့ခြင်းဖြစ်၏.။ကိုရင်နှေးနှေးလေးလိုက်လာသည်ကိုဘုရင်ကြီးမြင်လျှင် ဤကိုရင်သည်တော်တော်ထူးသောကိုရင်ဖြစ်ရမည် ဟုဘုရင်ကြီးတွေးထင်မိသည်.။ ဒီနေရာမှာ.
ဘုရင်ကြီးရဲ့သန္တာန်မှာ.သူတော်ကောင်းဓါတ်ခံကိန်းပြီးဖြစ်၍လား..ကိုရင်လေးသည် ဘုရင်ကြီးအားပညာပြလေရော့လား..စိုးစဉ်းမျှမဟုတ်.ဘုရားသားတော်တို့မည်သည်.အိနြေ္ဒရင့်ကျတ်သော..
သိက္ခာရှိစွာသောအပြုမူတို့ဖြင့် ဖေါ်ပြခဲ့သည်..။ဤ ဖေါ်ပြခြင်းကိုပင်.ဘုရင်ကြီး.ကြည်ညိုမှုတို့သည်ကား..သူ့ ရဲ့အတွေး သူရဲ့အမြင်ကား ထူးဆန်းသောသူ.ဟူ၍ တွေးမိသည်နှင့်တပြိုင်နက်.သူတော်ကောင်းတရားသူ့ရဲ့သန္တာန်မှာ.ကိန်းခဲ့လေပြီတည်း..။။
ဘုရင်ခေတ်မှာ ဘုရင်ကြီးကမြန်မြန်လိုက်ခဲ့ပါဆိုရင် ယောက်ျားဖြစ်စေ.မိန်းမဖြစ်စေ.ဘယ်သူမဆိုသတ်ပစ်မှာကြောက်၍ပြေး၍လိုက်လာကြသည်သာ.
ထို့ကြောင့်ဘုရင်ကြီးသည် ကိုရင်လေးလိုက်လာသည်ကိုတွေ့သောအခါ ဤ ကိုရင်သည်တော်တော်ထူးသောကိုရင်ဖြစ်သည်ဟု.တွေးမိ၏..မှတ်ယူမိ၏..။။
ကိုရင်လေး..နန်းတော်သို့ရောက်သောအခါ.ကိုရင်လေးကိုစမ်းသောအနေနဲ့ ကိုရင်လေး.ကိုရင်နှင့်သင့်တော်သောနေရာမှာနေပါ ဟု ပြောဆိုလိုက်၏.။ဤအချက်မှာလည်းသာမန်လူများအနေဖြင့်နေရာရွေးရန်အလွန်ခက်ခဲလှ၏.။
အဘယ်ကြောင့်ဆိုလျှင်ဘုရင်ကြီးထိုင်နေသောနေရာထက်ကောင်းသောနေရာ မြင့်သောနေရာ၍နေမိလျှင်ဘယ်သူမဆိုအသက်ခံရမည်ဖြစ်သည်..။ ထို့ကြောင့်သာမန်လူများသည်.နေရာရွေးရန်အလွန်ပင်ခက်ခဲပေမည်.
.ကိုရင်လေးနေရာရွေးပုံမှာတော့လူသာမန်များနှင့်မတူပေ..နေရာရွေးပုံမှာ ငါသည်.ဘုရားသားတော်ကိုရင်ဖြစ်၍ငါ့ထက်ကြီးသောဆရာတော်ကြီးများ နန်းတော်ထဲမှာရောက်နေရော့သလား ဟု ဟိုကြည့်ဒီကြည့် ကြည့်မိသောအခါ ဆရာတော်ကြီးများနန်းတော်ထဲမှာမရှိ.ဘုရင်ကြီးမှာ လူဝတ်ဖြစ်သည်.။။မူးကြီးမတ်ရာသေနာပတိကြီးတို့မှာလည်းအားလုံးလူဝတ်များပင်ဖြစ်ကြ၏. ဤကဲ့သို့တွေ့ရသောအခါ.နိဂြောဓသာမဏေသည် ပရိတ်သတ်အားလုံးလူဝတ်တွေချည်းဖြစ်၍ လူဝတ်များနှင့်စာလျှင် ငါသည်.ဤအထဲမှာငါသည်အကြီးဆုံးဖြစ်သည်ဟုသိလိုက်ရတော့၏.။။
ဒီနေရာမှာ ကိုရင်လေးတပါးရဲ့ စောင့်ထိန်းရသောသိက္ခာပုဒ်များကိုသိစေခြင်ပါ၏..
လိင် (၁၀ )ပါး..ဒဏ် (၁၀ )ပါး စုဒ္ဒကခန္ဒက၀ဂ် (၁၄ )ပါး သေခိယ ( ၇၅ )ပါး ပေါင်း.၁၁၉ ပါးဖြစ်၏.ထို့ကြောင့် ကိုရင်သည် ဤအထဲမှာငါသာအကြီးဆုံးဖြစ်၍ အကောင်းဆုံးထီးဖြူများမိုးထားသော ရာဇပလ္လင်ပေါ်မှာတက်၍ ထိုင်လေသည်..။ထိုအခါ ဘုရင်ကြီးသည် ရာဇပလ္လင်ပေါ်တက်ထိုင်သောကိုရင်အားအလွန်တရာအံ့သြသောအကြည့်ဖြင့်ကိုရင်ကိုပြောသည်.။
ကိုရင်..ကိုရင်ရဲ့ဆရာ သြ၀ါဒကို ကိုရင်သိပါလား.ဟု မေးသောအခါ ကိုရင်လေးက ..အို ဒကာဘုရင်မင်းကြီး…ကိုရင်ရဲ့ဆရာသြ၀ါဒကို ကိုရင်အကုန်တော့မသိပါ..။။နည်းနည်းတော့သိသည်ဟု.ပြောလိုက်လေ၏.ထိုအခါဘုရင်ကြီးက
ကိုရင်သိသည်ကို နည်းနည်းပါးပါးပြောပြပါဟု ပြောဆိုသောအခါ……
ဆက်လက်ဖတ်ရှုတော်မူပါ..ဆိုတာ…

သီရိဓမ္မာသောကမင်းကြီးရဲ့အတွေးစတခု..

သီရိဓမ္မာသောကမင်းကြီး၏အဖေမှာ ဗိန္ဒုသာရမင်းကြီးပေါ့..ထိုဗိန္ဒုသာရမင်းကြီး၏အဖေကတော့စန္ဒဂုတ္တမင်းဖြစ်၏.။၎င်းမင်းသည်
ဗုဒ္ဒဘာသာဝင်မဟုတ်ဗြဟ္မဏဘာသာကိုးကွယ်သည်။ တနေ့တနေ့လျှင်ပုဏ်ဏားခြောက်သောင်းဆွမ်းပင့်၍လှူဒါန်းသည်.။ကျွေးမွေးသည်.။
၎င်း..မင်းကြီးသေဆုံးသွားသော်..သားတော်ဗိန္ဒုသာရမင်းနန်းတတ်၍လာ၏..။
၎င်း..ဗိန္ဒုသာရမင်းကြီးသည်လည်း..အဖေ့ရဲ့အမွေအတိုင်းဆက်လက်၍ဗြဟ္မဏဘာသာကိုသာကိုးကွယ်သည်..
ထို့အတူ တနေ့တနေ့ ပုဏ်ဏားခြောက်သောင်း နန်းတော်သို့ပင့်ဆောင်၍ဆွမ်းကျွေးသည်..။ဗိန္ဒုသာရမင်းကြီးသေဆုံးသွားသောအခါတွင် သားတော်.သီရိဓမ္မာသောကမင်းနန်းတတ်လာ၍အဖေ့ပုံစံ အဖိုးရဲ့ထုံးတမ်းအတိုင်း..ဗြဟ္မဏဘာသာကိုသာကိုးကွယ်သည် ချဉ်းကပ်သည်.တနေ့တနေ့ ပုဏ်ဏားခြောက်သောင်းကိုနန်းတော်ထဲသို့ပင့်ကာဆွမ်းကျွေးသည်.ဗုဒ္ဒဘာသာမဟုတ်ချေ..။။
သီရိဓမ္မာသောကမင်းကြီးမှာတနေ့မှာပုဏ်ဏားများဆွမ်းစားနေသောအချိန်တွင်အတွေးတခုပေါ်လာသည်..။ ၄င်း..အတွေးမှာ..ငါ၏အဖေသည်လည်းထိုအလှူမျိုးလှုခဲ့၏..။ငါ၏..အဖိုးဖြစ်သူစည်လည်း.ထိုအလှူမျိုးလှူခဲ့၏.
.ငါသည်လည်း..ယ္ခု..ဤအလှူမျိုးကိုပင်လှူနေရချေ၏။ ။သို့သော်..အလှူတော့ စဉ်းစဉ်းစားစားလှူသင့်သည်..ဟု..အတွေးစတခု သူ့ရင်ထဲပေါ်လာသည်…။။
၎င်းအတွေးကို အတုယူသင့်သည်.တနည်း..အတုယူဖွယ်ကောင်းလှသည်..အလှူသည်.စဉ်းစဉ်းစားစားလှူမှသာ အကျိုးပို၍ရနိုင်သည်.။မင်း.ကြီးသည်.ဤသို့နေ့စဉ်လှူနေ၍ပုဏ်ဏားများထမင်းစားပြီးပြန်ကြသော နေ့တနေ့တွင်နန်းတော်အမြင့်ကြီးမှခပ်လှမ်းလှမ်းသို့အတွေးတခုနှင့်ကြည့်နေသောအချိန်တွင် နိဂြောဓသာမဏေကို ဘုရင်ကြီးမြင်လေသည်။ထိုအခါ ဘုရင်ကြီး၏စိတ်ထဲမှာအတွေးတခုပေါ်လာသည်..။။
လောက၍ သူတော်ကောင်းဆိုသည်မှာဒီလိုပုံစံမျိုးဖြစ်လေမလား..ဟု..ဘုရင်ကြီးတွေးထင်သည်.
ဘုရင်ကြီးသည်သူတော်ကောင်းဆိုသောစကားကိုကြားဖူးသိဖူးသော်လည်း..
သူတော်ကောင်းများသည်ဘယ်လိုပုံစံရှိသည်ကိုဘုရင်ကြီးမသိပေ.နိဂြောဓသာမဏေသည် ခေါင်းတုံးဖြစ်၍လူသာမန်များလိုဆံပင်ဆံထုံးမရှိပေ။မျက်စိမှာလည်းသူတပါးလို တောကြည့်တောင်ကြည့်မကြည့်ပဲ လေးတောင်ခန့်မျှသာကြည့်ပြီးငြိမ်သက်သောအိနြေ္ဒနှင့်သွားလာနေသည်..။
ဝတ်ထားသောအဝတ်မှာလည်း လူများကဲ့သို့ အစိမ်း.အပြာ.အ၀ါ စသည်ဖြင့်ဘာကာလာမျှရှုတ်ထွေးမှုမပါပဲ.
အ၀ါရောင်သင်္ကန်းဖြစ်သည်.။။သိမ်မွေ့သောအိနြေ္ဒရှိသော နိဂြောဓသာမဏေကိုမြင်၍ဘုရင်ကြီးသည်.သူတော်ကောင်းများဖြစ်လေမလားဆိုပြီး.
ဟဲ့..မင်းကြီးများ.တယောက်သောအမတ်ကို.နိဂြောဓသာမဏေကိုပြ၍ အဲဒီ ကိုရင်ကိုသွားခေါ်ချေ ဟု ခိုင်းလေ၏.။။ဤကိုရင်သည်.သူတော်ကောင်းဖြစ်လေသလား.သူတော်ကောင်းမဟုတ်လား.သိခြင်လို၍ဖြစ်၏.။
အမတ်ကြီးသည်လည်း..မဆိုင်းမတွသွားနေသည်ကို နှေးသည်ဟုထင်မှတ်..သိခြင်ဇောတို့သည်လည်းများနေရကား.နှေးသည်ဟုထင်ကာ.
.နောက်အမတ်တယောက်အား ခေါ်ကာ.၄င်း.အမတ်ကိုလည်း ကိုရင်ကိုပြကာ မင်းမြန်မြန်သွားခေါ်ချေ.ဟု ထပ်မံလွှတ်ပြန်သည်။ ထိုအမတ်ကြီးသည်လည်း ကိုရင်…ကိုရင်..ဘုရင်ကြီးကမြန်မြန်လိုက်ခဲ့ပါ ဟု ပြောလေသည်..။ကိုရင်လေးသည်လည်း.မြန်မြန်လိုက်ခဲ့ပါပြောသော်လည်း နှေးနှေးလေးပင်လိုက်လာသည်..။။
အဘယ်ကြောင့်ဆိုသော်.. ငါသည်..ဘုရားသားတော်ဖြစ်၍သာသနာ့ဝန်ထမ်းလည်းဖြစ်သည်။မြန်မြန်သွား၍မတင့်တယ်ဟု မြတ်စွာဘုရားဆုံးမထားသည်ဟု အသိဥာဏ်ရှိသောကြောင့်ဖြစ်သည်..။
ဤ နေရာ၍မြန်မြန်သွားလျှင်မတင့်တယ်သောသူ လေး မျိုးကိုမြတ်စွာဘုရားဟောထားတော်မူ၏..။။
ဆက်လက်တင်ပြပါမည်..။။

Friday, October 29, 2010

မဇ္ဈိမသုခကျောင်း၏အနာဂါတ်မှာ..


မမျှော်လင့်ပဲ မဇ္ဈိမသုခဆရာတော်မှ ဆွမ်းစားပင့်၍ ရောက်သွားမိပြန်တော့.တွေ့လိုက်ရတဲ့ မြင်ကွင်း.မျက်စိတွေတောင်လည်မိပါရဲ့လား..ဗျာ.ဆွမ်းစားပင့်တယ်ဆိုတော့မွေးနေ့လား..လို့ မေးပြန်တော့လဲ..မဟုတ်ပါဘူး..တဲ့ သံဃာတော်တွေတွေ့ခြင်ဖူးခြင်လို့ပါတဲ့..သူ.ရဲ့စိတ်ထား

နိုင်ငံခြားမှာ အလကားဆိုတာဘာမှမရတဲ့နေရာမှာ သူ..ရဲ့ စိတ်ထားလေးကြောင့်အကြိမ်ကြိမ်ရင်ထဲမှ

ကြိတ်ပြီးသာဓု ခေါ်လိုက်မိပါရဲ့လား..အင်း..သူကတော့ ကုသိုလ်ပေးလိုက်ရတာရသွားပြီ.ဒို့.များက မေတ္တာနဲ့ပြန်လည်ပေးဆပ်ရမှာပါလားဆိုပြီး..မေတ္တာကိုလည်း.စိတ်ထဲ ရင်ထဲက ပို့မိပါရဲ့လား..ဗျာ..

ကျောင်းကလဲ အို..ဆောက်ထားလိုက်တာ အကြီးကြီးပေါ့..နောင်တချိန်ရွှေမြန်မာတို့ဘုရားဖူးလာရင်တည်းခိုဖို့မခက်ခဲရလေအောင်ရယ်..

သံဃာတော်များမပင်မပန်းနေရလေအောင်

.မဟာစီမံကိန်းကြီးပေါ့..ကျောင်း..ပတ်ခြာလည်မှာတော့ .လည်ကွင်းများ..ဟိုနားတလုံး ဒီနားတလုံး တိုက်လေးများ..ခပ်ဝေးဝေးမနီးနားလေးမှ ဥသြတချက်ခပ်ရှည်ရှည်ဆွဲတာကြားလိုက်ရတော့ ..အော်..ရထားလမ်းနဲ့လဲနီးတယ်ဆိုတာသတိထားမိလိုက်ရဲ့..

နွေမှသည် မိုး..မိုးမှသည် ဆောင်း..ရာသီဥတုတွေပြောင်းလဲခဲ့ချေပြီ..အိန္ဒိယ ရာသီဥတုသည်ကား..ပူရင်လဲ အရမ်းပူပြီး..အေးပြီဆိုလဲ အရမ်းအေးတယ်ပေါ့..

ထို..ကျောင်းတော်ကြီးနေရာကား..ရာသီဥတုရဲ့ဆိုးဝါးမှုဒါဏ်ကိုအံတုကာ..အေးသော .ပူသော.

ရာသီဥတုကို မျက်ကွယ်ပြု.နောင်တချိန်မှာသာသနာပြုသူတို့ကောင်းစားရေး.တနည်းအားဖြင့် အမိမြန်မာပြည်မှ ဘုရားဖူးလာသူတို့အားမပင်ပန်းစေရန်..ရည်ရွယ်ချက်ကြီးမားစွာဖြင့်၎င်း..ကျောင်းတတ်နေကြသော

သံဃာတော်တွေကိုလည်း.

နေမှုထိုင်မှုအဆင်ပြေစေခြင်းငှာ၎င်း.တဲ့ သူ့စိတ်နေစိတ်ထား.ချီးကျူးမိပါရဲ့လား.ဗျာ.ရောက်လာတဲ့သံဃာတိုင်း တပြုံးပြုံးနဲ့ကြိုဆိုပြီး.အမြဲလာကြဘို့ နှုတ်မှတဖွဖွပြောပြီး.အိန္ဒိယ နိုင်ငံရဲ့အကြောင်းလေးတွေများ.စသည်စသည်လေးတွေပြောလို့..ရောက်လာသူတိုင်း..မဇ္ဈိမသုခဖေါင်ဒေးရှင်း ကို သွားပြီးသွားခြင် ရောက်ပြီးရောက်ခြင်စိတ်တို့သည်ကား..သူရဲ့မေတ္တာဓါတ်ခေါ်လေမလားမပြောတတ်..။

အတိတ်ကိုပြန်ကြည့်သော်..

တချိန်က.ကျောင်းသားတွေရဲ့ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး.ဗုဒ္ဒဂယာမြေမြတ်မဟာမှာလည်း.ကျောင်းသားများပိုင်

ဆိုင်သော.အဖွဲ့ပိုင်ကျောင်းကိုလည်းဦးဆောင်ကာ ဆောက်လုပ်ခဲ့လို့ ခု ဆို မြေမြတ်မဟာမှာ.ဂယာရောက်လေတိုင်း.အပြုံးပန်းတွေနဲ့ကြိုဆိုနေလျှက်ပါ လို့မပြောသော်လည်းပြောသကဲ့သို့.နှစ်စဉ်နှစ်တိုင်းအစည်းဝေးတွေလုပ် ..သင်တန်းတွေဖွင့်လှစ်လို့..

အို..ဗုဒ္ဒဂယာမြေမြတ်မှာလည်း..သူစတင်ပြီး..ပြုစုပျိုးထောင်ပေးခဲ့လို့..မပင်မပန်းသံဃာတွေနေနေကြပြီပေါ့..

ဟော…ခု..ဗာရာဏသီရွှေမြို့တော်..မိဂဒါဝုန်နဲ့မနီးမဝေးမှာလဲ..သူ..ဖန်ဆင်းတည်ထောင်နေပြီလေ..

သူ..ပြောတဲ့စကားလေး…ကိုယ်ရရှိထားတဲ့ ဂုဏ်သတင်းတွေ မြန်မာရဟန်းတော်များဟာ အရာရာမှာတော်တယ်ဆိုတဲ့..(Reputation) ဂုဏ်သတင်းတွေဟာ..(Slowly Slowly Progress)

ဖြည်းဖြည်းကနေတတ်လာတဲ့ ဂုဏ်သတင်းတွေဖြစ်ပါတယ်တဲ့.

( Bad news trave fast )ဒေါသောနာမ ခဏေနေ၀ ပတ္ထရတိ.

မကောင်းသတင်းတွေကတော့ခဏလေးနဲ့ပျံ့သွားတတ်တာ အဲဒါကလဲ လောကမှာ ကိုယ်လုပ်တဲ့လုပ်ငန်း အောင်မြင်ဘို့အတွက် အထူးသတိထားရမဲ့အချက်ပါ တဲ့..

ခု လဲဘဲ သူ လုပ်ဆောင်နေသော ကျောင်းတော်ကြီးကလဲ သက်သေပြလို့ အကောင်ထည်ဖေါ်ဆောင်နေပြီလေ..ဒီနေရာမှာ စကားလေးတခွန်းထည့်ပြောလိုက်ပရစေ.

The end justi fies the means ပါ… ပီတိတို့သည်ကား…….

ခု..ဟို တချိန်က မဇ္ဈိမသုခနှင့် ယခု မဇ္ဈိမသုခသည် နာမည်တူပါ၏..သို့သော်..အမြင်အာရုံသည်မတူတော့ပါ .အဆောက်ဦးကြီးကသက်သေထူခဲ့လေပြီ..

အကျွန်ုပ်သည်ပင်မျက်စိလည်သွားခဲ့၏..အဘယ်ကြောင့်ဆိုသော်…အဆောက်ဦးကြီးက ဗြုန်းစားကြီးမြင်လိုက်ရတော့…ရင်ထဲမှာ.....

Tuesday, October 26, 2010

မဇ္ဈိမသုခဖေါင်ဒေးရှင်းအမှတ်တရပုံရိပ်များ.

ဤသို့အောင်မြင်စွာပြီးဆုံးအပြီးသံဃာတော်များအမှတ်တရပေါ့.

ဟော..ရတနာရွှေမိုးငွေမိုးရွာသွန်းသည်ကလဲမမောရှာ
ကိုယ်တိုင်ပန္နက်ရိုက်နေသော..ဒေါက်တာနန္ဒ၀ံသ
ဗုဒ္ဒသာသနံ စိရံတိဌတု..ရွတ်ဆို၍.ရွှေဖလားကိုကိုင်ကာ.ဒေါက်တာနန္ဒ၀ံသ.
ဤ သို့ အုဌ်မြစ်ချရန်ဝမ်းသာပီတီနှင့်အတူ..

ဒေါက်တာနန္ဒ၀ံသ .နှင့် ကျောင်းအမကြီး ဒေါ်မြရှင်..

မဇ္ဈိမသုခဖေါင်ဒေးရှင်းကျောင်း.စတင်ခြေလှမ်း

Remove Formatting from selectionအိန္ဒိယနိုင်ငံ..ဗာရာဏသီမြို့.စရဏဘူတာနဲ့မနီးမဝေးမှာ.သူပိုင်ဆိုင်ထားတယ်ပေါ့..သူ..ဆိုတဲ့နာမ်စားလေးသုံးမှိလိုက်တာ..လွန်လေမလား...မဇ္ဈိမသုခ ဖေါင်းဒေးရှင်းကျောင်း..တဲ့ အားပါး ကောင်းလိုက်တဲ့သူ့နာမည်လေး.မဇ္ဈိမဒေသတနေရာမှာ ..သူဒီနာမည်လေးပိုင်ဆိုင်ရယူထားပြီပဲ..နော်..
ဘာ..လဲ မဇ္ဈိမသုခဖေါင်းဒေးရှင်းကျောင်း..ဟို..အတိတ်ကစာမျက်နှာကိုပြန်လန့်ကြည့်မိ.မပီဝိုးတ၀ါး..စမ်းတ၀ါးဝါးနဲ့ပေါ့.
၂၀၁၀ ခု.နှစ်ဆန်းပိုင်းလောက်က.စရောက်ခဲ့တဲ့.ဒီနေရာလေး.အို…ဟင်..လို့ .အာမေဋိတ်လေးနဲ့ပေါ့..ကျယ်ဝန်းလိုက်သည်ဖြစ်ခြင်း..မဇ္ဈိမတနေရာမှာ ရွှေမြန်မာတည်ဆောက်ကျောင်းဖြစ်မြောက်ခဲ့ပြီပေါ့လေ..တွေးကြည့် ပီတီဖြစ်မိ..ရောက်ရောက်ခြင်း.ကျောင်းထိုင်ဆရာတော် ဒေါက်တာ နန္ဒဝံသ.ရဲ့စကား..ပြန်လည်ကြားယောင်မိ.
မဇ္ဈိမသုခဖေါင်ဒေးရှင်းရောက်လိုက်လျှင် အရာရာ ပြီးပြည့်စုံရမယ်တဲ့လေ..တခုသော.ဆောင်းတွင်း.မီးဖိုဘေးမှာထိုင်..ဆိုးဝါးသောဗာရာဏသီရွှေမြို့တော် ရဲ့ ဆောင်းရာသီကိုအံတုပြီးထွေရာလေးပါး..ရောက်တတ်ရာရာပြောဖြစ်ခဲ့..အနားမှာ ဦးအောင်ကြီးလို့ခေါ်ဆိုသော.မကြာခင်အတော်တွင်းဒေါက်တာအလျှောင်းလျာကလဲ အရွှန်းဖေါက်စကားပြန်လည်ကြားမိလို့ အတိတ်က စကားလေးကို ပြန်လည်ကြားယောင်.ဖေါ်ရွှေသော.ညီအကိုရင်းခြာ ဧည့်ခံစကားပြောသော..အကျွန်ုပ်..အဟုတ်..မညာဘူးပြောမိတယ်.၀မ်းသာမိတယ်လို့….ဒီလိုနဲ့ နေမင်းကြီးသည်လည်းအနောက်ဂေါ်ရာဆီသို့ ရဲရဲနီလို့.မြောက်လေးလေးကလဲ တသုတ်သုတ်..နဲ့
လာလမ်းပြန်ဘို့အချိန်နီးခဲ့တော့လဲ..စကားလေးဖြတ်လို့ မိမိနေရာသို့ ခပ်သော့သော့လေးပြန်လာခဲ့ရပါပြီပေါ့.
ဟော…မိမိလည်း..၂၀၁၀ ခု စက်တင်ဘာလ.(၄) ရက်မှတ်မှတ်ရရပေါ့..ဗာရာဏသီရွှေမြို့ကြီးပြန်ရောက်.
ဟော..ကိုခေမာစာရ မှ၎င်း..ကိုယူရိုမှ ၄င်း..ဒီနေ့ မဇ္ဈိမသုခဖေါင်ဒေးရှင်းပရိတ်ရွတ်ဖတ်.ကျောင်းပန္နက်ချမည်တဲ့.
အို.၀မ်းမြောက်စရာသတင်း.မိမိသည်လည်း.ကြားသည်နှင့်တပြိုက်နက်.အပြေးလွှားသွားမိတယ်ပေါ့..
အလို…စုံစုံလင်လင် အပေါင်းသင်းတွေ..ဒေါက်တာတွေ..မကြာမီတင်တင်တော့မည်..ပူပူနွေးနွေးဒေါက်တာများ.
M.A ပထမနှစ် ..ဒုတိယနှစ်သံဃာတော်များ.မဇ္ဈိမနေရာတနေရာမှာ လှုပ်လှုပ်ရွရွ.ကျောင်းပန္နက်ချပွဲမှာစည်စည်ကားကားတွေ့ရှိရ၍ ၀မ်းမြောက်မိကြောင်း.ဤ post ဖြင့်သက်သေပြုမိပါ၏.နေ့..နံ အလိုက် ပန္နက်ချ.ဒေါင့်အလိုက်ပန္နက်ချ. အလား..ဟို..အဝေးတနေရာ ဗုဒ္ဒဂယာ သံဃာတွေတောင်ပါမိရဲ့ဗျာ..ကျောင်းထိုင်ဆရာတော် ဒေါက်တာနန္ဒ၀ံသ ကတော့ ငွေဖလားကြီးကိုကိုင်တပြုံးပြုံး နဲ့မြင်မိပြန်တော့လဲ ရင်ထဲနှင့်တကွ ပီတိတို့သည်ကား.
နမောတဿ ၃ကြိမ်ရွတ် ရွှေအုဌ်ချက်ငွေအုဌ်ချက် တို့ဖြင့် ပြုလုပ်စီမံပေါ့..သံဃာတော်တွေကလဲ အခြင်းခြင်း
တပါးမျက်နှာတပါးဖူး..အလို…ချစ်စရာကြည်ညိုစရာလေးတွေပါလား..အုဌ် တချက်ချလေတိုင်း ဗုဒ္ဒ သာသနံ စိရံတိဌတု.(၃ )ကြိမ် ညီညီညာညာရွတ်..ဓါတ်ပုံရိုက်သူတို့သည်လည်း တဖြတ်ဖြတ်..တ၀င်းဝင်းနဲ့..
မိမိသည်လည်း..ထို ပန္နက်ချပွဲတွင် ၄ နိုင်ငံ နိုင်ငံခြားငွေများအမှတ်တရ ထည့်လိုက်ပြီးအမှတ်တရ၇ယူလိုက်တယ်ပေါ့..
ထို..အုဌ်ချက်တို့ချအပြီး.မဇ္ဈိမသုခဖေါင်ဒေးရှင်းဆရာတော် ဒေါက်တာနန္ဒ၀ံသ မှ ရွှေမိုးငွေမိုးသွန်းပြီး..မိမိလည်း
မှတ်တမ်းတင်ရင်း.မိမိအနားရောက်လာသောရူပီးကောက်လိုက်တာ အဟား..ရူပီး ၇၀ ရလိုက်ပါ၏..။
ထိုမှဆက်လက်၍ တနင်္ဂနွေ.တနင်္လာ..စတဲ့ နေရာတွေကို အသီးသီးပန္နက်ချခဲ့ပြီး.အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်..။
ထို ကျောင်းမြေကိုတော့ ကဌ ၃၀ ဟု ဒေါက်တာနန္ဒ၀ံသ မှပြောပြလို့ သိခွင့်ရပါ၏…။
ကျောင်းစတင်တည်ထောင်ပြီးမတည်ထောင်သူ.ပစ္စည်းလေးပါး.တန်ဆောင်း..သိမ်..ကျောင်း..ကျောင်းသားများတို့ရဲ့ မယ်တော်ကြီး သီရိသုဓမ္မသိင်္ဂီ မဇ္ဈိမမာတာ ဟု အမည်ရသော..ဒေါ်မြရှင် ဖြစ်လေတော့၏..။။
ဤ post.တင်ချိန် ကွန်နရှင်ဆိုးဝါးမှုကြောင့်အိမ်မှထွက်ကာ ကွန်ပြူတာကို လက်မှာပိုက် လမ်းလှောက်ရင်း ကိုရွှေခြင်ကိုအဖေါ်ပြုကာ.အမှတ်တရ တင်မိလိုက်ပါကြောင်း..

Friday, October 22, 2010

တခွန်းထည်းသောသြဝါဒတော်..


စစ်ကိုင်းမင်းနှင့် မိဖုရားခေါင် နန်းမတော်မယ်နုတို့သည်.သက္ကရာဇ် ၁၁၉၂ ခုနှစ်တွင်သဘင်ကြီးစွာခံ၍ ဆရာတော်ဦးဗုဒ်..အား..စက္ကိန္ဒာဘိသီရိသဒ္ဒမ္မမဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ် ဆက်ကပ်၍ မဟာအောင်မြေအုဌ်ကျောင်းတော်ကြီးကို လှူဒါန်းကာ အလှူတော်ရေစက်သွန်းချပြီးနောက် ဆရာတော်ထံ ဆုံးမသြဝါဒခံရာတွင် ဘုရင်နှင့်မိဖုရားတို့ တသက်လုံးမှတ်လောက်အောင်..
မင်းနှင့်တူအောင်ကျင့်က ငါတို့ဆုံးမသြဝါဒပေးစရာမလို..
မင်းနှင့်တူအောင်မကျင့်က ငါနှင့်မဆိုင်..အဝီစိနှင့်သာဆိုင်သည်..ဟုသြ၀ါဒပေးတော်မူခဲ့သည်..။။

အခုတော့.ငါ့မှာ.ကာမထောင်ထဲသို့

ဖြူးမြို့နယ်.သပြေလှရွာမှာတဲ့ကွယ်..မောင်လှဆိုတဲ့.ဦးဇင်းလူထွက်တပါးရှိသတဲ့..သူက လယ်ပိုင်ရှင်ကြီးရဲ့သားတယောက်ပေါ့..တနေ့ သူ့ဖခင်က သူ့ကို သူ့မိတ်ဆွေအပေါင်းအသင်းသူကြီးရဲ့သမီးနဲ့လက်ထပ်ပေးဘို့သဘောတူလက်ခံလာသတဲ့.လက်ခံလာပြီးနောက် သားကိုခေါ်ပြီး အဲဒီမိန်းကလေးနဲ့လက်ထပ်ဘို့နားချတယ်တဲ့..သားဦးဇင်းလူထွက်ကလဲ လက်မထပ်လိုကြောင်းငြင်းပယ်သတဲ့..။ဒီလိုနဲ့..သားကိုဖအေလုပ်သူကနားချ.မအေလုပ်သူကလဲနားချပေါ့.ဘယ်လိုမှပြောလို့မရတဲ့နောက်ဆုံး ဖခင်ကြီးက.
‘ငါကတော့လူကြီးလူကောင်းပီပီ သူကြီးထံမှာ မင်းနဲ့လက်ထပ်ထိမ်းမြားဘို့ သဘောတူလက်ခံခဲ့ပြီးပြီ အဲဒါကို မင်းက ငြင်းနေရင်တော့ သူကြီးကသူ့သိက္ခာချမှု.သူ့သမီးသိက္ခာချမှုနဲ့ ပတ်သတ်ပြီး ပုလိပ်တိုင်ပြီးတရားစွဲရင် မင်းအနည်းဆုံး ထောင်နှစ်ကျမှာလေကွယ်..လို့ပြောသတဲ့ အဲဒါ မင်းစဉ်းစားပေတော့ လက်ထပ်မလား..
ထောင်အကျခံမလား ‘လို့ပြောတော့ လောက အကြောင်းဥပဒေအကြောင်း နားမလည်တဲ့ ဦးဇင်းလူထွက်ကဖခင်ကြီးစကားကိုယုံပြီး ထောင်ကျမှာကိုကြောက်လန့်တာနဲ့လက်ထပ်ရန်သဘောတူလိုက်တယ်ပေါ့…။
လက်ထပ်ပြီးမကြာမီ ..သား…သမီး. ပစ္စည်းဥစ္စာတွေပွားများလာပြီးအိမ်ထောင်သည်ဘဝသံသရာလည်နေသတဲ့ဒါပေမဲ့ အိမ်ထောင်သည်ဘဝမှာ ဟက်ဟက်ပက်ပက် ပျော်ရွှင်တဲ့စိတ်ကမရှိဘူးတဲ့..။
တနေ့ လင်မယားနှစ်ယောက် အိမ်ထောင်သက် (၁၀)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဘုရားသွား.ကျောင်းတတ် လှူဒါန်းပူဇော်ပြီး ပြန်လာကြသတဲ့..လမ်းတလျှောက်လုံး လင်ယောက်ျားကစကားမပြောပဲ စဉ်းစားတွေးတောကာ ခေါင်းငိုက်စိုက်ချသွားနေတာကို မိန်းမကမြင်တော့..ရှင်…ဘာတွေစဉ်းစားနေတာလဲပေါ့.မေးလိုက်တော့အဲဒီအခါ ဦးဇင်းလူထွက်ကလဲ..ငါ..လေ.ဟိုတုန်းကအဖေပြောခဲ့တဲ့ ညည်းအဖေထောင်ချမဲ့(၁၀)နှစ်တာ ထောင်အကျခံလိုက်ရင် မနက်ဖြန်ဆိုလွတ်လွတ်ကျွတ်ကျွတ်နဲ့ ချမ်းချမ်းသာသာနေရလောက်ပြီ.အခုတော့.ထောင်(၁၀)နှစ်အကျမခံနိုင်လို့ ဆက်လက်အိမ်ထောင်အကျခံနေရတယ် လို့ ပြောသတဲ့..။။အဲဒီအခါ မိန်းမက စိတ်ဆိုးပြီး..အမလေးတော်.ဒီလောက်အဖြစ်သည်းနေရင်လဲ ဘုန်းကြီးပဲ ပြန်ဝတ်ပေတော့..လို့ပြောပြီး နှင်လွှတ်သတဲ့ကွယ်….။။
ဒက္ခိဏာရုံဆရာတော်ရဲ့..ဓမ္မဝီရ ဂျာနယ်မှ…ပြန်လည်မျှဝေလိုက်ပါကြောင်း…

Tuesday, October 19, 2010

ကြီးမားတဲ့ ထိုမေတ္တာ..


ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ ။ ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ ။ အပျက်အစီးတွေ ကြားကနေ သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ် ဒူးကွေးပြီး ရှေ့ကို ကိုင်းနေတဲ့
ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြု ထောက်ထားတဲ့ သူ့ပုံစံက
ဘုရားဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ် ။ ဒါပေမယ့် အသက်ရှင်မရှင် ပိုသေချာအောင် ကယ်ဆယ်ရေး
လုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ် ။ ကယ်ဆယ်ရေး အလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့
သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်ကိုထိုးထည့်ပြီး ၀မ်းသာအားရ လှမ်းအော်လိုက်တယ် ။
“လူရှိတယ် ကလေးတစ်ယောက်ရှိတယ် ၊ အသက်ရှင်လျက်ပဲ” လို့ထအော်လိုက်တယ် ။ ရှိသမျှ
ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ် ။
သူ့ခန္ဓာကိုယ်ကို ထောင်မတ်လိုက်တယ်ဆိုရင်ပဲ အိပ်ပျော်နေတဲ့ သုံး ၊ လေးလသား အရွယ်ကလေး
တစ်ယောက်ကို သွားတွေ့မိတယ် ။ ကလေးကိုစစ်ဆေးဖို့ ဆရာဝန်တစ်ဦး က
ပွေ့ချီလိုက်တယ်ဆိုရင်ပဲ ကလေးကျောပိုးစထဲကနေ ဖုန်းတစ်လုံး ထွက်ကျလာတယ် ။ ဆရာဝန်က
ဖုံးကိုကြည့်လိုက်တော့ message တိုလေးတစ်ကြောင်းကို တွေ့လိုက်ရတယ်
“သားလေးရေ တကယ်လို့များ သားလေး အသက်ရှင်ခဲ့မယ်ဆိုရင် သားကိုအမေ
အရမ်းချစ်တယ်ဆိုတာကို သေသေချာချာ မှတ်ထားပေးပါ နော်” တဲ့ ။ သေသူပေါင်းများစွာကို
တွေ့ဖူးတဲ့ ဆရာဝန်တောင်မှ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာခဲ့တယ် ။
တစ်ယောက်လက်ကို တစ်ယောက်ကမ်းလိုက်တဲ့ ဖုံးထဲက message ကို ဖတ်မိသူတိုင်း
ရင်ထဲဆို့နင့်သွားတဲ့ ဒီခံစားချက်က ဘာနဲ့မှ နှိုင်းပြ လို့ မရနိုင်ခဲ့ဘူး ။
မုချသေရတော့မယ် ဆိုတာ သိလိုက်ရတဲ့ အမေတစ်ယောက်ဟာ နောက်ဆုံးအချိန်ထိ
သူ့ရင်သွေးအတွက် ပေးဆပ်သွားခဲ့တာ ။

သြော်…မိခင်တွေ…မိခင်တွေ..သားသမီးအပေါ်မှာထားရှိကြသောမေတ္တာတို့သည်ကား....

စေတီတည်ထိုက်သောပုဂ္ဂိုလ(် ၄ )ပါး

၁။ သဗ္ဗညုဗုဒ္ဓမြတ်စွာဘုရား
၂။ ပစ္စေကဗုဒ္ဓါ
၃။ ရဟန္တာ
၎။ စကြာဝတေးမင်း

အဘယ်အကျိုးထူးကိုစွဲ၍ စေတီတည်ခြင်းဌာ ထိုက်သနည်းဟူမူ ဒါယကာတို့သည် သစ္စာလေးပါးတရားတို့ကို ကိုယ်တော်တိုင် သိမြင်တော်မူသော သဗ္ဗညုတ ရွှေဥာဏ်တော်ရှင် ဘုရားရှင်၏ သရီရဓာတ်တော် တည်ရာပေတကားဟု စေတီ၌ ကြည်ညိုရာ ၀တ္ထုတို့ဖြင့် ဘုရားဂုဏ်ကို အာရုံပြု၍ ပြုပြင်ချီးမြောက်ကုန်လတ္တံ့၊ ထိုဒါယကာတို့သည် ဤကြည်ညိုသော စေတနာကြောင့် ခန္ဓာပျက်ကြွေသောအခါ နတ်ရွာသုဂတိသို့လည်းကောင်း၊ သူဌေးသူကြွယ် စသောလူကောင်းလူမြတ်၏ စည်းစိမ်ချမ်းသာကိုလည်းကောင်း ရကုန်လတ္တံ့၊ ထိုသို့ အကျိုးထူး ရှိသည်ကိုစွဲ၍ စေတီတည်ခြင်းဌာထိုက်၏။ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ စကြာမင်းတို့၏ စေတီ၌လည်း ဤနည်းအတူပင်လူတို့ အကျိုးစီးပွားများဖို့ရာ ဖြစ်ကုန်၏။

စေတီ ၄ ပါး
၁။ မြတ်စွာဘုရား သရီရဓာတ်တော်တို့ကို ထည့်သွင်းဌာပနာ၍ တည်ထားပြုစုအပ်သော

စေတီသည် ဓာတုစေတီ။


၂။ မြတ်စွာဘုရားသုံးဆောင်တော်မူတတ်သော သင်္ကန်း၊ သပိတ်၊ ရေစစ်၊ ခါးပန်းစသော

ပရိက္ခရာတို့ကို ထည့်သွင်းဌာပနာ၍ တည်ထားပြုစုအပ်သော စေတီသည်

ပရိဘောဂစေတီ။ (မှတ်ချက်။ ဗောဓိပင်လည်း ပရိဘောဂစေတီတွင်ပါဝင်ပါသည်။)


၃။ ပဋိစ္စသမုပ္ပါဒ် စသော တရားတော်တို့ကို ရွှေပြား၊ ငွေပြား၊ ပေရွက်စသည်တို့၌ရေး၍

ထည့်သွင်းဌာပနာ၍ တည်ထားပြုစုအပ်သော စေတီသည် ဓမ္မစေတီ။

၎။ မြတ်စွာဘုရား သဏ္ဍာန်တော်ကဲ့သို့ ကိုယ်စားတော်အဖြစ် ထုလုပ်ရေးသွင်းအပ်သော

ရုပ်ပွားဆင်းတုတော်သည် ဥဒ္ဒိဿကစေတီ။


ထိုမှတစ်ပါး သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားတို့၏ ဓာတ်တော်၊ မွေတော် ပရိက္ခရာ ဓမ္မက္ခန္ဓာတို့၏ ကိန်းဝပ်ရာဟု ရည်မှတ်အာရုံပြု၍ သက်သက်သော မြေပုံ၊သဲပုံတို့ကို သဲပုံစေတီပြု၍ ကိုးကွယ်ပူဇော်အပ်၏။



မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သက်တော်ထင်ရှား ရှိတော်မူသော မြတ်စွာဘုရားကို ရည်မှတ်၍ ကိုယ်စားတော်စားဖြစ်သော စေတီတော်၊ ဓာတ်တော်၊ မွေတော်၊ ရုပ်ပွားဆင်းတုတော် တို့ကို ပစ္စည်းလေးပါးဖြင့် သဒ္ဓါရွှင်လန်း လှူဒါန်းပူဇော်ခြင်း၊ အရိုအသေအလေးအမြတ် ကိုးကွယ် ခြင်း စသည်တို့ပြုသောသူသည် သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားအား လှူဒါန်း ကိုးကွယ်ရသည်မည်၏။

သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကို ပစ္စည်းလေးပါးတို့ဖြင့် လှူဒါန်းပူဇော်ရသောသူနှင့် ယခုအခါ သာသနာတော်အတွင်း၌ ကိုယ်စားတော် ရုပ်ပွားဆင်းတုတော် ဓာတုစေတီများကို ကိုးကွယ်ပြုစု ဒါန၀တ္ထုတို့ဖြင့် လှူဒါန်းပူဇော်ရသောသူတို့သည် သဒ္ဓါကြည်ဖြူသော စိတ်တူမျှလျှင် မူကား တူမျှသောအကျိုး၊ တူမျှသော အာနိသံသ ခံစားရကြပေ၏။

စေတီရင်ပြင်၌ ထီးဆောင်းခြင်း၊ ဖိနပ်စီးခြင်း၊ ကျင်ကြီးကျင်ငယ်နှင့် တံတွေးစွန့်ခြင်း စသည်တို့ကို မပြုအပ်၊ ပြုလုပ်လိုသော စေတနာဖြင့် ပြုလုပ်ခဲ့သော် ဘုရား၌ရိုသေခြင်းမရှိ၊ အဂါဝရဖြစ်၏။

ဗောဓိပင်ကို ဖျက်ဆီးလိုသော စေတနာဖြင့်မဟုတ်ဘဲ ဓာတ်တော်နှင့်တကွ စေတီတို့ကို လည်းကောင်း၊ ဗောဓိပင်ကိုလည်းကောင်း၊ ဆင်းတုတော်ကိုလည်းကောင်း ထိခိုက်နှိပ်စက်အပ် သော ဗောဓိခက်ကို ဖြတ်အပ်၏။ ထိုဗောဓိပင်၌နားသော ဌက်တို့သည် စေတီတော်၏အပေါ်၌ ကျင်ကြီးစွန့်ခဲ့မူ ထိုဌက်နားသော ဗောဓိခက်တို့ကို ခုတ်ဖြတ်အပ်၏။

စေတီ၊ဗောဓိပင် စသည်တို့ကို မသင့်မတင့်သော နှလုံးသွင်း၍ ပြစ်မှားလိုသော စိတ်ဖြင့် ဖျက်ဆီးခြင်း၊ ခုတ်ဖြတ်ခြင်းကြောင့် အပါယ်ကျတတ်၏။

ဟောင်းနွမ်း ဆွေးမြေ့လေပြီးသော စေတီ၊ ဂူ၊ကျောင်း၊ တန်ဆောင်း၊ ဇရပ်တို့ကို စေတနာကောင်း ဖြင့် နှလုံးသွင်းပြီးလျှင် အဟောင်းကိုဖျက်၍ အသစ်ပြုပြင်ဆင်လျှင် သုဂတိလားတတ်၏။

စေတီတည်ထိုက်၊ ကိုးကွယ် ရှိခိုးအပ်သော ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်အား ယခုကဲ့သို့ ရှင်းလင်းတင်ပြရခြင်းမှာ ယခုခေတ်လူငယ်အချို့ (မိစ္ဆာဒိဌိအယူရှိသူတို့) က မြတ်စွာဘုရား၏ ပုံတော်၊ ဆင်းတုတော်၊ ကိုယ်စားတော်တို့အား ရှိခိုးရုံမျှဖြင့် အကျိုးမရှိဟု ပြောဆိုနေကြသော ကြောင့် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော စေတီ ၄ မျိုးနှင့် စေတီတည်ထိုက်သော ပုဂ္ဂိုလ်များအကြောင်း တင်ပြလိုက်ရပါသည်။

ကမ္ဘာမှာအရပ်အပုဆုံးလူလေး..

ကမ္ဘာမှာအရပ်အပုဆုံးအဖြစ် နီပေါနိုင်ငံသားလေး.ခါဂျင်ဒရာ..ရလိုက်ပြီပေါ့..
ဒီ လို တွေ့ဆုံမေးမြန်း..ဓါတ်ပုံတွေရိုက်ကြတယ်ပေါ့..
သူ့ ရဲ့ အချစ်ဆုံးမေမေနဲ့ အိမ်ရှေ့မှာ သူဘာငေးနေတာလဲဆိုတာ..
ဒီ လိုပေါင်ချိန်နေတယ်လေ.
သူ့ကို ဘာလုပ်နေကြတယ်တော့မသိဘူး..သူ ရှက်နေတာလား...
သူ့ အဖေ၀ယ်ပေးတဲ့ တီးဝိုင်းနဲ့ မွေးနေ့မှာ တီးပြနေတယ်လေ..
သူ့ အမေ အ၀တ်လျှော်နေစဉ် သူ က ဘာလုပ်နေတာလဲဆိုတာ...ါဂျင်ဒရာလေးရဲ့ အသက် ၁၈နှစ်ပြည့် ပြီး လူကြီးဖြစ်တဲ့ နေ့ ဟာ သာမန်မဟုတ်ပဲ သမိုင်းမှတ်တမ်းဝင်မယ့် 
နေ့ တစ်နေ့ ဖြစ်တာမို့ နိုင်ငံတစ်ကာမှ သတင်းအဖွဲ့ များဟာ နီပေါနိုင်ငံမြို့ တော် ခတ္တမန္ဒူမြို့ ရဲ့ အနောက်
ဖက် ၁၂၅ မိုင်ကွာတဲ့ ပိုကာရာ အရပ်ကသူ့ ရဲ့ သာမန်လက်လုပ်လက်စားအိမ်ကလေးဆီကို ရောက်ရှိလာနေ
ခဲ့ ကြပါတယ်...
သူ့ ဘ၀ရဲ့ အဓိကကျတဲ့ နေ့ မှာ အထူးအရေးအကြီးဆုံးဧည့် သည်ပုဂ္ဂိုလ်များကတော့ သူ့ အသက် ၁၄ နှစ်က
တည်းက ထိုသူများကို မျှော်လင့် စောင့် ဆိုင်းနေခဲ့ ၇တဲ့ ဆရာဝန်များနှင့် ကမ္ဘာ့ ထူးဆန်းမှတ်တမ်း ဂီးနက်စ်
အဖွဲ့ ကတာဝန်ရှိသူကိုယ်စားလှယ်များပဲဖြစ်ပါတယ်...
သူလေးရဲ့ အရပ်ဟာ ၂၆.၄ လက်မ ( ၂ပေနဲ့ ၂.၄ လက်မ ) ရှိကြောင်း တိုင်းတာအတည်ပြုခဲ့ ပြီးနောက်သူ့ 
ကို ကမ္ဘာ့ အရပ်အပုဆုံးလူသားအဖြစ် ကြေငြာခဲ့ တာမို့  သူစိတ်ကူးယဉ်မျှော်လင့် ခဲ့ တဲ့ အရာဟာ အမှန်
တစ်ကယ်ဖြစ်လာခဲ့ ရပါပြီ....

" ကျွန်တော်စိတ်တွေလှုပ်ရှားပြီး ပျော်လည်းအရမ်းပျော်ပါတယ်..." လို့ မွေးစကကိုယ်အလေးချိန် ၁.၃ ပေါင်
သာရှိတဲ့ ခါဂျင်ဒရာလေးကဆိုပါတယ်...
" ကျွန်တော်ကတော့ ကိုယ်ကိုယ်ကို လူပုကလေးတစ်ယောက်လို့ မမြင်တော့ ပါဘူး၊ အခုလူကြီးတစ်ယောက်
ဖြစ်နေပါပြီ... အခုရတဲ့ ( ကမ္ဘာ့ အပုဆုံးလူသားဘွဲ့ ဟာ ) ကျွန်တော်လူကြီးတစ်ယောက်ဖြစ်ကြောင်း သက်
သေပြပြီး မိဘများနှင့် ကျွန်တော့် အတွက်အိမ်ကောင်းကောင်းတစ်လုံးလောက် ရနိုင်စေလိမ့် မယ်လို့ ထင်
ပါတယ်..." လို့ သူကဆက်ပြီးပြောကြားခဲ့ ပါတယ်...ယခု ခါဂျင်ဒရာလေးရဲ့ သတင်းဟာ ကမ္ဘာ့ ထူးဆန်းမှတ်တမ်း ဂီးနစ် အဖွဲ့ က ကိုလံဘီယာနိုင်ငံသား အက်ဒ
ဝပ်နီနိုဟာနန်ဒက်ဇ် ကို ကမ္ဘာ့ အပုဆုံးလူသားအဖြစ် ကြေငြာအပြီး ရက်သတ္တပါတ်ငါးပါတ်အကြာမှာထွက်
ပေါ်ခဲ့ တာဖြစ်လို့ ထိုလူပုလေးအနေနဲ့ သက်တမ်းအတိုဆုံးလူပုစံချိန်ရှင်ဖြစ်ခဲ့ ရရှာပါတယ်...
သူ့ ရဲ့ လူပုလေးစံချိန်ကို ဆုံးရှုံးခဲ့ ရပြီလို့ ပြောပြခဲ့ တဲ့ အခါ ဟာနန်ဒက်ဇ် က " ကျွန်တော့် အနေနဲ့ ကာလတို
တောင်းစွာ ကမ္ဘာ့ လူပုလေးစံချိန်ရှင်ဖြစ်ခဲ့ ရပေ
မယ့် အလွန်ပဲဝမ်းသာဂုဏ်ယူမိပါတယ်..." လို့ ပြောကြားခဲ့ မိဘများကို ကူညီစရာမလိုတဲ့ အားလပ်ချိန်မှာ အကအဖွဲ့ တစ်ခုရဲ့ အဖွဲ့ ဝင်ဖြစ်တဲ့ ခါဂျင်ဒရာလေးဟာ ယခုရ
ရှိခဲ့ တဲ့ ဘွဲ့ ထူးအသစ်နဲ့ အတူတွဲလာတော့ မယ့် အောင်မြင်ကျော်ကြားမှု၊ တင်းစာမျက်နှာ၊ ရုပ်ရှင်ဗီဒီယိုများ
မှာပါဝင်နိုင်လာဖွယ်ရှိမှုများအတွက် အဆင်သင့် ဖြစ်နေပါပြီ....
လာမည့် နှစ်မှာတော့ သူဟာ နီပေါနိုင်ငံရဲ့ ခရီးသွားနှစ်အတွက် အစိုးရကခန့် အပ်တဲ့ စည်းရုံးလှုံ ဆော်ရေး

ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရတော့ မှာဖြစ်ပါတယ်...
ယခင်က ထိုနေရာမှာဆောင်ရွက်ရသူများကတော့ ရုပ်ရှင်ကြေငြာများတွင် အခကြေးငွေယူကာရိုက်ကူးသ
ရုပ်ဆောင်ခြင်း၊ တစ်ခြားစီးပွားရေးဆိုင်ရာအနုပညာလုပ်ငန်းများလုပ်ဆောင်ခြင်းနှင့် ကမ္ဘာအဆင့် ထင်ပေါ်
ကျော်ကြားမှုတို့ ကို ကိုယ်ကျိုးစီးပွားအတွက်ဆောင်ရွက်ခဲ့ ကြပါတယ်...
အခုတော့ ကမ္ဘာ့ အသေးဆုံးလူသားအတွက် ကြီးမားတဲ့ အနာဂတ်ရှိနေခဲ့ ပါပြီ....
ပါတယ်...
" စံချိန်တွေဆိုတာကတော့ တစ်ခုပြီးတစ်ခု အချိုးခံကြရမှာပါပဲ... ဒါကြောင့် ဒီစံချိန်ဘွဲ့ ထူးကို ခါဂျင်ဒရာကို
ကျေကျေနပ်နပ်၊ ၀မ်းမြောက်စွာနဲ့ ပေးပေါတယ်...တစ်နေ့ ကျယင်ကျွန်တော်တို့ နှစ်ဦးလည်း လူချင်းဆုံတွေ့ 
ချင်ပါသေးတယ်..." လို့ သူကဆိုပါတယ်....
ခါဂျင်ဒရာရဲ့ မိသားစုဟာ ထိုလူပုလေးဘွဲ့ ကိုရဖို့ နှစ်ပေါင်းများစွာကြိုးစားနေခဲ့ ကြတာဖြစ်ပေမယ့် ထိုစဉ်ကာ
လများက ၎င်းအနေနှင့် အသက် ၁၈ နှစ်မပြည့် ခင်အရပ်ရှည်လာနိုင်ဖွယ်ရာရှိတာမို့ ငြင်းဆန်ခြင်းခံခဲ့ ကြရ
တာဖြစ်ပါတယ်...
မေးတခု မှတွေ့လို့ တင်ပြလိုက်ပါတယ်...

သီတင်းကျွတ်လပြည့်နေ့၏..ပဝါရဏာအကြောင်း

ပ၀ါရဏာ၏ နောက်ခံ သမိုင်းကြောင်းအကျဉ်း

သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာဖြန့်ဖြူးရာ ဗဟိုဌာနချုပ် သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ်သူဌေး + ပုညလက္ခဏဒေ၀ီတို့ စေတနာဖွေးဖြူ ပေးလှူ ဆောက်လုပ် အပ်သော ဇေတ၀န်ကျောင်းတော်၌ သီးတင်းသုံး စံနေတော် မူစဉ်ကာလက ဖြစ်၏၊

သံဒိဋ္ဌ( မြင်ဘူးကာမျှမိတ်ဆွေ ) သံဘတ္တ (အတူနေ အတူစား မိတ်ဆွေ) ဖြစ်ကြသော ရဟန်းတော်တို့သည် ကောသလတိုင်း တစ်ခုသော ဇနပုဒ်၌ ၀ါဆို ၀ါကပ်ကြ၏၊ ၀ါဆိုပြီးကြ သော အခါ ၀ါတွင်းသုံးလ ကာလပတ်လုံး ညီညီညွတ်ညွတ် ငြင်းခုံခြင်းမရှိကြပဲချမ်းချမ်း သာ သာ နေနိုင်ရန်နှင့် ဆွမ်းကိစ္စ မပင်မပန်း ချမ်းသာမည့် နည်းလမ်းကို တိုင်ပင်ညှိနှိုင်းကြ၏။

အဖြေကား အချင်းချင်း စကားမပြောပဲ ၀စီပိတ်ကျင့်စဉ်ကို ကျင့်သုံးရန် အားလုံး သဘောတူကြ၏။ သဘောတူထားကြသည့်အတိုင်း တစ်ပါးနှင့်တစ်ပါး စကားမပြောကြတော့၊
( သစေ ခေါ မယံ အညမညံ နေ၀ အာလပေယျာမ၊ န သလ္လပပေယျာမ )
သို့သော် ဆွမ်းခံပြန်လာသောအခါ ဦးဆုံးပြန်ရောက်သော ရဟန်းတော်က ဆွမ်းကျောင်းမှာ ခြေဆေးရေ နှင့် ခြေဆေးအင်းပျဉ်ကို ပြင်ထား နှင့်၏ နေရာ ခင်းထား၏၊ ဆွမ်းမကုန်လောက် က ထည့်ရန် ဆွမ်းဇလုံပြင်ထား၏၊သောက် ရေ သုံးရေ ထည့်ထားနှင့်၏၊
နောက်ဆုံးမှ ပြန်ရောက်သော ရဟန်းတော်က ဆွမ်းမလောက်လျှင် ဆွမ်းဇလုံမှ ဆွမ်းကို ယူဘုဉ်းပေး၏၊ ဘုဉ်းပေးပြီးလျှင် ဆွမ်းကျန်ကို စိမ်းစိုသော မြစ်သစ်ပင်မရှိရာ မြေ၊ ပိုးမရှိရာ ရေ၌ စွန့်ပစ်၏၊ ဆွမ်းဇလုံကို ဆေးကြောပြီး သိမ်း၏ နေရာထိုင်ခင်း သိမ်း၏၊ ခြေဆေး ရေ ခြေဆေးအင်းပျင်းသိမ်း၏ တံမျက်လှည်း၏၊
သောက်ရေ သုံးရေ သန့်သက်ရေအိုးတို့ ရေမရှိလျှင်တွေ့မြင်သော ရဟန်းတော်က ရေခပ်ထည့်၏ တစ်ပါးတည်း မနိုင်လျှင်အဖေါ်ရဟန်းတစ်ပါးကို လက်ဟန်ပြခေါ်ကာ ရေခပ် ထည့်၏၊ ဤနည်း ဤစည်းကမ်း ဤစနစ်ကို တစ်ဝါတွင်းလုံး ကျင့်သုံးကြ၏၊

ဘုရားရှင် လက်ထက်တော်က ၀ါကျွတ်လျှင် ရဟန်းတော်များ ဘုရားးရှင်ကို
သွားရောက် ဖူးမျှော်ခြင်း အစဉ်အလာရှိ၏၊ ယင်းအစဉ်အလာအရ ထိုရဟန်းတော်တို့သည် လည်း ၀ါလကျွတ်သော အခါ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်း
တော်သို့ သွားရောက်ကာ ဘုရားရှင်ကို ဖူးမျှော်ကြ၏
အာဂန္တုက ရဟန်းတို့နှင့် ဘုရားရှင် ၀မ်းမြောက်ဝမ်းသာ အလ္လာပ သလ္လာပစကား
ပြောဆိုခြင်းသည် ဓမ္မတာဖြစ်သည့်အားလျှော်စွာ ထိုရဟန်းတော်တို့အား ၀ါတွင်းကာလ ချမ်း
ချမ်းသာ ညီညီညွတ်ညွတ်နှင့် ဆွမ်းကိစ္စ မပင်မပမ်း ရှိ မရှိ မေးတော်မူ၏။
( ယင်းသို့ မေးတော်မူခြင်းသည် တရားစကားဟောပြောရန်နှင့် တပည့်တို့အား သိက္ခာပုဒ်ပညတ်ရန် အကြောင်းတစ်ခုခုအတွက် မေးတော်မူခြင်းဖြစ်သည် )။

ထိုရဟန်းတော်တို့လည်း သူတို့ကျင့်သုံးသော စကားမပြောဝစီပိတ်ကျင့်စဉ်ကို ကျင့်သုံးကာ ညီညီညွတ်ညွတ် ငြင်းခုံခြင်းမရှိပဲ ချမ်းချမ်းသာသာနေကြခြင်းနှင့် ဆွမ်းကိစ္စ မပင်မပမ်း ရှိသည့်အကြောင်းကို ဘုရားရှင်အား အကြောင်းစုံ ပြန်လည်လျှောက် ထားကြလေသည်။
ထိုအခါ ဘုရားရှင်သည် ထိုရဟန်းတော်တို့၏ အချင်းချင်း စကားမပြောသော ၀စီပိတ်ကျင့်စဉ်ကို ကဲ့ရဲ့တော်မူ၏၊ မဂ်ဖိုလ်မှ အချည်းနှီးယောက်ျားဟု ရှုတ်ချတော်မူ၏၊ နွားတို့၏နေခြင်း ၊ ရန်သူတို့၏နေခြင်းဟု ပြစ်တင်တော်မူ၏၊ ယင်းအကျင့်သည် တိတ္ထိတို့
ကျင့်သုံးသော သူအ ကျင့်စဉ်ဖြစ်၏၊ အကြည်ညိုမဲ့ရန်ဖြစ်၏ဟု ဝေဘန်ထောက်ပြတော်မူ၏၊ ယင်းတိတ္ထိကျင့်စဉ်ကို ကျင့်သုံးလျှင့် “ ဒုက္ကဋ်အာပါတ် ” သင့်ဟု မိန့်တော်မူ၏။

ထို့နောက် ရှင်တော်မြတ်ဘုရားသည် ဆက်လက်၍ “ ရဟန်းတို့ ၀ါမှထသော ရဟန်းတို့
အား မြင်၍ဖြစ်စေ ကြား၍ဖြစ်စေ ယုံမှား၍ဖြစ်စေ သုံးပါးသော အကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း
ပ၀ါရဏာ ပြုခြင်းငှာ ခွင့်ပြု၏ ၊ ထိုသို့ ဖိတ်ကြားခြင်းသည် သင်(ရဟန်း)တို့အတွက် အချင်းချင်း
လိုက်လျောခြင်း ၊ အာပါတ်မှ ထမြောက်စေခြင်း ၀ိနည်းကို ရှေ့ရှု ခြင်းဖြစ်လတ္တံ ” မိန့်တော်မူ
ကာ “ ပ၀ါရဏာကို ” စတင်ခွင့်ပြုတော်မူခဲ့ပေသည်၊

ပ၀ါရဏာပြုပုံ - သံဃံ (အာဝုသော )ဘန္တေ ပ၀ါရေမိ၊ ဒိဋ္ဌေန၀ါ သုတေန၀ါ ပရိသင်္ကာယ၀ါ
ဝဒန္တုမံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ (ဒုတိယမ္ပိ ဘန္တေ သံဃံ - - ၊ တတိယမ္ပိ ဘန္တေ သံဃံ - )


အရှင်ဘုရားတို့ သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ ကြား၍ဖြစ်စေ ယုံမှား၍ဖြစ်စေ အရှင်ဘုရားတို့သည် တပည့်တော်အာား အစဉ်သနားခြင်းကို အကြောင်းပြု၍ (အပြုသဘော ဖြင့် ) ပြောဆိုကြပါကုန်လော့၊ ( လွန်ကျူးမိသော အပြစ်ရှိခဲ့သော် ) ကုစားပါအံ့။

( မောဟ မကင်းသေးသောလောက၌ တစ်ခါတစ်ရံ အမှားများ လွန်ကျူးမိတတ်၏၊ သို့သော်
မိမိအမှားကို မိမိမမြင်၊ ပါတ်ဝန်းကျင်ကားမြင်၏၊ ယင်းသို့ မြင်သောအခါ အပြုသဘောဖြင့် အမှားထောက်ပြ၍ အမှန်ရောက်အောင် လမ်းညွှန်ပေးခြင်းသည် ကောင်းမြတ်သော လမ်းစဉ်ဖြစ်ပေသည်၊ အမှားကို ပြုပြင်ခြင်းသည်လည်း သူတော်ကောင်းတို့၏ အလေ့ကောင်း တစ်ခုပင် ဖြစ်ပေသည် ၊ အမှားထောက်ခြင်း - အမှန်လျှောက်ခြင်းဖြင့် ငြိမ်းချမ်းသော ဘ၀ကို
တည်ဆောက်နိုင်ကြပါစေ )


ပ၀ါရဏာ နောက်ဆက်တွဲ

ဘာလိုလိုနှင့် ကောသလတိုင်း ဇနပုဒ်တစ်ခုကို အမှီပြုကာ ၀ါဆိုလာခဲ့သည်မှာ သီးတင်းကျွတ်ဖို့ပင် နီးကပ်လာချေပြီး၊ သီတင်းကျွတ်လျှင် (ပ၀ါရဏာပြုပြီးက ) လွတ်လပ်စွာ သွားလာခွင့် ရှိသည့်အတွက် ရဟန်းတော်များခရီးထွက်ကြပေတော့မည်၊ ရဟန်းစုများ ကွဲကွာ၍ ခွဲခွါကြရပေတော့မည်၊ ယင်းသို့ဖြစ်လျှင် ညီညီညွတ်ညွတ် ချမ်ချမ်းးသာသာ နေထိုင်ကာ လက်ရှိခံစားနေကြရသော ( သမထ ၀ိပဿနာ ) ချမ်းသာများမှ အပဖြစ်ကြ ပေတော့မည် ၊ဘယ်လိုများ ကျင့်သုံးကြရပါအံ့နည်းဟု - ကောသလတိုင်း ဇနပုဒ်နေ ရဟန်းတော်များက ရှင်တော်မြတ်ဘုရားကို လျှောက်ထားကြ၏။ ( အညတရော ဖာသုဝိဟာရောတိ တရုဏသမထော ၀ါ တရုဏ၀ိပဿနာ ၀ါ )
ထိုအခါ ယင်းရဟန်းတော်တို့အား ” ပ၀ါရဏာ သင်္ဂြိုဟ် ထောက်ပန့်ခြင်းကို
ပြုခြင်းငှာ ခွင့်ပြု၏ ” ဟု မိန့်တော်မူ၏၊
ထိုရဟန်းတော်တို့သည် သီတင်းကျွတ်လပြည့်နေ့၌ ဥပုသ်ပြု၏ ပါတိမောက်ပြ၏၊
ကုမုဒြာပွင့်ချိန် မိုးလေးလအဆုံး တန်ဆောင်မုန်း လပြည့်နေ့၌ ပ၀ါရဏာပြုခွင့်ရ၏
( ဤကား ဗဟုသုတဖြစ်ဖွယ် အကျဉ်းမျှသာတည်း အကျယ်သိလိုမူ ၀ိနည်းမဟာဝါ
ပ၀ါရဏက္ခန္ဓက၌ ကြည့်ရှုကြပါလေ ) ။

အရှင်ကိတ္တိဇယ(ညောင်ကန်အေး) ဆီမှ တဆင့်ကူးယူဖေါ်ပြပါ၏..
မူရင်းက ဒီမှာ..http://linkardipa-ashin.blogspot.com/

Friday, October 15, 2010

ကထိန်အကြောင်းသိကောင်းစရာ

အလှူရေစက်လက်နှင့်မကွာ လှူဒါန်းကြသော မြန်မာဗုဒ္ဓဘာသာတို့ နယ်ပယ်၌ “ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကို
လူတိုင်း ကြားဘူးကြမည်ထင်ပါသည်။ ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊အဘယ့်ကြောင့်ဆိုသော်
သိမ် ကျောင်းသည် ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို ပြုလုပ်ခြင်းတို့၌ အကျိုးပြုသောကြောင့် ဖြစ်ပေသည်။ ထို့အတူ
သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော်
ကထိန် သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက်များစွာ (စည်းကမ်း များစွာ)ရှိနေသောကြောင့်ဖြစ်ပေသည်။ ကထိန် သင်္ကန်းအလှူ၏ထူးခြားချက်
်(စည်းကမ်းတို့ )ကို အနည်း ငယ်မျှ ရှင်းပြပါဦးမည်၊ ကထိန်သည် လှူဒါန်းမှု ဖြစ်ပေါ် လာပုံအားဖြင့်လည်းကောင်း၊ အချိန်ကာလအားဖြင့် လည်းကောင်း၊
အလှူခံအားဖြင့်လည်းကောင်း ၊ လှူဒါန်းဖွယ်ရာ ပစ္စည်းအားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့်လည်းကောင်း၊ (၀ိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်း )
အကျိုး အားဖြင့် လည်းကောင်း ၊ တစ်ခြားသော ဒါနတို့နှင့်မတူ “ မူ”များစွာ ထူးခြားနေ သည်ကို တွေ့ရှိနိုင်ပေသည်။

၁။ တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘကိုသော်လည်းကောင်း ၊ဆွေမျိုးကိုသော်လည်း ကောင်း ၊ဖိတ်မာန်ထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ)
တို့ကိုသော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်း (တောင်းကောင်း )၏ ၊ကထိန်သင်္ကန်းကိုကား မိဘကို သော်မှလည်း နှုတ်မြွက်၍ သိစေခြင်းငှာ
(အလှူခံခြင်းငှာ) မအပ်ပေ၊ တစ်ခြားသူတို့ကိုကား အဘယ်မှာ ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း၊ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်၍ လှူသော
ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ အလှူ ခံကောင်း၏ ၊ ( ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့
သဒ္ဓါတရား သန့် သန့် လေးဖြင့်လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ ယင်းကဲ့သို့သော ကထိန်သင်္ကန်းကိုပင် “မိုးကျကထိန်” ဟ
ု ပြောဆိုကြခြင်း ဖြစ်ပေသည်။ (ကထိနံနာမ အတိဥက္ကဋ္ဌံ ၀ဋ္ဋတိ ၊ မာတရမ္ပိဝိညာပေတုံ န၀ဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေ၀ ၀ဋ္ဋတိ ၊)

၂။ကထိန်သင်္ကန်းသည်တစ်ခြားသော လှူဖွယ် တို့ကဲ့သို့ လှူချင်သည့်အချိန်လှူခွင့် မရပေ၊ သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ
တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့်ရှိ၏။ ( ကထိန်ခင်းခွင့် ရှိ၏ ) ကျန်သော အချိန်များ၌ကား လှူခွင့် လုံးဝ မရှိပေ၊
ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။

၃။လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်းတို့တွင် တစ်မျိုးမျိုး ဖြစ်ရပေမည်။
( တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည် )

၎။ လှူနည်းအားဖြင့်သံဃိကဒါနအဖြစ် သံဃာ အားသာ လှူဒါန်းရမည်ဖြစ်ပေသည်။
(ပုဂ္ဂိုလ်စွဲဖြင့် ပုဂ္ဂလိကဒါနအဖြစ် လုံးဝမလှူကောင်းပေ)၊ သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍
သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရ၏ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ လှူဒါန်းရသောကြောင့် ကထိန်ခင်းမည့် သင်္ကန်းကို “ ဉတ်သင်္ကန်း”
ဟု ခေါ်ဆိုကြလေသည်။

၅။အလှူခံသော ရဟန်းသည်လည်း ပုရိမ၀ါ ကပ်၍ (၀ါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့၌ ၀ါမှကျွတ်သော
ရဟန်းတော်များသည်သာအလှူခံ ခွင့် ရှိလေသည်။ (ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍
လှူဒါန်းရမည်ဖြစ်ပေသည်၊ ထိုရဟန်းမရှိမှ မထေရ်ကြီးစသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်း ရမည် ဖြစ်ပေသည်။

၆။ အကျိုးအားဖြင့် ကထိန်အာနိသင်ရသော (ကထိန်ခံသော ရဟန်းနှင့်အနုမောဒနာပြုသော) ရဟန်းတော်များသည် ၀ိနည်းသိက္ခာပုဒ်
နှင့်သက် ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုးကို သီတင်းကျွတ်လပြည့်ကျော် - ၁ -ရက်နေမှစ၍ တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြလေသည်။

ရဟန်းတော်များ ရနိုင်သောအကျိုး (၅) ပါး

၁။ မပန်မကြား ၊ လိုရာသွား ၊ ပြစ်များမသင့်ပြီ။
ဒကာ ဒကာမတို့၏အိမ်သို့( မြို့တွင်းရွာတွင်းသို့ ) သွားလို သည့်အခါ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားနိုင် ပါသည် ။
(အကယ်၍ ကထိန်အာနိသင်မရမူ ခွင့်မပန်ပဲ သွားလျှင် အာပတ်သင့်၏ )

၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။
တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည်တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည် ထည်ကို ထားခဲ့ပြီး၍
သွားလိုရာ သွားနိုင်ပါသည်။ (အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားလျှင် အာပါတ်သင့်၏ )

၃။လေးပါးတူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။
ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ်မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား၊
စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏)

၎။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။
မိမိရရှိသောသင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ (သင်္ကန်းကာလ- ၅ -လအတွင်း ) ထားပိုင်ခွင့် ရှိသည်၊
( အကယ်၍ ကထိန်အာနိသင် မရရှိပဲမိမိ ပိုင်သင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ ထားရှိပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်၏)။

၅။သံဃာလှူငြား ၊ သင်္ကန်းများ ၊ သူအားသာ ဖြစ်သည်။
ကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းတို့ ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။
(အကယ်၍ကထိန်အာနိသင်မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန် လျှင် အာပါတ်သင့်နိုင်၏ )။
ကထိန်နှင့်ပါတ်သက်၍ ရဟန်းတော်များ ထူးခြားသော အကျိုးတို့ကို့ ရရှိနိုင်သကဲ့သို့ ကထိန် သင်္ကန်း လှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးထူး
များ ရရှိနိုင်ပါသည်။

လှူသူမှာလဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။

၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိသွားလိုရာအရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့်အရှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်သည်။

၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။

၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်။ (အစာကို ကြေညက် အောင်
ချေဖျက်နိုင်သော ပါစက ၀မ်းမီးနှင့် ပြည့်စုံသည် )။

၎။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်နိုင်။

၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။
ထို့ပြင် ကထိန်သင်္ကန်းလှူဒါန်းသော အလှူ ရှင်များမှာ --ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသား အရေရှိခြင်း၊ ခန္ဓာကိုယ်၌ ( မြူ စသော )
အညစ် အကြေး ကင်းစင်ခြင်း ၊ ( အလှဖျက် အနာအဆာ မရှိခြင်း ) ၊ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း ၊ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း ၊
ညိုရွှေဖြူနီစသော ခေတ်ပေါ် အ၀တ်အထည် အမျိုးမျိုးကို ဆင်မြန်းခွင့် ၀တ်ဆင်ခွင့်ရခြင်း ၊ ကျောင်းအမကြီး ၀ိသာခါစသူတို့ကဲ့သို့
မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းတို့နှင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း ဟူသော အကျိုးတရားများစွာ
တို့ကိုလည်း ရရှိနိုင် ပေသည်။

ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာပြုရာ၌ ဗဟိုဌာနချုပ်သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ်သူဌေး
( သူဌေးကတော်ပုညလက္ခဏဒေ၀ီ ) ဆောက်လုပ်လှူဒါန်းအပ်သော ဇေတ၀န် ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူ၏။
ထိုစဉ်အခါ တောရကျောင်း၌ သီတင်းသုံး နေထိုင်ခြင်း အာရညက ဓုတင်၊ဆွမ်း ခံ၍ဘုဉ်းပေးခြင်း ပိဏ္ဍပါတ် ဓုတင်၊ လူတို့ကမသုံးလို၍
အမှိုက်ပုံစသည်၌ စွန့်ပစ်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်ငြိနေသော အ၀တ်စုပ်ကို သင်္ကန်းချုပ်ဆိုးကာဝတ်ရုံသုံး ဆောင်ခြင်း ပံသူကူဓု တင်၊
သင်းပိုင် ဧကသီ ဒုကုဋ်ဟူ သောသင်္ကန်း သုံးထည် ကို အမြဲဆောင်ခြင်း တိစီဝရိက်ဓုတင်၊ ယင်းဓုတင် အကျင့်မြတ်တို့ကိုကျင့် သုံးကြသော
ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ရှင်တော်မြတ် ဘုရားကို ဖူးမြင်ရန် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ လာကြ ရာ ၀ါဆိုရက် နီးကပ်နေ၍
သာဝတ္ထိ ပြည်သို့လည်း ၀ါဆိုရန်မမှီတော့သည့်အတွက် လမ်းခရီးအကြား သာဝတ္တိ ပြည်နှင့် ခြောက်ယူဇနာ ဝေးသော (တစ်ယူဇနာ- ၈ -မိုင်နှုန်း )
သာကေတမြို့၌သာ ၀ါဆိုကြရရှာလေသည်။ ထိုရဟန်းတော်သုံးကျိပ်တို့ သည် ရှင်တော်မြတ်ဘုရားနှင့် “နီးလျှက်နဲ့ဝေး” ဖြစ်နေကြသောကြောင့်
မပျော်ပိုက်ပဲ တစ်ဝါတွင်းလုံ၊ နေကြရလေသည်။
ဝါကားကျွတ်လေပြီ၊ သို့သော် မိုးကား မလွတ် သေးပေ၊ မိုးလွတ်သည်ထိလည်း အချိန်ကုန်ခံ၍ စောင့် မနေနိုင်တော့ပေ၊ ထို့ကြောင့် ၀ါကျွတ်၍
ပ၀ါရဏာပြုပြီး သည်နှင့် တပြိုင်နက် မိမိတို့ ၀ါဆိုရာ သာကေတမှ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိသို့ မိုးထဲရေထဲ ရွှံထဲဗွက်ထဲ မှာပင်
ဘုရားရှင်ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြကြသဖြင့် မိုးရေစိုရွှဲ ပင်ပမ်းဆင်းရဲစွာ ကြွတော်မူ ကြရလေသည်။
ဘုရားရှင်ထံမှောက် ရောက်ကြ၍ လက်အုပ် ချီမိုး ရှိခိုးကြပြီး သင့်တော်ရာ၌ ထိုင်နေကြသော ထိုဘဒ္ဒ ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့အား
ဘုရားရှင်က “ရဟန်းတို့
အသို့နည်း၊ ကျန်းမာကြကုန်၏လော ၊မျှတကြကုန်၏လော၊ အညီအညွတ် ၀မ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြပါကုန်၏လော၊
ဆွမ်းအတွက် မပင်ပမ်းပဲ ရှိကြပါကုန်၏လော”ဟု မေးမြန်းတော်မူရာ၊ ရဟန်းတော်များက “ ကျန်းကျန်းမာမာ မျှမျှတတ ညီညီညွတ်ညွတ် နှင့်
နေခဲ့ကြရပါသည် ၊ ဆွမ်းအတွက် လည်း မပင်ပမ်းပဲ ရှိကြပါသည်။ သို့သော် သာဝတ္ထိသို့ ၀ါဆိုမှီရန် လာကြပါသော်လည်း ၀ါဆိုရက်နီးကပ်လွန်း
သဖြင့် လမ်းခရီးအကြား သာကေတ၌သာ ၀ါဆို ခဲ့ကြရ ပါသည်၊၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်ဆိုရင်ပဲ မိုးထဲ ရေထဲရွှဲ့ထဲဗွက်ထဲ စိုရွှဲသောသင်္ကန်း
များဖြင့်ပင်ပင် ပမ်းပမ်း လာခဲ့ကြရပါသည်ဘုရားဟု” အကြောင်းစုံကို ရှင်တော်မြတ်ဘုရားအား လျှောက်ထားကြလေသည်။ ထိုပါဝေယျကတိုင်းသား
ရဟန်းတော်တို့၏ နှစ်ထပ် သင်္ကန်းကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲ ရွှံ့ထဲ ဗွက်ထဲ၌ မိုးရေများစိုရွှဲကာ ပင်ပမ်းဆင်းရဲကြီးစွာဖြင့် -
လာကြရသည်ကို အကြောင်းပြု၍ “ အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ၀ုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊ ရဟန်းတို့ ၀ါကျွတ်သော ရဟန်းတို့အား
ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏” ဟု အစရှိသည်ဖြင့် ကထိန်ခင်းခြင်း (ကထိန်သင်္ကန်း) ကို ရှင်တော် မြတ်ဘုရား ခွင့်ပြုတော်မူပါသည်။

၁။ ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ လောဘစုံမက်၊
မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။

၂။ ဘုရားသာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာ
သီလ၊ မတည်ကြလျှင်၊ ဘ၀တွက်တာ လူဖြစ်နာ၏။

၃။ သူတော်တရား၊ နာရငြားလည်း၊ လေးစားကြိုး
ကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။

၎။ ဗုဒ္ဓတရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက်
လမ်းလွဲလိုက်က၊ အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။

၅။ လက်ရှိဘ၀၊ မရှုံးရအောင်၊ ဒါနသီလာ၊ ဘာဝနာကို၊ မကွာနေ့ည၊ ကြိုးစားကြလော့…. ။

အရှင်ကိတ္တိဇယ(ညောင်ကန်အေး)
http://www.linkardipa-ashin.co.cc/ မှ ကူးယူဖော်ပြပါသည်။
ဤ post တင်ရန် အရှင်ကိတ္တိဇယ( ဓမ္မာစရိယ ) ညောင်ကန်အေးအား..အွန်လိုင်းမှ တင်ပြတောင်းဆိုရာတွင်
အများသူငါတို့ အတွက်ပဲ ကောင်းပါသည်.ဟူ၍ ပြောခြင်းကြောင့် တင်ပြအပ်ပါသည် ဆိုတာ.
ဤ post ဖြင့် သူငယ်ချင်း.အရှင်ကိတ္တိဇယ(ညောင်ကန်အေး) သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်သော
အရှင်မြတ်ဖြစ်ပါစေ..လို့..

Thursday, October 14, 2010

ကမ္ဘာမှာဂရင်းနစ်စံချိန်တင်ခြင်း

အရပ်အရှည်ဆုံးသော မြင်း..
ရှာအရှည်ဆုံးခွေး
ကမ္ဘာမှာအကြီးဆုံးသောမြွေကြီး.
အရှည်ဆုံးသောဆံပင်ပိုင်ရှင်
အရပ်အရှည်ဆုံးသောလူ..
အကြီးဆုံးသော နှာခေါင်းပိုင်ရှင်
အရှည်ဆုံးသော သခွားသီး
ဤသို့ ကမ္ဘာတွင်စံချိန်တင်၍ ဂရင်းနစ်အဖြစ်သတ်မှတ်ခံခဲ့ကြသည်..။ ။ထူးဆန်းပေစွ...
မေးတခုမှတွေ့ရှိ၍ ပြန်လည်မျှဝေလိုက်ပါကြောင်း.....

Wednesday, October 13, 2010

လူလိုပဲ လမ်းလျှောက်တဲ့ခွေးကလေးပါ..




၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီညိုရောင်ခွေးလေး တစ်ကောင်ဟာ မွေးရာပါ အရှေ့ခြေထောက်နှစ်ခြောင်း မပါရှိခဲ့ပါဘူး။ ထိုခွေးလေးရဲ့ မွေးခြင်းဟာ ထို့ကဲ့သိုပင်အရှေလက်ပါရှိခြင်းမရှိခဲ့ပါဘူး။ ထိုခွေးလေးတစ်ကောင်ကို အသက် ၁၇ နှစ်အရွယ် Reuben Stringfellow အိမ်ကို သယ်ဆောင်လာခဲ့ပါတယ်။ ပရော်ဖက်ဆာ များဖြစ်ကြတဲ့ Reuben နဲ့ သူအမေ Jude ဟာ ထိုခွေးလေးကို သူတို့ရဲ့အိမ်ကို သယ်ယူလာကြပြီး Faith ဆိုတဲ့ နာမည်ပေးခဲ့ပါတယ်။ တဖြေးဖြေးနဲ့ ဒုက္ခိတ ခွေးလေးဟာ သူမှာ ရှိတဲ့ ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်စမ်းခဲ့ပါတယ်။ ၇ နှစ်သားအရွယ်ရောက်တဲ့အချိန်မှာတော့ လူတွေရှုပ်ထွေးတဲ့ စတိုးဆိုင်တွေနဲ့ ကားတွေရှုပ်ထွေးတဲ့ လမ်းတွေကို ကောင်းမွန်ကျွမ်းကျင်စွာဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပါတယ်။
2003 ခုနှစ်မှာတော့ အမေရိကန်နိုင်ငံက ရုပ်သံ တစ်ခုမှာ ဧည်သည်ဖြစ်ခဲ့ပါတယ်။ ထိုခွေးလေးဟာ ဒါဏ်ရာရထားတဲ့ စစ်သားတွေအတွက် အတုယူစရာ ရုပ်ပြ တစ်ခုဖြစ်ခဲ့ရပါတယ်။ နောက်ဆုံး အင်တာနက်ပေါ်မှာအထိ လူတွေကို စိတ်ဓါတ်ခွန်အားကို ရစေတဲ့ ခွေးလေးတစ်ကောင် ဖြစ်လာပါတယ်။ ထိုခွေးလေးကို ချစ်ကြတဲ့ လူတွေဟာ တစ်ရက်ကို အီးမေလ်း ၂ဝဝ လောက်ထိပို့ပြီး ခွေးလေးရဲ့လိုအပ်မှု့တွေကို သူတို့လဲပါဝင်ပြီး ထောက်ပံ့ခြင်ပါတယ်လို့ ဆိုကြပါတယ်။ ကိုယ်ခန္ဓာမရှိရင်နေပါစေ စိတ်ဓါတ်ရှိနေရင်ဖြစ်နိုင်တယ်ဆိုတာကို Faith က သက်သေပြနေပါတယ်။
မေးတခု မှတွေ့လို့ တင်ပြအပ်ပါတယ် ဆိုတာ....